Tuesday, January 27, 2026

သျှမ်းမြောက် ပြည်သူ ကန့်ကွက်နေသည့် ကြားမှ ဒုဌဝတီမြစ် ပေါ်တည်ဆောက်သည့် ရေအားလျှပ်စစ် စီမံကိန်း ၃၉ ရာခိုင်နှုန်းပြီးစီးဟု ၀န်ကြီးဆို

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလူထုမှ ကန့်ကွက်သည့်ကြားမှ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်း ၃၉ ရာခိုင်နှုန်း ပြီးစီးကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးမှကွင်းဆင်းစစ်ဆေးပြီးသည့်နောက်ပြောဆိုလိုက်သည်။

Photo by- Ministry of Electricity and Energy,Myanmar – စီမံကိန်း တည်ဆောက်နေမှုများအား ပြည်ထောင်စု ၀န်ကြီး နှင့် အဖွဲ ့ကြည့်ရှု စစ်ဆေးစဉ်

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ဒုဌဝတီ မြစ်(မြစ်ငယ်မြစ်) ပေါ်တွင် တည်ဆောက်သည့် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း သည် လက်ရှိမှာ (၃၈ ဒသမ ၇၃)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီး ၂၀၂၁- ၂၀၂၂ ခုနစ်တွင် စီမံကိန်း ပြီးစီးမည် ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် နှင့် တာဝန်ရှိသူများသည် မေ ၄ ရက်နေ့တွင် အထက်ရဲရွာ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန ၊ အမှတ်(၃) တည်ဆောက်ရေး မှ အကောင် အထည်ဖော်ဆောက်ရွက်ရှိသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း အခြေအနေ ကို သွားရောက် စစ်ဆေး ခဲ့သည်။

တည်ဆောက်မည့်ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်၍ ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ ၂.၇၇ သိန်း ဧကပေ သိုလှောင်နိုင်မည် ဟုလည်း သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၂၈၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား များ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ် ကြောင်း သိရသည်။

ထို့ပြင် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်ရှိရာ ဆက်လက်၍ အနာဂါတ် စီမံချက်များအနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ် အားလည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း (၇၃၅) မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

လားရှိုးမြို့ပေါ်ရပ်ကွက် MNDAA မှ မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယခု နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်အချို့တွင် မီတာခနှင့် အမှိုက်ခွန်များကို ကောက်ခံတော့မည်ဖြစ်ကြောင်း...

ကျိုင်းတောင်းရေအားလျှပ်စစ် ၀န်ထမ်း အိမ်ရာဆောက်ရန် ယာမြေ ဧက ၂၀၀ ကုမ္မဏီသိမ်းယူမည့်ကိစ္စ ဒေသခံ သဘောမတူ

0
 သျှမ်းပြည်တောင်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့နယ်ကျိုင်းတောင်းမြို့နယ်ခွဲတွင် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ဟုဆိုကာ ရွာသားများ၏ ယာမြေ ဧက ၂၀၀ ကျော်  ကို ကုမ္မဏီမှ သိမ်းယူမည့်အပေါ် ဒေသခံများက သဘောမတူနိုင်ကြောင်း ခရိုင်ရုံးထံသို့ ကန့်ကွက်စာပေးပို့ထားသည်ဟုသိရသည်။  ဇူလိုင်လ လယ်ကတည်းက အဆိုပါကန့်ကွက်စာတင်ထားပြီးဖြစ်ကြောင်း ယာမြေပိုင်ရှင် ကွန်လုံအုပ်စု...

ပြည်သူ့ကို အလုပ်အကျွေးပြုတဲ့ လူထုအစိုးရကောင်းဖြစ်ပါစေ

0
သို့ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာရှင့် သျှမ်းသံတောင်ဆင့်သတင်းဌာနမှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိစေဖို့ တင်ပြပေးပါ။ ၂၀၁၉ ဖေဖော်ဝါရီလမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပင်လုံမြို့ လမ်းမတော်ကို နိုင်လွန်ကတ္တရာလမ်းခင်းတဲ့လုပ်ငန်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ လမ်းဘေးဝဲယာရှိ ပြည်သူတွေ ကိုယ်ထကိုယ်ထ မိမိအိမ်ရှေ့မှာ အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ မြောင်းတွေကိုပါ ဖျက်လိုက်ပြီး စက်ကြီးနဲ့ အဲဒီထက်နက်တဲ့ အဲဒီထက်ကျယ်တဲ့မြောင်းကို ထပ်တူးလိုက်ပါတယ်။ လမ်းခင်းတဲ့လုပ်ငန်း...

ရေကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်

0
IFC (International Finance) မှ ဦးဆောင်ကျင်းပသည့် “ မြစ်ငယ်မြစ်ဝှမ်း ဒေသပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးမှုဆိုင်ရာ စုပေါင်းထပ်ဆင့် ထိခိုက်မှု အကဲဖြတ် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေး” ကို ယနေ့ တောင်ကြီးမြို့ တွင်ကျင်းပစဉ် ယင်းအစည်း အဝေးကို ဒေသခံပြည်သူလုထုများ နှင့်...