Wednesday, January 28, 2026

တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ထိုင်း မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် တရားမဝင် ခိုးဝင်လာရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၈၈ ဦး နှင့် အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ သည် ဟု သတင်းရရှိသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မေလ ၁၃ ရက် မနက် ၁၀ နာရီခွဲက တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်နှင့် ဝိန်းကျောက် ရပ်ကွက်ရှိ နေရာ ၃ ခုတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ မှ ဝင်ရောက်ရှာဖွေရာ တရားမဝင် ခိုးဝင် ၀င်ရောက်နေထိုင်သည့် တရုတ် နိုင်ငံ သား ၁၈၈ ဦး၊ မြန်မာနို်င်ငံသား ၁၀ ဦး နှင့် အတူ ကွန်ပြူတာ လက်တော့ပ် ၁၆ လုံး၊ လက်ကိုင်ဖုန်း ၅၄၈ လုံး၊ မော်တော်ယာဉ် ၆ စီး၊ မော်တော်ဆိုင်ကယ် ၄ စီး သေနတ် ၃လက်၊ ကျည်ဘောက် ၁၁ ခု ၊ ကျည်ဆန် ၃၂၅ တောင့် အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိကြောင်း သိရသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံခြားသားများသည်အွန်လိုင်း လောင်းကစား ပြုလုပ်သည့် ပစ္စည်းများနှင့် ဆက်စပ်မှု ရှိသည်ဟုလည်း အာဏာပိုင်များနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ ပြောပြချက်အရသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားများ ကို တာချီလိတ်ရဲစခန်းမှ စစ်ဆေးလျက်ရှိသည်ဟု တာချီလိတ်ရဲတဦးကပြောသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

“ ဒီမြို့မှာ လူမျိုးစုံတယ်။ ဘယ်သူက ဘယ်သူဆိုတာ မသိသလို။ တရားဝင် မဝင်ဆိုတာလည်း အရင်က စစ်ဆေးတာမရှိဘူး။ ဒီ လူ တရာကျော် မြန်မာပြည်ထဲ လာနေတာ ဘယ်သူခွင့်ပြုချက်လဲဆိုတာ သေချာ စိစစ်သင့်တယ်” ဟု တာချီလိတ်မြို့ခံ အသက် ၄၀ကျော် အမျိုးသားတဦးက ပြောသည်။

တရုတ်နိုင်ငံသား တရာကျော် မြန်မာပြည်တွင်းသို့ တရားမဝင် နေထိုင်သည့် အပေါ် မည်သည့် အဖွဲ့ မှ ခွင့်ပြုသည်ကို သေချာ စိစစ်သင့် ကြောင်း နှင့် တာချီလိတ်မြို့ပေါ်တွင် ဖွင့်လှစ်သည့် လောင်းကစားရုံကိုလည်း သက်ဆိုင်ရာက အရေးယူသင့်သည် ဟု တာချီလိတ် ဒေသခံများက ဆိုကြသည်။

တာချီလိတ်သည် ထိုင်းနိုင်ငံ နယ်စပ်ဒေသမြို့ ဖြစ်ပြီး မူးယစ်ဆေးဝါး လောင်းကစား ရုံများ အများအပြားရှိပါသည်။ ဒေသအသီးသီးမှ လာရောက်နေထိုင်အလုပ်လုပ်နေသူပိုမိုများပြား နေသကဲ့သို့ သုံးနိုင်ငံထိစပ်ရာရွှေတြိဂံဒေသနှင့်လည်း နီးသဖြင့် မှုခင်း၊ ဒုစရိုက်မကြာခဏဖြစ်ပွါး ခဲ့သည့်နေရာလည်းဖြစ်ကြောင်း တာချီလိတ်မြို့ခံများကပြောဆိုနေကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...

ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို မိုင်းလားနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၇) ဦးကို စစ်ကောင်စီမှ တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၂၄) ရက်တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်စီတို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင်...

ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက...

တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး

0
သျှမ်းပြည် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅) ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၂ ရက်တွင် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံ(ပဵင်းမူင်ႈ) ကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့...

ထိုင်း-မြန်မာနယ်စပ် တလျှောက် လူကုန်ကူးမခံရအောင် သတိပေးဆိုင်းဘုတ်ထောင်

0
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာဘက်သို့ လူကုန်ကူးခံရသည့် တရုတ်မင်းသား ဖြစ်ရပ်ပြီးနောက် ထိုင်းအာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်းဖြင့် လူကုန်ကူးမှုမခံရအောင် သတိပေးဆိုင်းဘုတ်များကို နယ်စပ်မျဉ်းတလျှောက်တွင် စိုက်ထူးကြေညာထားသည်။  ထိုသတိပေးဆိုင်းဘုတ်တွင်လည်း တရုတ်ဘာသာစကား၊ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ရေးသားသတိပေးထားသည်။  ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ​...