တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ထိုင်း မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် တရားမဝင် ခိုးဝင်လာရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၈၈ ဦး နှင့် အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ သည် ဟု သတင်းရရှိသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မေလ ၁၃ ရက် မနက် ၁၀ နာရီခွဲက တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်နှင့် ဝိန်းကျောက် ရပ်ကွက်ရှိ နေရာ ၃ ခုတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ မှ ဝင်ရောက်ရှာဖွေရာ တရားမဝင် ခိုးဝင် ၀င်ရောက်နေထိုင်သည့် တရုတ် နိုင်ငံ သား ၁၈၈ ဦး၊ မြန်မာနို်င်ငံသား ၁၀ ဦး နှင့် အတူ ကွန်ပြူတာ လက်တော့ပ် ၁၆ လုံး၊ လက်ကိုင်ဖုန်း ၅၄၈ လုံး၊ မော်တော်ယာဉ် ၆ စီး၊ မော်တော်ဆိုင်ကယ် ၄ စီး သေနတ် ၃လက်၊ ကျည်ဘောက် ၁၁ ခု ၊ ကျည်ဆန် ၃၂၅ တောင့် အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိကြောင်း သိရသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံခြားသားများသည်အွန်လိုင်း လောင်းကစား ပြုလုပ်သည့် ပစ္စည်းများနှင့် ဆက်စပ်မှု ရှိသည်ဟုလည်း အာဏာပိုင်များနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ ပြောပြချက်အရသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားများ ကို တာချီလိတ်ရဲစခန်းမှ စစ်ဆေးလျက်ရှိသည်ဟု တာချီလိတ်ရဲတဦးကပြောသည်။

Photo by * ဇင်ယော် * တာချီလိတ်- တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ Online Game နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

“ ဒီမြို့မှာ လူမျိုးစုံတယ်။ ဘယ်သူက ဘယ်သူဆိုတာ မသိသလို။ တရားဝင် မဝင်ဆိုတာလည်း အရင်က စစ်ဆေးတာမရှိဘူး။ ဒီ လူ တရာကျော် မြန်မာပြည်ထဲ လာနေတာ ဘယ်သူခွင့်ပြုချက်လဲဆိုတာ သေချာ စိစစ်သင့်တယ်” ဟု တာချီလိတ်မြို့ခံ အသက် ၄၀ကျော် အမျိုးသားတဦးက ပြောသည်။

တရုတ်နိုင်ငံသား တရာကျော် မြန်မာပြည်တွင်းသို့ တရားမဝင် နေထိုင်သည့် အပေါ် မည်သည့် အဖွဲ့ မှ ခွင့်ပြုသည်ကို သေချာ စိစစ်သင့် ကြောင်း နှင့် တာချီလိတ်မြို့ပေါ်တွင် ဖွင့်လှစ်သည့် လောင်းကစားရုံကိုလည်း သက်ဆိုင်ရာက အရေးယူသင့်သည် ဟု တာချီလိတ် ဒေသခံများက ဆိုကြသည်။

တာချီလိတ်သည် ထိုင်းနိုင်ငံ နယ်စပ်ဒေသမြို့ ဖြစ်ပြီး မူးယစ်ဆေးဝါး လောင်းကစား ရုံများ အများအပြားရှိပါသည်။ ဒေသအသီးသီးမှ လာရောက်နေထိုင်အလုပ်လုပ်နေသူပိုမိုများပြား နေသကဲ့သို့ သုံးနိုင်ငံထိစပ်ရာရွှေတြိဂံဒေသနှင့်လည်း နီးသဖြင့် မှုခင်း၊ ဒုစရိုက်မကြာခဏဖြစ်ပွါး ခဲ့သည့်နေရာလည်းဖြစ်ကြောင်း တာချီလိတ်မြို့ခံများကပြောဆိုနေကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

မက်မန်းမြို့နယ်တွင် ကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဟိုပန်မြို့ကို UWSA က ထိန်းချုပ်လိုက်ခြင်းကြောင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၏ ရုံးစိုက်ရာမြို့ကို စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိ မက်မန်းခရိုင်...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၃၀) ထပ်ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၃၃၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက်ပိုင်းတွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား...