Tuesday, January 27, 2026

သီပေါမြို့ နယ် လယ်သမား ၂ ဦး လယ်ရေလုရင်း ရိုက်နှိက်မှု ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပန်ဆင်မ် ကျေးရွာနေ လယ်သမား ၂ ဦးသည် လယ်ယာရေသွင်းရန် ရေလုကြရာမှ အချင်းများပြီး ရိုက်နှိက်သည့် အဆင့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Photo SSPP info – လယ်သွင်းဖို့ရေလုကြရင်း အရိုက်ခံရလို့ ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိသည့် လုံးအောင်ပီး

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီ တွင် လယ်ချင်းကပ်လျက်ရှိသော အသက် ၆၀ ကျော် လုံးအောင်ပီးနှင့် အသက် ၄၈ နှစ် အရွယ် လုံးကျော် တို့သည် လယ်ယာစိုက်ပျိုးရေးအတွက်လယ်ရေသွင်းရာ၌ အချင်းများကြရာ  ရိုက်နှိက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရိုက်နှက်မှုကြောင့် လုံးအောင်ပီးမှာ ဦးခေါင်းပေါက်ကွဲဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာဆေးပေးခန်း၌ဆေးကုသမှုခံယူနေကြောင်း လည်း ပန်ဆင်မ် ကျေးရွာ ဒေသခံ က ပြောသည်။

“ မနေ့က သူတို့ လယ်ရေသွားသွင်းကြရာမှာ ရန်ဖြစ်တာ။ လယ်ရေက မိုးကျမှ သွင်းဖို့ရှိတာလေ။ သူလည်းသူ့လယ်သွင်းချင်ကိုယ်လည်းကိုယ့်လယ်သွင်းချင်ဆိုတော့ ရေလုကြရင်း လုံးအောင်ပီးကု လုံးကျော်က ဝါးရင်းတုတ်နဲ့ ရိုက်တာ။ လုံးအောင်ပီး ဦးခေါင်း ဒဏ်ရာရသွားတယ်” ဟု ဒေသခံ စိုင်းလှ က ပြောသည်။

လယ်သမား ၂ ဦး ပြသနာဖြစ်ပွားသည့် သီပေါမြို့နယ် ပန်ဆင်မ်ကျေးရွာသည် သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်ရာနေရာဖြစ်သည်။လက်ရှိတွင်ရိုက်နှက်မှုကျူးလွန်သူကို  SSPP/SSA မှ ခေါ်ယူစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

0
ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...