Tuesday, January 27, 2026

သမ္မတ၏လွှတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ် နိုင်/ကျဉ်းနှင့် သျှမ်းပြည်မှ ၁၇(၁) သမားများမပါသေး

အကျဉ်းကျခံနေသော အကျဉ်းသား စုစုပေါင်း ၂ သောင်းကျော်ကို ရက်ပေါင်း ၂၀ အတွင်း နိုင်ငံတော်သမ္မတရုံးမှ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သော်လည်း နိုင်ငံရေး အကျဉ်းသား နှင့် သျှမ်းပြည်မှ ၁၇ (၁) ပုဒ်မ တို့ ဖြင့်တရားစွဲဆိုခြင်းခံထားရသည့် အကျဉ်းသားများပါဝင်မှု မရှိကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန် နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန် အတွက် ရည်ရွယ်ပြီး မြန်မာနှစ်သစ် ကူးကာလတွင် နိုင်ငံတော် သမ္မတရုံးက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားတွေလွတ်တယ်မလွတ်ဘူး ဆိုတာက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လည်း သက်ဆိုင်ပါတယ်။ ဘယ်လိုလူမျိုးကိုမှ သူတို့ နိုင်ငံရေးအကျဉ်းသား သတ်မှတ်သလဲပေါ့၊ ဥပမာ ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် ကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး နိုင်ငံတော် ပုန်ကန်မှုနဲ့ နိုု်င်ငံတော် အကြည်ညှိပျက်စေမှုနဲ့ အပြစ်ရှိလို့ သူတို့ထောင်ချတယ်ဆိုပြီး ပြောတာတွေလည်း ရှိတာပေ့ါနော်။ ဒါ သူတို့ဘက်က ခံယူချက် တဖက်မှာကျတော့ အစိုးရကို အတိုက်အခံ ပြုပြီးတော့မှထောင်ကျသွားတယ်။ အပြစ် ရှိတယ် အဲ့လိုမျိုး အပြစ်ပေးခံရလို့ရှိရင် တဖက်မှာတော့ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မှာပဲလေ။ အဲ့ကြောင့်မလို့ အဓိပ္ပာယ်ဖော်ဆောင်မှုမှာ ကွဲပြားခြားနားမှု မရှိလို့ နိုင်ငံရေးအကျဉ်းသားပါမလာဘူးဆိုတဲ့ သဘောမျိုးကို ကျနော်တို့ ယူဆတယ်။ ဒါက တစ်ချက်ပေါ့နော်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ် ကပြောသည်။

တိုင်းရင်းသား ဒေသများတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ပုဒ်မ နဲ့ တရားစွဲခံထားရ သော ပြည်သူလူထုများစွာ ရှိနေကြောင်း သိရသည်။

တိုင်းရင်းသားဒေသတွေမှာ အထူးအားဖြင့် သျှမ်းပြည်နယ်မှာဆိုလို့ရှိရင် ၁၇ (၁) နဲ့ ပတ်သက်ပြီး တော့ မှ ပြည်သူလူထုတွေ တော်တော်များများ ဒုက္ခရောက်နေပါတယ်။ အဲ့ဒါကို ဒီမှာထည့်ပြီးတော့မှ လွတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စာရင်းထဲမှာ ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ပါတယ်။ လုပ်နိုင်တဲ့သူကလဲ လုပ်တယ်။ ဒါမယ့်လက်လှမ်းမမှီတဲ့သူက အဲ့အခွင့်အရေးကို မရပါဘူး အဲ့ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်” ဟု စိုင်းလိတ် ကဆက်ပြောသည်။

