Sunday, February 1, 2026

CATEGORY

သတင်း

တာကော်တံတားဖြတ်သန်းခ ကောက်ခံမှု ပြုလုပ်ပါက အရေးယူမည်

သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း ကို ဆက်သွယ်သည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များ အားငွေကြေး ကောက်ခံမှု ပြုလုပ်ပါက အရေးယူသွားမည် ဟု သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြောဆိုလိုက်သည်။ အဆိုပါ ဖေဖော်ဝါရီ...

လားရှိုးမြို့နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွါး

သျှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြိုု့နယ် အတွင်း မြန်မာတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးခဲ့ရာ ယနေ့မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွါးနေသေးကြောင်းသိရသည်။ မြန်မာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည် လားရှိုးမြို့နယ် လားရှိုးအရှေ့ဘက် သံလွင်မြစ်ကမ်းရှိ မိုင်းကျက်ရွာ ပန်ကောင်းမူးကျေးရွာတွင် ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်မနက်ပိုင်း မှ မွန်းတည့်ချိန်အထိ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “ ပြီးခဲ့တဲ့အပတ်ကလည်း တိုက်ပွဲဖြစ်တယ်။...

ထိုင်းနယ်စပ်ရှိ RCSS တပ်စခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုကို လက်နက်ကိုင်တပ် တခုက လက်နက်ကြီးဖြင့် ယနေ့ ညနေပိုင်းက ၄ ကြိမ်ပစ်ခတ်ကြောင်း သတင်းရရှိသည်။ ဖေဖေါ်ဝါရီ ၁၃ ရက် ညနေ ၅ ခွဲကျော်အချိန် ခန့်တွင် သျှမ်းပြည်အရှေ့ပိုင်း...

ကျောက်မဲမြို့နယ်ဘက်တွင် ပစ်ခတ်မှုမရပ်သေး စစ်ဘေးရှောင်ရွာသား ၁၀၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်တိုက်ခိုက် စစ်ရေးတင်းမာမှုများကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး နားပုံ၊ နားပိန်း၊ ကောင်းဟုန်း၊ နားခွန်၊ လွယ်မွန်း၊ နမ့်ပျဉ်၊ ပန်လော့ ၊ခေါက်ဝိုးရွာများမှဒေသခံ  ၄၀၀ ခန့် ကျောင်းယွက်ကျောင်းတိုက်သို့ လည်းကောင်း၊ ၃၀၀ ခန့်မှာ...

DVB ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် အချိန်အပြောင်းအလဲရှိ

ဒီဗီဘီ ရုပ်မြင်သံကြားအစီအစဉ် အပြောင်းအလဲကြောင့် တိုင်းရင်းသားဘာသာရုပ်သံသတင်းနှင့် ဆောင်းပါးအစီအစဉ်(ELTV)လည်း အချိန်ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ဖေဖော်ဝါရီလမှစပြီး ဒီဗီဘီရုပ်မြင်သံကြားတွင် အပတ်စဉ် အလှည့်ကျ တင်ဆက်နေသော တိုင်းရင်းသားဘာသာ ၈ မျိုး ( ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊...

သျှမ်းပြည်နယ် သထုံမူလမင်းကွန်းကမ္မဌာန်းများ၏ ၅၃ ကြိမ်မြောက် သံဃာစုံညီလာခံကြီး ကျိုင်းတုံတွင်ကျင်းပမည်

သျှမ်းပြည်တွင်းရှိ မဟာသတိပဌာန် မူလမင်းကွန်းကမ္မဌာန်းတိုက်မှ သံဃာတော်များစုံညီ ညီလာခံနှင့်တရားပွဲကြီးအား ကျိုင်းတုံမြို့တွင် ယခုလနှောင်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ကျိုင်းတုံမြို့ စွမ်စိုင့်ကမ္မဌာန်းတိုက်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ “ကျိုင်းတုံမြို့ သံဃာ့ညီလာခံကြီးကျင့်ပရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းဝန်း က-  ကျနော်တို့ စီစဉ်ထားမှုက ၈၀...

