နမ္မတူမြစ်ပေါ်ရေအားလျှပ်စစ်စီမံကိန်းတွင်ပါ၀င်သည့်ပြင်သစ်ကုမ္မဏီ စီမံကိန်းမှနှုတ်ထွက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းတွင် ပါ၀င်နေသည့် ပြင်သစ်ကုမ္မဏီ က စီမံကိန်းမှနှုတ်ထွက်လိုက်ကြောင်းသိရသည်။

Photo Sipaw Youth/ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

ပြင်သစ်ကုမ္မဏီတခုဖြစ်သော France’s Joint Venture IPGRB ကုမ္မဏီက ဇန်နဝါရီလ ၂၉ ရက်နေ့က စီမံကိန်းမှ နှုတ်ထွက်ကြောင်းကြေငြာလိုက်ပြီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်တော့မည်မဟုတ်ကြောင်း၊ထို့အတွက် မိမိကုမ္မဏီနာမည်အား အမည်ပျက်စာရင်း Dirty List မှ ပယ်ဖျက်ပေးပါရန် Burma Campaign UK အား တောင်းဆိုခဲ့သည့်အကြောင်း အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ကန့်ကွက် ရေး လှုပ်ရှားနေကြသည့် သီပေါမြို့နယ်ဒေသခံများကပြောသည်။

တာ့လုံဒေသခံ နန်းလောဝ်ခမ်းက – “ ပြီးခဲ့တဲ့အပတ်က ကြားမိတဲ့သတင်းအရတော့ ကုမ္မဏီတခုတည်းဘဲရှိပါ သေးတယ် စီမံကိန်းကနေနှုတ်ထွက်ကြောင်းကြေငြာတာက။ ကျမတို့အရမ်းဝမ်းသာပါတယ်။ ကျန်တဲ့ကုမ္မဏီ တွေကိုလည်း အဲလိုဘဲနှုတ်ထွက်စေချင်ပါတယ်။ စီမံကိန်းကြီးကိုရပ်တန့်စေချင်ပါတယ် ”- ဟု သျှမ်းသံတော်ဆင့် အား ပြောသည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကြောင့် တာ့လုံရွာ ၂ ရွာစလုံးအား ရေလွှမ်းမည်ဖြစ်ရာ ဒေသခံလူထု ၆၅၃ ဦး၊ လိမ္မော်ခြံ၊ ရှောက်ချိုသီးခြံ ၆၃၇ ဧက၊ လယ်ယာမြေ ၁၄၀ ဧက အပြင် ယာမြေပေါင်းမြောက်များစွာ ရေဘေးသင့် အခက်ကြုံ ရမည်ဖြစ်သဖြင့် ဒေသခံများမှ အစဉ်မပြတ်ဆန့်ကျင်ကန့်ကွက်လာခဲ့ကြသည်။

၄င်းနှင့်ပတ်သက်ပြီး သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောခွင့်ရ စိုင်းဟော်ရှဲန်က – “ ဟုတ်ပါတယ် သူတို့ နှုတ်ထွက်သွားပါပြီ။ အဲဒီအတွက် ကျနော်တို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီပြင်သစ်ကုမ္မဏီက အစ ကတည်းက ဒီစီမံကိန်းမှာမပါသင့်ပါဘူး။ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး စစ်ရေးအခြေ အနေ ကမတည်ငြိမ်သေးဘူး။ အခွင့်အရေးချိုးဖောက်ခံနေရတာအများကြီးရှိသေးတယ်။ ကျန်တဲ့ကုမ္မဏီတွေလည်း ဒေသခံလူထုရဲ့အခက်အခဲတွေကိုနားလည်ပေးသင့်တယ်။ ပြီးတော့ အခုလိုစီမံကိန်းကိုရပ်ဆိုင်းပေးပါလို့ တောင်းဆိုချင်တယ် ” – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၁၈ စက်တင်ဘာလက အဆိုပါအထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဘတ်ဂျက်တိုးမြှင့်ပေးရန်အတွက် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာတွင် လျှပ်စစ်ရေးရာဒုဝန်ကြီး ဦးထွန်းနိုင်က ကုမ္မဏီများအား စီမံကိန်း အတွက်ဆောက်လုပ်ရေးလုပ်ငန်းတွင် ယုံကြည်မှုရှိရန်လိုအပ်ကြောင်းပြောဆိုရာ ဂျာမနီ၏ Lahmeyer ကုမ္မဏီ၊ ဆွိဇာလန်နိုင်ငံ၏ Stuckey SA ကုမ္မဏီနှင့် ပြင်သစ်နိုင်ငံ France’s Joint Venture IPGRB တို့နာမည်များပါရှိပါသည်။

Burma Campaign UK သည် ဒေသခံလူထုအခွင့်အရေးထိခိုက်စေသော မြန်မာနိုင်ငံအတွင်းဝင်ရောက် ရင်းနှီးမြုပ်နှံသော ကုမ္မဏီတချို့၏အမည်စာရင်းများ  Dirty List ကို ၂၀၁၈ နှစ်နှောင်းပိုင်းက ထုတ်ပြန်လိုက်သည်။ သဘာဝသယံဇာတအားထိခိုက်စေသောဆည် ၊ ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေတူး ဖော်ရေး၊ သတ္တု ၊ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းများတွင် ရင်းနှီးမြုပ်နှံမှုပြုနေသော ကုမ္မဏီများ၏ အမည် စာရင်းများပါ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...