Wednesday, January 28, 2026

မြန်မာနိုင်ငံသားများ လောင်းကစားရုံ ဝင်ရောက် ကစားခြင်းမပြုရ ဟု လောင်းကစားဥပဒေသစ်တွင် ရေးသား

မြန်မာနိုင်ငံသားများ မည်သည့် ကာစီနို (လောင်းကစားရုံ) ကို ဝင်ရောက် ကစားခြင်း မပြုရ ဟု မေ ရ ရက် ရက်စွဲ ဖြင့် နိုင်ငံတော် သမ္မတ က လောင်းကစားဥပဒေ သစ်ကို လက်မှတ်ရေးထိုးလိုက်သည်။

ကာစီနို (လောင်းကစားရုံ) နှင့် ပတ်သတ်ပြီး လောင်းကစား ဥပဒေသစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ဖြင့် သတ်မှတ်ချက် များနှင့် အညီ မှတ်ပုံတင်ထားပြီး နိုင်ငံခြားသားများသာ သီးသန့် လောင်းကစားခွင့်သည့် နေရာ အဆောက်အဦး ဟု ရေးသားထားသည်။

မြန်မာနိုင်ငံသား မည်သူမျှ ကာစီနို အတွင်း ဝင်ရောက် လောင်းကစားခြင်း မပြုရ၊ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဟုလည်း ရေးသားဖော်ပြထားသည်။

ထို့ပြင် လောင်းကစားပြုလုပ်နေကြောင်း နှင့် ပတ်သတ်ပြီး သတင်းပေးသူကို ၁၀ ရာခိုင်နှုန်း နှင့် ဖမ်းဆီးရာတွင် ပါဝင်သူများကို ၂၀ ရာခိုင်နှုန်း ဆုငွေချီးမြှင့်မည်ဟုလည်း ဥပဒေ သစ်တွင် ထည့်သွင်းထားသည်။

အများပြည်သူပိုင်သည့်နေရာများတွင် လောင်းကစားလုပ်သည့် မည်သူမဆို မြို့နယ် အုပ်ချုပ်ရေး မှူး၊ ရဲ နှင့် ရပ်ကျေး အုပ်ချုပ်ရေး မှူး တို့ မှ ဝရမ်း မပါဘဲ ဖမ်းဆီးပိုင်ခွင့် ရှိသည့် ဟု သမ္မတ ၏ ဥပဒေ သစ်တွင် တွေ့မြင်ရသည်။

သျှမ်းပြည် အတွင်းတွင် လောင်းကစားရုံများစွာရှိပြီး မည်သည့်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေသည်ကို ဒေသခံများကမသိပေ။

“ ကျနော်တို့မူဆယ်မြို့နယ် မှာ လောင်းကစားရုံပေါင်း ၃၀၀ ကျော်ရှိတယ်။ ဘယ်သူ ခွင့်ပြုချက်နဲ့ ဖွင့်နေလဲမသိဘူး။ ဘယ်သူပိုင်လဲမသိဘူး။ ဖမ်းချင်ရင် လွယ်ပါတယ်။ ဒီတိုင်း လွှတ်ထားတဲ့သဘောဖြစ်နေတယ်” ဟု မူဆယ် ဒေသခံ တဦးက ပြောသည်

လောင်းကစားရုံ ပိုင်ဆိုင်သည့် သူများ၏ နောက်ကွယ်သူ လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသကဲ့သို့ ဌာနေ ပြည်သူ့စစ်၏ ပါဝါများလည်းရှိနေသည် ဟု လည်း မူဆယ် ဒေသခံများက ပြောသည်။

“ ကျနော် အနေနဲ့တော့ လောင်းကစားရုံတွေ သေချာ စိစစ်သင့်ပြီ။ ကျနော်တို့မြို့မှာ မေးစရာတောင်မလိုဘူး။ လောင်းကစားရုံတွေများလို့လေ။ ကလေးတွေ ကစ လောင်းကစားတွေ ဆော့ ပျက်စီးနေကြပြီ” ဟုလည်း မူဆယ်ဒေသခံ စိုင်းခေး က ဆိုသည်။

လက်ရှိ သမ္မတ ၏ လောင်းကစားဥပဒေသစ်ပြုလုပ်သည့် အပေါ် နှင့် ပတ်သတ်ပြီး သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က – “ နိိုင်ငံခြားသားတွေအနေနဲ့ အစိုးရ ဆီကို ခွင့်ပြုချက်တောင်း အခွန်ဆောင်ပြီးရင် တော့ လောင်းကစားရုံဖွင့်လို့ရတယ်။ အရင်က လောင်းကစားရုံတွေက အစိုးရ ဆီ အခွန်မဝင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေဆီပဲ ဝင်တယ်” ဟု ပြောသည်။