မင်းမဲ့စရိုက်ဆန်သည့် မူစယ် တွင် သေနတ်ဖောက်မှု သက်ဆိုင်ရာမှ အမြန်ဆုံး တာဝန်ယူ စိစစ်ပေးရန် မူစယ် ဒေသခံများက တောင်းဆို

အများပြည်သူ လည်ပတ် သည့်နေရာ တခုတွင် အရပ်သားဝတ်စုံ ဝတ်ဆင်ထားသည့် လူတစု က သေနတ်ကို မိုးပေါ် ထောင်ဖောက် သည့် ရုပ်သံသည် လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ ထိုဖြစ်စဉ်သည် တရုတ်နယ်စပ် မူစယ်မြို့ ဖြစ်သည့် ရွှေလီမြစ် (နမ့်မောဝ်) နဘေး တွင်...

နမ္မတူမြစ် (မြစ်ငယ်မြစ်)ပေါ် ရေအားလျှပ်စစ်စီမံကိန်းမှ ကျန်ရှိကုမ္မဏီများအားလုံးနှုတ်ထွက်ပေးရန် Action for Shan State River တောင်းဆို

နမ္မတူမြစ်ပေါ်တွင်ဆောက်လုပ်မည့်ရေကာတာစီမံကိန်းအတွက် ပါ၀င်ထားသောပြင်သစ်နိုင်ငံ ကုမ္မဏီတခု နှုတ်ထွက်သွားသည့်အပေါ် ၀မ်းသာကြောင်းနှင့် ရေကာတာစီမံကိန်းတွင်ပါ၀င်နေသေးသော ကုမ္မဏီများအားလုံးလည်း နှုတ်ထွက်ပေးပါရန်တိုက်တွန်းကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်က ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး - မိမိသည်စီမံကိန်းမှ နှုတ်ထွက်ကြောင်း၊ ထို့အတွက် နာမည်ပျက် (Dirty List) စာရင်းမှပယ်ဖျက်ပေးပါရန်...

ထိုင်းတော်ဝင်မိသားစုဝင်တဦးမှ သျှမ်းပြည်သား ၅ ဦးအပါအဝင် စံပြပုဂ္ဂိုလ်များအား ဆုချီးမြှင့်ပေးအပ်

ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ သာသနာတော်ပျံ့ပွါးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများစုပေါင်းကာ သာသနာတော်ပျံ့ပွါးရေးအတွက်ဆောင်ရွက်နေသည့် သံဃာတော်များလူပုဂ္ဂိုလ်များအား Moral Award ဆုချီးမြှင့်ရာတွင် သျှမ်းပြည်သား ၅ ဦးလည်း ပါဝင်ကြောင်းလည်းသိရသည်။ ဆုပေးပွဲအခမ်းအနားအား ထိုင်းနိုင်ငံ နခွန်းပထုမ်းခရိုင် နခွန်းပထုမ်းမြို့နယ် ဗုဒ္ဓမွန်းထွန်း ခန်းမတွင် ကျင်းပရာ နတ်ရွာစံသွားသည့် ထိုင်းဘုရင်ကြီး၏ ဝမ်းကွဲညီမ   ကိုယ်တိုင်ဆုချီးမြှင့်ခဲ့ကြောင်း...

၇၂ နှစ်မြောက်ပြည်ထောင်စုနေ့ ညစာစားပွဲသို့ RCSS/SSA ကိုယ်စားလှယ် တက်ရောက်မည်

နေပြည်တော်တွင်ကျင်းပမည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ RCSS/SSA မှ ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်း က - " အစိုးရကနေ အပစ်ရပ် EAO  ၁၀ ဖွဲ့ ကို ဖိတ်လာတယ်။ အရင်နှစ်တွေအတိုင်းဘဲ။ တဖွဲ့ချင်းစီဆီကိုဖိတ်တာပါ။ PPST ကိုမဟုတ်ပါဘူး။...

Latest news