ဝေဝါးနေသည့် ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ သံသရာ

၁၀ ပေ ပတ်လည် အခန်းကျဉ်း တခန်းတွင် လူအယောက် ၁၀ ဦး ခန့်တွင် ချွေးတနှုံးနှုံးဖြင့် အပူဒဏ်ကို အံ့တုပြီး လဲလှောင်းနေကြသည်။

ထို ၁၀ ပေ ပတ်လည် တခန်းတွင် အမျိုးသား တချို့ မေလ ၏ အပူဒဏ်ကြောင့် အကျင်္ ီ  ချွတ်ပြီး လဲနေကြသည်။

 

Photo CM News – ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတန်းလျားအား ထိုင်းရဲများဝင်ရောက်စစ်ဆေးမှုပြုစဉ်

တဖက် အခန်းက အမျိုးသမီး ၈ ဦးခန့် ကတော့ စိတ်ပျက် လက်ပျက် ဖြင့် နဖူးမှ ချွေးကို သုတ်နေတဲ့သူက သုတ်၊ ငေးမောနေသူက ငေးမောပြီး အပူဒဏ်ကြား တိုးကပ်စွာ လဲလျောင်း နေနေရသည်။

ထိုနေရာသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ဖတ် (Mae Fak) ရဲစခန်းရှိ အချုပ်ခန်းတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ သျှမ်း ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။

၄င်း ရွှေ့ပြောင်းအလုပ်သမားများသည် မေ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ၄င်းတို့၏လုပ်ငန်းခွင်သို့ ထိုင်းရဲများ ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သျှမ်း ရွှေ့ပြောင်းအလုပ်သမား များသည် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက် အလုပ်လုပ်ကြသဖြင့် ထိုင်းရဲမှ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

အဆိုပါအချုပ်ခန်းအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား ထဲတွင် အသက်မပြည့်သေးသည့် မိန်းကလေး ငယ်တဦးလည်း ပါသည်ကို တွေ့ရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမား အများစုသည် သျှမ်းပြည် တောင်ပိုင်းမှ လာကြသည် ကိုလည်း သိရသည်။

“ ကျမ က ဒီကို ရောက်တာ ၂ ရက်တည်းရှိသေးတယ်။ မုန့်ညင်းချဉ် လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တာ။ လစာကတော့ လုပ်နိုင်တဲ့ပေါ်မူတည်ပြီး ပေးပါတယ်” ဟုဖမ်းဆီးခံရသည့် အသက် ၁၉ နှစ် အရွယ် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမှ နန်းအောင် က ပြောသည်။

တောင်ကြီးမှ တာချီလိတ် သို့ မြန်မာ ကျပ်ငွေ ၂ သောင်းခွဲဖြင့် လိုင်းကားစီးလာပြီး၊ တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင် ကို တခါသုံးကဒ်ဖြင့် ဖြတ်ခဲ့သည်။

ထို့နောက် မယ်ဆိုင်မှ အသိ တဦး က လာရောက်ခေါ်ဆောင်ကာ ကားခ ဘတ် ၅၀၀၀ (မြန်မာငွေ ၂သိန်း ကျော်) ပေးခဲ့ရပြီးမှ ချင်းမိုင် သို့ပို့ပေးခဲ့ကြောင်း နန်းအောင် က ပြောသည်။

“ ကျမ တို့ ဒေသဘက်မှာ အလုပ်မရှိဘူးလေ။ ရှာစားရခက်လို့ ဒီဘက် လာလုပ်တာ။ ခုတော့ အဖမ်းခံရပြီ။ ဘယ်သူမှ ကျမကို ခေါ်လာတာမဟုတ်ဘူး။ ကျမလာချင်လို့ လာတာ” ဟုလည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ နယ် မှ အီကုတ် က ပြောသည်။

တချို့ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ လာပြီး ထိုင်းအစိုးရ မှ အလုပ်သမား ကဒ်ပြုလုပ်ပေးသည့်အချိန်ကို စောင့်မျှော်ကာ အလုပ်သမားကဒ်နှင့်နေထိုင်ခွင့်ကဒ်ကို ပြုလုပ်မည် ဟုလည်းသိရသည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို သေချာစွာ စစ်ဆေးရခြင်းသည် လူကုန်ကူးမှု ဖြစ်မည်ကို စိုးရိမ်ကြောင်း၊ ထို့ပြင် တခြား အဖွဲ့က အတင်းအဓမ္မ ထိုင်းနိုင်ငံသို့ခေါ်ဆောင်လာမည်ကို ကြောက်ကြောင်း ထို အလုပ်သမားများကို စစ်ဆေးသည့် ထိုင်းရဲတပ်ဖွဲ့များက ပြောသည်။

“ သူတို့ကို ခေါ်လာတဲ့ ပွဲစားတွေ ဘယ်သူဆိုတာ နောက်ယောင်ခံလိုက်ရမယ်။ အသက်မပြည့်တဲ့သူ တယောက်ပါနေတော့ သေချာ စိစစ်ရအုံးမယ်။ လူကုန်ကူးမှု ဟုတ်၊ မဟုတ်ဆိုတာ” ဟု ထိုင်းရဲတပ်ဖွဲ့ မှ အဖွဲ့ဝင် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှု၊ ကုန်စျေးနှုန်း အဆ မတန်မြင့်မားမှုတို့ကြောင့် မြန်မာ ပြည်သူများသည် နီးစပ်ရာ ဒေသသို့ ရွှေ့ပြောင်း ကာ အလုပ်လာလုပ်ကြသည်။

ထို့ပြင် သျှမ်းပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်မှာလည်း တိုင်းတပါးကို သွားရောက် အလုပ်လုပ်ကိုင်ရန် တွန်းအားတခုဖြစ်လာသည်။

တပါးတိုင်းပြည် ဒေသသို့ ရွှေ့ပြောင်း အလုပ်လုပ်သည့် အလုပ်သမား အများစု သည် ပညာအဆင့်အတန်း နိမ့်ကျခြင်း၊ အသိပညာ အားနည်းမှုများကြောင့် နိုင်ငံကူးလက်မှတ်များ ရှိရမည်ကို မသိကြသလို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကိုလည်းနားမလည်သည်ကို တွေ့မြင်ရသည်။

တချို့ အလုပ်သမားများတွင် မြန်မာနိုင်ငံ မှတ်ပုံတင် မရှိကြသလို ထိုင်းနိုင်ငံ အလုပ်သမားကဒ်လည်း မကိုင်ဆောင်ထားကြပေ။

ထို့ကြောင့် အလုပ်သမားကဒ်၊ နိုင်ငံကူးလက်မှတ်မရှိပါက ထိုင်းနိုင်ငံ အနေဖြင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်နိုင်သည်ကိုလည်း သိရှိထားခြင်း မရှိပါ။

“ ကျမ မှာ မှတ်ပုံတင်မရှိဘူး။ အလုပ်သမားကဒ်လည်း မရှိဘူး။ ဘာဆက်ဖြစ်မယ်ဆိုတာ ကျမ မသိဘူး။ လောဆယ်တော့ ပါလာတဲ့ ငွေတော့ ကုန်ပြီ။ အိမ်ပြန်ပို့ပေးစေချင်တယ်” ဟုလည်း အီကုတ်က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခု မေလ အတွင်း အလုပ်သမားကဒ်မရှိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂၆ ယောက်ခန့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင် ဆန်ဆိုင်းမြို့နယ်တွင် မေလ ၄ ရက်က နှင်းသီး(သို့) သမင်မျက်လုံးသီး (လမ်းယိုင်း)ခြံသို့ ထိုင်းရဲများသွားရောက် စစ်ဆေးရာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးသည် အလုပ်လုပ်ခွင့် နေထိုင်ခွင့်လက်မှတ်မရှိကြောင်း ထိုင်းသတင်းဌာန ထုတ်ပြန်ချက် အရ သိရသည်။

