Tuesday, January 27, 2026

ပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ ဆောက်လုပ်ခြင်း စစ်ရေး ပြသာနာပိုကြီးထွားလာနိုင် ဒေသတွင်းလူထုပြော

စစ်ရေးပဋိပက္ခ နယ်မြေ အတွင်း ရေကာတာ တည်ဆောက်ခြင်းသည် စစ်ရေး ပြသာနာ ကို ပိုပြီး ဖြစ်ပွားစေကြောင်း ရေကာတာတည်ဆောက်ရေးစီမံကိန်းအတွင်းနေထိုင်သည့် သျှမ်းပြည် လူထု က ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာ နှင့် သျှမ်းပြည် တောင်ပိုင်း အထက်ကျိုင်းတောင်း ရေကာ သည် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝန်းကို ထိခိုက်သဖြင့် ရပ်တန့်ရန် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ က ရန်ကုန်မြို့ City Hotel တွင် သျှမ်းလူထု နှင့် သျှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာ နှင့် သျှမ်းပြည် တောင်ပိုင်း အထက်ကျိုင်းတောင်း ရေကာ သည် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝန်းကို ထိခိုက်သဖြင့် ရပ်တန့်ရန် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ က ရန်ကုန်မြို့ City Hotel တွင် သျှမ်းလူထု နှင့် သျှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

လက်ရှိ သျှမ်းပြည် တောင်ပိုင်း သီပေါမြို့ နယ်အတွင်း ရှိ နမ္မတူမြစ်ပေါ် တည်ဆောက်သည့် ရေကာတာသည် စစ်ပဋိပက္ခ နယ်မြေတွင် ဖြစ်ပွားနေသည့် နေရာတခု ဖြစ်ကာ စစ်ရေး ကို ပိုပြင်းထန်စေသဖြင့် ရေကာတာ တည်ဆောက်ရန် ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆိုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

“ ဒီမြစ်တွေက ကျနေ်ာတို့ ဒေသအတွက် အသက်သွေးကြောတွေပါ။ အစိုးရ က ဒီမြစ်တွေကို ရေကာတာ တည်ဆောက်ဖို့ ရောင်းလိုက်ပြီ၊ ဒါတွေဟာ စစ်ရေး ပဋိပက္ခ တွေကို ဖြစ်ပွားစေမှာပါ။ ဒါကြောင့် ရေကာတာ တည်ဆောက်မှု အားလုံးကို ရပ်တန့်ဖို့ တောင်ဆိုပါတယ်” ဟု သျှမ်း သဘာဝ ပတ်ဝန်းကျင် အဖွဲ့ မှ စိုင်းခေးဆိုင် က ဆိုသည်။

ရေကာတာ တည်ဆောက်မှုကြောင့် ကျေးရွာများ ပြောင်းရွှေ့ရမည် ကို ဒေသခံများက မပြောင်းရွှေ့လိုကြောင်း၊ ပြည်နယ်များ၊ ဒေသခံများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းပေးရန် လိုအပ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသန့်ဇင် က ယမန်နေ့ လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တာလုံကျေးရွာ ဒေသခံတဦး ကလည်း “ရေကာတာတွေ တည်ဆောက်ရင် ကျနော်တို့ ရဲ့ ကျေးရွာ ရေမြုပ်မယ်။ ကျနော်တို့ တခြားနေရာ ပြောင်းရွှေ့ဖို့ အဆင်မပြေဘူး။ ကျနော်တို့ရဲ့ စားဝတ်နေရေး က ဒီမြစ်ကို အခြေခံနေရတာပါ။ ရေကာတာ ဆောက်တာ ရပ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်နယ် တောင်ပိုင်း မိုးနဲ့မြို့နယ် အတွင်း ကျိုင်းတောင်းမြို့ရှိ နမ့်တိန်းမြစ်ပေါ် ရေကာတာ စီမံကိန်း များကြောင့် ဒေသခံ ပြည်သူများ ထံမှ စစ်တမ်းကောက် သုတေသန ပြုကြပြီး ရေးထားသည့် အစီရင်ခံစာသစ် “ စစ်တလင်းမြေမှ ခြောက်သွေ့ မြေအဖြစ်သို့” ကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဖြူးခဲ့သည်။

နမ့်တိန်းချောင်းနှင့် နမ္မတူမြစ်သည် သျှမ်း လူမျိုးအတွက် တန်ဖိုးမ ဖြတ်နိုင်သည့် အရာများဖြစ်ကြောင်း၊ အဆိုပါမြစ်ချောင်းများတလျှောက်တွင် သက်တမ်းရှည်ကြာ ရှေးဟောင်းစေတီပုထိုးများလည်း ရှိကြောင်း ရေးသားဖော်ပြထားသည်။

သျှမ်းပြည်နယ်အတွင်း ဆည်ဆောက်လုပ်ခြင်းကို ထောက်ခံ မှုမပြုရန် သျှမ်း လူ့ အသိုင်း အဝိုင်း အဖွဲ့က နိုင်ငံခြားသံရုံးနှင့် ရင်းနှီးမြှုုပ်နှံသူတို့ထံသို့ စာပေးပို့သကဲ့သို့ ယခုအပတ်အတွင်းကပင် နိုင်ငံတော်သမ္မတထံ စာတစောင်ထပ်မံပေးပို့ခဲ့သေး သည်။

နမ္မတူမြစ်နှင့် နမ့်တိန်းမြစ်ပေါ် ဆည်တည်ဆောက်မှုရာတွင် ပါဝင်ပတ်သက်သည့် ရင်းနှီး မြှုပ်နှံ ကုမ္ပဏီများ မှာ ဆွစ်ဇလန်၊ ဂျာမနီ၊ နော်ဝေး၊ ဂျပန်နှင့် တရုတ်တို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...