Thursday, May 2, 2024

အထက်ရဲရွာ

သျှမ်းမြောက် ပြည်သူ ကန့်ကွက်နေသည့် ကြားမှ ဒုဌဝတီမြစ် ပေါ်တည်ဆောက်သည့် ရေအားလျှပ်စစ် စီမံကိန်း ၃၉ ရာခိုင်နှုန်းပြီးစီးဟု ၀န်ကြီးဆို

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလူထုမှ ကန့်ကွက်သည့်ကြားမှ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်း ၃၉ ရာခိုင်နှုန်း ပြီးစီးကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးမှကွင်းဆင်းစစ်ဆေးပြီးသည့်နောက်ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ဒုဌဝတီ မြစ်(မြစ်ငယ်မြစ်) ပေါ်တွင် တည်ဆောက်သည့် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း သည် လက်ရှိမှာ (၃၈...

နမ္မတူမြစ်ပေါ်ရေအားလျှပ်စစ်စီမံကိန်းတွင်ပါ၀င်သည့်ပြင်သစ်ကုမ္မဏီ စီမံကိန်းမှနှုတ်ထွက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းတွင် ပါ၀င်နေသည့် ပြင်သစ်ကုမ္မဏီ က စီမံကိန်းမှနှုတ်ထွက်လိုက်ကြောင်းသိရသည်။ ပြင်သစ်ကုမ္မဏီတခုဖြစ်သော France’s Joint Venture IPGRB ကုမ္မဏီက ဇန်နဝါရီလ ၂၉ ရက်နေ့က စီမံကိန်းမှ နှုတ်ထွက်ကြောင်းကြေငြာလိုက်ပြီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်တော့မည်မဟုတ်ကြောင်း၊ထို့အတွက် မိမိကုမ္မဏီနာမည်အား...

ပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ ဆောက်လုပ်ခြင်း စစ်ရေး ပြသာနာပိုကြီးထွားလာနိုင် ဒေသတွင်းလူထုပြော

စစ်ရေးပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ တည်ဆောက်ခြင်းသည် စစ်ရေး ပြသာနာ ကို ပိုပြီး ဖြစ်ပွားစေကြောင်း ရေကာတာတည်ဆောက်ရေးစီမံကိန်းအတွင်းနေထိုင်သည့် သျှမ်းပြည် လူထု က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာ နှင့် သျှမ်းပြည်...

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်နေမှု ရပ်ဆိုင်းပေးဖို့ သီပေါဒေသခံလူထု သမ္မတထံစာပေးပို့

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် တာ့လုံရွာတွင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်မည့်စီမံကိန်းရပ်ဆိုင်းပေးရန် ဒေသခံလူထုမှပေးပို့သော စာတစောင်ကို သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်စင်မှ သမ္မတကြီး ဦးဝင်းမြင့်ထံ ပေးပို့လိုက်သည်။   သျှမ်းပြည်တောင်သူလယ်သမားများအဖွဲ့အလုပ်အမှုဆောင် စိုင်းထမ်းအိုင်း မှ- “ကျနော်တို့ရွာသူရွာသားများစုပေါင်းစာရေးသားပြီးတော့ သမ္မတကြီးဆီကိုတိုက်ရိုက်ပေးပို့ပါတယ်။အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ရပ်ပေးပါ။ ဒီစီမံကိန်းကြီးဟာလူထုကိုပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောပြတာမရှိခဲ့ဘူး။ တဖက်ကလည်း ဒီကဒေသခံလူထုကလည်း နေရပ်ကနေမစွန့်ခွါချင်ကြဘူး။...

အထက်ရဲရွာဆည်ကိစ္စ လူထုသဘောထားအား လျှပ်စစ်၊စွမ်းအင်ဒုဝန်ကြီး လျစ်လျူရှုနေ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ် နမ္မတူမြစ် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း အတွက် ဆောက်လုပ်နေဆဲ ရေကာတာမှာ ခိုင်ခံ့မှုမရှိသည့် အရိပ်လက္ခဏာမြင်တွေ့ နေရ သော်လည်း အစိုးရ၏လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာန၏ လျစ်လျူရှုမှုပြုနေခြင်းမှ ရပ်တန့်ရန် တာလုံ ဒေသခံများကြေငြာချက် တစောင်ထုတ်ပြန် လိုက်သည်။ စက်တင်ဘာလ ၁၁ ရက်...

Latest news