ထိုနည်းတူ မေလ ရ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ပုံဖာအုပ်စု တွင်လည်း ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးနေထိုင်သည့် နေအိမ်တွင် ထိုင်းရဲမှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

“ ကျမ အမြင်ကတော့ ရွေးကောက်ပွဲ ပြီးတဲ့နောက် အလုပ်လုပ်တာ။ နောက် သူများတွေ တိုင်ကြားလို့စစ်ဆေးတာ။ သူတို့တကယ်ဝင်စစ်ရင် စည်းကမ်း အရ အဖက်ဖက်ပါရတယ်။ အခုနောက်ပိုင်း က ရဲပဲ ဝင်စစ်တယ်။ ပိုက်ဆံတွေညစ်တာလည်း ရှိတယ်။ ပိုက်ဆံ ညစ်ပြီး ပြန်လွှတ်တာရှိတယ်” ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသည့် MAP ဖောင်ဒေးရှင်းမှာ ပီထောင်းခမ်း က ဆိုသည်။

ယခု လအတွင်း ရွှေ့ပြောင်းအလုပ်သမားများနေထိုင်သည့် နေရာတွင် ထိုင်းရဲစခန်းမှ တပတ်လျှင် ၂ ကြိမ် ဝင်ရောက်စစ်ဆေးရာ အလုပ်သမားကဒ် ၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်လိပ်စာ မှန်ကန်ပါက ပြန်လွှတ်ပေးပြီး လုပ်ငန်းခွင်လိပ်စာနှင့်အလုပ်လုပ်သည့်နေရာ လိပ်စာမတူပါက ဖမ်းဆီးသည်ဟုလည်း ပီထောင်းခမ်း က ဆိုသည်။

“ အခုတလော နေရာတကာ ဖမ်းဆီးမှုတွေ ရှိတယ်။ သတိတော့ ထားရမယ်။ သူ(ထိုင်းနိုင်ငံ ရဲ ) တို့ မှာ အာဏာရှိတယ်။ အရင်က မစစ်တာ။ အခုနောက်ပိုင်း စစ်ချင်လို့ ဝင်စစ်တဲ့ သဘောပါပဲ ” ဟု Human Right and Development Foundation (HRDF ) မှ စိုင်းပိန်း ကပြောသည်။

များသောအားဖြင့် လတ််တလော ဖမ်းဆီးခံရသည့် (မည်သည့် အလုပ်သမားကဒ်၊ နိုင်ငံကူးလက်မှတ်မရှိသည့် ) ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် အလုပ်သမားများဖြစ်ကြောင်းလည်း စိုင်းပိန်း က မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံ ကို လာရောက်ပြီး အလုပ်လုပ်မည်ဆိုပါက ထိုင်းနိုင်ငံ ဥပဒေကို သိရှိဖို့လိုအပ်ကြောင်း နှင့် နိုင်ငံကူးလက်မှတ် နှင့် အလုပ်သမားကဒ်ရှိ မှသာ ဝင်လာကြဖို့ မှာကြားချင်သည် ဟု စိုင်းပိန်းက ပြောသည်။

“ အလုပ်သမားကဒ်တွေ နိုင်ငံကူးလက်မှတ်တွေမရှိရင်တော့ ထိုင်းက ဥပဒေအတိုင်းဖမ်းဆီးမှာပဲ။ ဒါတွေလုပ်ပြီးမှ တရားဝင်လာကြဖို့ပဲ ပြောချင်ပါတယ်” ဟု သူက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံ သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများသည် သန်းချီ ရှိကြောင်းလည်း ရှိရသည်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား ဥပဒေ တွင် အလုပ်သမား ကဒ် အလုပ်လုပ်ခွင့် မရှိသူများဖြစ်ပါက ထိုင်းဘတ်ငွေ ၅ ထောင် မှ ၅သောင်း အထိ ဒဏ်ငွေ သတ်မှတ်ပြီး ၊ အလုပ်သမားကဒ်မရှိသူကို လက်ခံထားသည့် အလုပ်ရှင်များကို လည်း ထိုင်းဘတ်ငွေ တသောင်း မှ တသိန်းထိ ဒဏ်ငွေ ချမှတ်ထားသည်။

