ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ်ကျင်းပမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Photo by – NCA-S EAO/ ယခင်က ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST ထိပ်သီးအစည်းအဝေး မြင်ကွင်း (ဓါတ်ပုံဟောင်း)

မေလ ၁၄ မှ ၁၈ ရက်နေ့အထိ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲဲ့ ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြမည်ဖြစ်ရာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ထံ RCSS နှင့် KNU တို့ ပေးပို့သော စာနှင့်ပတ်သက်ပြီးဆွေးနွေးမည်ဖြစ်ကြောင်း ထို့အတူ PPST ၏ ဖွဲ့စည်းပုံ တို့ကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

PPST ၏ အကြံပေးပုဂ္ဂိုလ် စဝ်ခင်းဆိုင် ကျိုင်ယင် က – “သူတို့ဆွေးနွေးမှာက NCA မှာပါတဲ့ စကားလုံးတွေ စကားစုတွေရဲ့ အဓိပ္ပါယ်တွေကို ပြန်လည်သုံးသပ်မယ်။ ပြည်နယ်နဲ့ ပြည်ထောင်စုကြား ၊ ဗဟိုအစိုးရနဲ့ ပြည်ထောင်စုအစိုးရကြား၊ တပ်မတော်ကြား အဓိပ္ပါယ်နားလည်မှု မတူတာကို တူအောင်လုပ်မယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဆွေးနွေးချက်များကို ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကလည်း KNU မှ ဖဒိုစောတာဒိုမူး က NRPC ထံတင်ပြထားပြီးဖြစ်ကြောင်း၊ NRPC မှလည်းဆွေးနွေးရန်သဘောတူ လက်ခံထားကြောင်း သိရသည်။

“အဲတာကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့က ဒီဆွေးနွေးဖို့ရည်မှန်းထားတဲ့ အချက် ၄ ချက်အတွက်ပြင်ဆင်ထားရမယ်။ ဥပမာ ပြည်ထောင်စုအတွက် ဘယ်လိုဆွေးနွေးမလဲ၊ အသေးစိတ်ရှိရမယ်လေ၊ NCA ထဲမှာ နားလည်မှုလွဲနေတဲ့စကားလုံးတွေကဘာတွေလည်း အသေးစိတ်ဆွေးနွေးရမယ်။ ” – ဟု စဝ်ခင်းဆိုင် ကျိုင်ယင်ကပြောသည်။

ထို့အပြင် PPST ၏ ဖွဲ့စည်းပုံ ကိုလည်း ဆွေးနွေးသွားမည်ဟုသိရသည်။

“အခု PPST ရဲ့အနေအထားက လှေကားထစ်လို။ အဲလိုဖြစ်နေတဲ့အနေအထားကနေ အထစ်တွေမရှိအောင် တပြင်တည်းဖြစ်သွားအောင် တန်းတူညီမျှသွားအောင် သူတို့ ဆွေးနွေးမယ်။ ဘယ်လိုဆွေးနွေးမယ် ဘယ်လို သဘောတူကြမယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ”- ဟုလည်း စဝ်ခင်းဆိုင် ကျိုင်ယင် ကပြောသည်။
၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့က NCA စာချုပ် ပထမအကြိမ်လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ကရင် KNU/ KNLA-PC/ DKBA ၊ သျှမ်း RCSS ၊ ကျောင်းသား တပ်မတော် ABSDF ၊ ရခိုင် ALP ၊ ချင်း CNF ၊ ပအို၀်း PNLO စသည့် ၈ ဖွဲ့ကလက်မှတ်ရေးထိုးထဲ့ကြပြီး ၂၀၁၈ ဖေဖော် ဝါရီလ ၁၃ ရက်တွင်မူ မွန် NMSP နှင့်လားဟူ LDU ကလက်မှတ်ရေးထိုးခဲ့ပြန်ရာ လက်ရှိတွင် NCA လက်မှတ် ရေးထိုးပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...