RCSS/SSA ၊ SSPP/SSA နောက် စိန်ကျော့ဌာနေ ပြည်သူ့စစ် စသည့် အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ ဒါမှမဟုတ် အဲ့ဒီအဖွဲ့ဝင်တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အရပ် သားပြည်သူတွေကို တဘက်ကနေပြီးတော့မှ တပ်မတော်ဘက်ကနေပြီးတော့မှ ဖမ်းဆီးတယ်။ ခေါ်ဆောင်တယ် ဥပမာ ကျောက်မဲမှာဆိုလို့ရှိရင် လူတစ်ယောက်မှာ ၆ လ လောက် စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံရတယ်။ ပြီးတော့မှ ၁၇ (၁) ပုဒ်မ နဲ့ တရားစွဲတယ်။ ပြစ်ဒဏ်ကျတဲ့ခါမှာကျတော့ စစ်တပ်က ဖမ်းဆီးထားတဲ့ ၆ လကြာ ကာလကို ထည့်မတွက်ဘူး ရဲအချုပ်မှာ ကျရောက်ခံရတဲ့ ရက်ကိုပဲ ထည့်တွက်တယ်။ဒါက အများပြည်သူ သိပ်နစ်နာပါတယ်။ နောက်တစ်ချက် ကျနော်တို့ ပြောချင်တာက မတရားအသင်း အဖြစ် ပယ်ဖျက်ထားပြီးသား ဥပမာ SSPP အဖွဲ့။ ဒီအဖွဲ့ကို နိုင်ငံတော်ကနေပြီးတော့ မတရား အသင်း အဖြစ်ကနေ ပယ်ဖျက်ထားပြီးသား။ ဒါမယ့် သူတို့နဲ့ ပတ်သက်တဲ့ သူတွေ ဖမ်းတဲ့ခါကျတော့ ၁၇ (၁) နဲ့ ပြန်စွဲတယ်။ တရားစွဲဖို့က စွဲပိုင်ခွင့်ရှိသလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူတွေ သိအောင် ရှင်းပြဖို့ လိုအပ်ပါတယ်” SNLD ၏ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ် ကပြောသည်။

မတရား အသင်း ဆက်သွယ်မှု ပုဒ်မ နှင့်ပတ်သက်ပြီး စကားလုံး ကွဲပြားမှု ၊ အငြင်းပွားမှု များဖြစ်နေပြီး နိုင်ငံတော် အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း စိုင်းလိတ် ကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က – ” ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီ း လက်နက်မှု၊ ၁၇(၁) တို့ဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မှ ၂၃ ယောက်အား NRPC မှ စီစစ်ပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း”- ပြောဆိုသည်။

နိုင်ငံတော် သမ္မတရုံးမှ အကျဉ်းကျခံနေသော အကျဉ်းသားများကို ဧပြီ ၁၇ ရက်နေ့တွင် ပထမအကြိမ် အနေဖြင့် အကျဉ်းသား ၉၅၃၅ ဦး ၊ ဒုတိယအကြိမ် ဧပြီ ၂၆ ရက်နေ့တွင် ၆၉၄၆ ဦး နှင့် တတိယအကြိမ် မေလ ရ ရက်နေ့မှာ ၆၅၂၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုတတိယအကြိမ်လွှတ်ငြိမ်းချမ်းသာခွင့်တွင်မူ ရိုက်တာသတင်းထောက် ၂ ဦးမှာတော့ ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ထို့အပြင် မူးယစ်မှုဖြင့် ဖမ်းဆီးထားသော အဆိုတော် ၊ သရုပ်ဆောင် မိုးအောင်ရင်လည်း ပြန်လည်လွှတ်မြောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး သေဆုံးသူ ၆ ထောင်နီးပါး ရှိလာ

0
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ဆက်စပ်ပြီး သေဆုံးသူ (၆) ထောင်နီးပါး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ် စတင်ချိန်မှ...

အကျဉ်းသား ၆၀၀၀ ကျော် သမ္မတမှလွှတ်ငြိမ်းချမ်းသာခွင့်ထပ်ပေး

0
ဧပြီလ ၂၆ ရက် ၂၀၁၉ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်မှ အကျဉ်းသားပေါင်း ၆၉၄၈ ဦး ထပ်မံ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ကြေငြာလိုက်သည်။ နှစ်ဆန်း ၁ ရက်နေ့ကလည်း မြန်မာတနိုင်ငံလုံးမှ အကျဉ်းသားပေါင်း ၉၅၃၅ ဦးကိုလွှတ်ပေးလိုက်သည်။ ယခုလ ဧပြီလ အတွင်းတွင်ပင် နိုင်ငံတော်သမ္မတမှ အကျဉ်းသား စုစုပေါင်း ၁၆၄၈၃ ဦးကို...

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို ဗိုလ်ချုပ်ကြီး ယွက်စစ် ဘယ်လိုမြင်သလဲ (တွေ့ဆုံမေးမြန်းခန်း)

0
ဇူလိုင်လ ၁၅ ရက်နေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းသံတော်ဆင့်သတင်းဌာနက သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပထမအပိုင်းအနေနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့  ၂၁ ရာစုပင်လုံညီလာခံ ဘာကြောင့်မတက်ရောက်တာလဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပေါ် ဘယ်လိုမြင်ပါသလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။ မေး။ ။ ဘာကြောင့် ၂၁ ရာစုပင်လုံညီလာခံ...