ထို့ပြင် အလုပ်သမား မှတ်ပုံတင် ရာတွင် သတ်မှတ်ထားသည့် အလုပ်ရှင် တွင် အလုပ်မလုပ်ဘဲ အလုပ်ရှင် ပြောင်းပါက သက်ဆိုင်ရာ သို့ အကြောင်းကြားရန် လိုအပ်ကြောင်း၊ ကတ်အတွင်းပါ အလုပ်ရှင် အမည်နှင့် လက်ရှိအလုပ်လုပ်နေသည့်အလုပ်ရှင်အမည် မတူညီပါက လည်း ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး မိမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းခံရမည် ဟု လည်း ထိုင်းနိုင်ငံ အစိုးရ ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်လာလုပ်သည့် မြန်မာ အလုပ်သမားများ၏ အနာဂတ်သည် မျှော်လင့်ချက် လျော့ပါးလာနေသည်။

“ ထိုင်းကို လာတာ မျှော်လင့်ချက်နဲ့ပေါ့။ ရရာ အလုပ်လုပ်မယ် ငွေစုုမယ်။ အိမ်ကို ပြန်ပို့မယ်။ အခုတော့ ဘာမှ မမျှော်လင့်ရဲတော့ဘူး” ဟု Mae fak ( မယ်ဖတ်) ရဲစခန်းတွင် ဖမ်းဆီးခံရသည့် အသက် ၁၉ နှစ်အရွယ် နန်းအောင် က ငေးမောရင်း ပြောကြားခဲ့သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် PM 2.5 ကြောင့် တရက်လျှင် အဆုတ်ကင်ဆာလူနာ ၄၈ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိလာ

0
ထိုင်းနိုင်ငံတွင် တစ်ရက်လျှင် အဆုတ်ကင်ဆာလူနာသစ် ၄၈ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိနေပြီး၊ ပြည်သူ သန်းပေါင်းများစွာမှာလည်း အဆိပ်သင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲ ရောဂါဝေဒနာများကို ခံစားနေရကြောင်း ထိုင်းသတင်းဌာန The Nation တွင်ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှု PM 2.5 ပြဿနာသည်...

ထိုင်းနိုင်ငံအတွင်း မီတာခများဈေးတက်မည်

0
ထိုင်းနိုင်ငံ စွမ်းအင်ဆိုင်ရာ ထိန်းညှိကွပ်ကဲရေး‌ ကော်မရှင် (ERC) မှ လာမည့် မေလအတွင်း လျှပ်စစ်မီတာခနှုန်းထားအသစ်များကို ထုတ်ပြန်ကြေညာရန်ပြင်ဆင်နေပြီး လက်ရှိတွင် ပြည်သူလူထု၏ သဘောထားမှတ်ချက်များကို စုဆောင်းနေကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ မတ်လ ၂၅ ရက်မှ ၃၁ ရက်အတွင်း ERC ၏ ဝက်ဘ်ဆိုက်တွင်...

မူးယစ်ဆေးပြား၅ သန်းခန့် ချင်းရိုင်တွင် ဖမ်းမိ၊ သယ်ဆောင်သူများ ထွက်ပြေးနေ

0
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံ (Mae Fha Laung) မြို့နယ် အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများအား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ် ၂၄ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုသည် ချင်းရိုင်ခရိုင်၊ မယ်ဖာ့လောင်...

ထိုင်းနိုင်ငံ မယ်အိုင်းမြို့နယ်တွင် စိတ်ကြွဆေးပြား၂.၅ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ထိုင်းတပ်မတော် ဒေသ ၃ လက်အောက်ခံ တပ်ဖွဲ့များက စိတ်ကြွးဆေးပြား ခန့်မှန်းအားဖြင့် ၂.၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...