မိုင်းဆတ်-တာချီလိတ်ကြား ဂိတ်တခုမှ ပိုက်ဆံကောက်ခံမှုရုပ်သိမ်းသဖြင့်ကားမားများကျေနပ်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နှင့် တာချီလိတ်ကားလမ်းတွင် နှစ်ရှည်လများထောင်ထားသော ဂိတ်တခုမှ ဂိတ်ဖြတ်သန်းခ ကောက်ခံမှုရုပ်သိမ်းလိုက်ပြီဖြစ်ဖြင့် ကားသမားများ ကျေနပ်နေကြကြောင်း သိရသည်။

ယမန်နှစ်မိုးတွင်းကာလက မိုင်းဆတ် – တာချီလိတ်ကားလမ်း လမ်းပိုင်းတနေရာ

ဖြတ်သန်းသွားလာသော ကားနှင့်ဆိုင်ကယ်များထံမှ နှစ်ရှည်လများ ငွေကြေးကောက်ခံလာသော မိုင်းကန်းရွာရှိ အဆိုပါဂိတ်ကို မေလ ၁ ရက်နေ့မှစပြီး ငွေကြေးကောက်ခံမှုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

မိုင်းဆတ်-တာချီလိတ်ကားသမား စိုင်းလုံက – အမှတ် ၁၇၁ စစ်ဒေသလက်အောက်ခံတပ်ကနေ ပိုက်ဆံကောက်နေတဲ့ဂိတ်ဖြစ်ပါတယ်။ အခုကားသမားတွေဆီက ပိုက်ဆံမကောက်တော့ ကားသမားစိတ်ချမ်းသာတာပေါ့ဗျာ။ ဂိတ်တော့မဖျက်ဘူးဗျ။ ပိုက်ဆံမကောက်တာဘဲ။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယခင်ကဖြတ်သန်းသွားလာသော ကား ၊ ဆိုင်ကယ်၊ ခရီးသည်တင်ကား၊ ကုန်ကားကြီးများမှာ အနည်းဆုံး ဘတ် ၂၀ မှ အများဆုံး ဘတ်ထောင်နှင့်ချီ ပေးရကြောင်း ကားသမားများကပြောသည်။

မိုင်းဆတ်နှင့်တာချီလိတ်ကြား လမ်းခရီးမှာ မိုင် ၆၀ ခန့်ရှည်လျားပြီး တောင်ပိုင်း ၀ တပ်ဖွဲ့၏ အမှတ် ၁၇၁ စစ်ဒေသမှ လှုပ်ရှားနေသောဒေသဖြစ်သည်။ လက်ရှိတွင်မြေသားလမ်းသာဖြစ်နေသေးသဖြင့် လမ်းပြုပြင်ခင်းကျင်းရန်အတွက် အစိုးရမှ တာဝန်ယူဆောင်ရွက်နေကြောင်းသိရသည်။

“အခုတော့ လမ်းပြင်နေတုန်း။ အစိုးရက တာဝန်ယူခင်းကျင်းတာ။ တကယ်လို့ ဒီလမ်းကောင်းသွားရင်တော့ သျှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းကုန်သည်တွေ ဒီလမ်းကဘဲသွားလာတော့မှာ။ နီးတာကိုး နယ်စပ်နဲ့။ အရင်ကတော့ မြေသားလမ်းဆိုတော့ မိုးတွင်းဆိုပြောမနေနဲ့တော့ဗျာ။ ရွှံ့နွံက ခါးလောက်အထိ ထူတာဗျ” – ဟု စိုင်းလုံက ဆက်ပြောသည်။

ယခင်ကတည်းက ရှိနေသော မိုင်းဆတ်- တာချီလိတ်ကြား တောလမ်းအား ဟုန်ပန်းကုမ္မဏီက ၁၉၉၈ ခုနှစ်ကတည်းက လာရောက်ဖောက်ချဲ့ထားပြီး မြေသားလမ်းအတိုင်းပင်ထားရှိရာ ယခုမှပင် ကတ္တရာလမ်းခင်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း၊ ထို့အတွက် အဆိုပါဒေသရှိ ကားဆရာများ ကုန်သည်များ ဒေသခံလူထုများအနေဖြင့် ပျော်ရွှင်ကျေနပ်နေကြခြင်းဖြစ်ကြောင်း လည်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...