Wednesday, January 28, 2026

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ်ကျင်းပမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Photo by – NCA-S EAO/ ယခင်က ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST ထိပ်သီးအစည်းအဝေး မြင်ကွင်း (ဓါတ်ပုံဟောင်း)

မေလ ၁၄ မှ ၁၈ ရက်နေ့အထိ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲဲ့ ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြမည်ဖြစ်ရာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ထံ RCSS နှင့် KNU တို့ ပေးပို့သော စာနှင့်ပတ်သက်ပြီးဆွေးနွေးမည်ဖြစ်ကြောင်း ထို့အတူ PPST ၏ ဖွဲ့စည်းပုံ တို့ကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

PPST ၏ အကြံပေးပုဂ္ဂိုလ် စဝ်ခင်းဆိုင် ကျိုင်ယင် က – “သူတို့ဆွေးနွေးမှာက NCA မှာပါတဲ့ စကားလုံးတွေ စကားစုတွေရဲ့ အဓိပ္ပါယ်တွေကို ပြန်လည်သုံးသပ်မယ်။ ပြည်နယ်နဲ့ ပြည်ထောင်စုကြား ၊ ဗဟိုအစိုးရနဲ့ ပြည်ထောင်စုအစိုးရကြား၊ တပ်မတော်ကြား အဓိပ္ပါယ်နားလည်မှု မတူတာကို တူအောင်လုပ်မယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဆွေးနွေးချက်များကို ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကလည်း KNU မှ ဖဒိုစောတာဒိုမူး က NRPC ထံတင်ပြထားပြီးဖြစ်ကြောင်း၊ NRPC မှလည်းဆွေးနွေးရန်သဘောတူ လက်ခံထားကြောင်း သိရသည်။

“အဲတာကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့က ဒီဆွေးနွေးဖို့ရည်မှန်းထားတဲ့ အချက် ၄ ချက်အတွက်ပြင်ဆင်ထားရမယ်။ ဥပမာ ပြည်ထောင်စုအတွက် ဘယ်လိုဆွေးနွေးမလဲ၊ အသေးစိတ်ရှိရမယ်လေ၊ NCA ထဲမှာ နားလည်မှုလွဲနေတဲ့စကားလုံးတွေကဘာတွေလည်း အသေးစိတ်ဆွေးနွေးရမယ်။ ” – ဟု စဝ်ခင်းဆိုင် ကျိုင်ယင်ကပြောသည်။

ထို့အပြင် PPST ၏ ဖွဲ့စည်းပုံ ကိုလည်း ဆွေးနွေးသွားမည်ဟုသိရသည်။

“အခု PPST ရဲ့အနေအထားက လှေကားထစ်လို။ အဲလိုဖြစ်နေတဲ့အနေအထားကနေ အထစ်တွေမရှိအောင် တပြင်တည်းဖြစ်သွားအောင် တန်းတူညီမျှသွားအောင် သူတို့ ဆွေးနွေးမယ်။ ဘယ်လိုဆွေးနွေးမယ် ဘယ်လို သဘောတူကြမယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ”- ဟုလည်း စဝ်ခင်းဆိုင် ကျိုင်ယင် ကပြောသည်။
၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့က NCA စာချုပ် ပထမအကြိမ်လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ကရင် KNU/ KNLA-PC/ DKBA ၊ သျှမ်း RCSS ၊ ကျောင်းသား တပ်မတော် ABSDF ၊ ရခိုင် ALP ၊ ချင်း CNF ၊ ပအို၀်း PNLO စသည့် ၈ ဖွဲ့ကလက်မှတ်ရေးထိုးထဲ့ကြပြီး ၂၀၁၈ ဖေဖော် ဝါရီလ ၁၃ ရက်တွင်မူ မွန် NMSP နှင့်လားဟူ LDU ကလက်မှတ်ရေးထိုးခဲ့ပြန်ရာ လက်ရှိတွင် NCA လက်မှတ် ရေးထိုးပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...