ဥပဒေ ပြု အဖွဲ့အနေဖြင့် ဥပဒေကို ပြုပြင်ရေးဆွဲကြပြီး၊ ဥပဒေ မရှိရင် အလုပ်လုပ်ဆောင်ရသည်မှာ ခက်ခဲကြောင်းလည်း စိုင်းဝမ်းလျန်းခမ်း က ထပ်လောင်းပြောသည်။

လက်ရှိ နယ်စပ် ဒေသတလျောက်တွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံ ကို မည်ကဲ့သို့ ဖြေရှင်းသွားမည် ကို နယ်စပ်ဒေသတွင်နေထိုင်သည့် ပြည်သူများက စိတ်ဝင်စား နေကြသည်။

“ လောင်းကစားကြောင့် ကျမတို့ ကလေးတွေ တော်တော် ပျက်စီးနေကြပြီ။ လောင်းကစားရဲ့ နောက်ဆက်တွဲက မူးယစ်ဆေးပဲ။ သမ္မတ ရဲ ့လောင်းကစားဥပဒေသစ်မှာ နိုင်ငံသားတွေ မဆော့ရဘူးလို့ပါတယ်” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီး တဦးက ပြော သည်။

ကွတ်ခိုင်မြို့တွင် ငါးမန်း လောင်းကစားရုံ ပေါများလာသည့်အတွက် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကွတ်ခိုင် အမျိုးသမီးများအဖွဲ့ ကိုယ်တိုင် သွားရောက် ဖျက်ဆီး ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသားများ အနေဖြင့် လောင်းကစားရုံကို ၀င်ကစားပါက အများဆုံး ထောင် ဒဏ်၁ နှစ်မှ အနည်းဆုံး ၆ လ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အပြင် အနည်းဆုံးကျပ် ၅သောင်းမှ အများဆုံးကျပ် တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းလည်း လောင်းကစားဥပဒေသစ်တွင်ရေးသားထားသည်။

ထို့အပြင် တားမြစ်ချက်ကို တစ်ကြိမ်ကျူးလွန်ပြီး ထပ်မံကျူးလွန်ပါက ထိုသူကို အများဆုံး ထောင်ဒဏ်၃ နှစ်မှ အနည်းဆုံး ၁ နှစ် ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ လောင်းကစားရုံများ ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့အတွင်းတွင် လောင်းကစားရုံ လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် တာချီလိတ်မြို့အတွင်း ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လောင်ကစားရုံ လုပ်ငန်းများ ပြန်လည်ဖွင့််လှစ်ပြီး ကာစီနို ၊ ငါးခုံ စသည့် လောင်းကစားအမျိုးမျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြကြောင်း အသက် ၂၅...

နမ့်စန်မြို့ လောင်းကစားရုံ (၄) လကြာထိ ဖွင့်လှစ်ထားနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မဟာဂျာဦးဆောင်သည့် ပြည်သူ့စစ် တပ်ဖွဲ့ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းသည် (၄) လကြာ ဖွင့်လှစ်နေဆဲ ဟု နမ့်စန်ဒေသခံများက သတင်းပေးလာသည်။ ပြီးခဲ့သည့် မေလပိုင်းစတွင် လောင်းကစားဝိုင်းများကို နမ့်စန်မြို့ပြင်ဘက် မိုးနဲမြို့သို့ သွားသည့်လမ်းတွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားရာ ယခုကာလတွင် (၄) လကြာ ဖွင့်လှစ်လာကြောင်း၊...

မူဆယ်မြို့ လောင်းကစားရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စက်မှုဇုံရှိ လောင်းကစားရုံတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံရပ်ကွက်တွင်းရှိ လောင်းကစားရုံတစ်ခုကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဗုံးပစ်ဖောက်သွားခဲ့ကြောင်း သိရသည်။ "အဲ့လောင်းကစားရုံက ငါးဂိမ်းဆိုင်လို့ သိရတယ်။ လူနှစ်ယောက် လာပစ်သွားတယ်လို့...

နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န...

မိုင်းပျဉ်းမြို့ ရှင်လောင်းပွဲ လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်လာ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ရှင်လောင်းပွဲ ပြုလုပ်သည့်ကျောင်းအတွင်း၌ လောင်းကစားဝိုင်းများ ထည့်သွင်း ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။ မိုင်းပျဉ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု “ဗဟို” ကျောင်းတွင် ဧပြီ ၂ ရက်မှစပြီး ၁၁ ရက်အထိ ရှင်လောင်းအပါး (၁၀၀)ဖြင့် ၁၀ ရက်ကြာ ရှင်လောင်းပွဲကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး...