Wednesday, January 28, 2026

NRPC နှင့် RCSS တို့ ချင်းမိုင်တွင် အလွတ်သဘောတွေ့ဆုံ

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ ယနေ့ မနက်ပိုင်း တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Sai Laeng Facebook- အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀နာရီ တွင် NRPC နှင့် RCSS /SSA တို့ ချင်းမိုင်တွင် အလွတ်သဘောတွေ့ဆုံ

ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီ တွင် NRPC နှင့် RCSS /SSA တို့ အလွတ်သဘောတွေ့ဆုံရာတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ အစည်းအဝေး JICM ကျင်းပနိုင်ရေး ကိစ္စနှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပရေး ကိစ္စ တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် RCSS/SSA ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးခွန်စိုင်း က“ အဓိက ငြိမ်းချမ်းရေး ကိစ္စ ဘဲပေါ့။ NRPC က RCSS နဲ့ အပြင် NCA လက်မှတ် မထိုးရသေးတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့လည်း တွေ့ဆုံတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to Sai Laeng Facebook- အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀နာရီ တွင် NRPC နှင့် RCSS /SSA တို့ ချင်းမိုင်တွင် အလွတ်သဘောတွေ့ဆုံ

အလွတ်တွေ့ဆုံပွဲတွင် NRPC အဖွဲ့မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်ပြီး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး နှင် ဦးကျော်လင်းဦး တို့တက်ရောက်ခဲ့ကြသည်။

RCSS/SSA အဖွဲ့မှ ဗိုလ်ချုပ်ပေါင်ခေး၊ ဗိုလ်ချုပ်ကြီး စိုင်းငင်း၊ဒေါက်တာ စိုင်းဦး၊ စိုင်းလျန်း၊ ဗိုလ်မှူး စင်းဆိုင်မိုင် တို့ ဖြစ်သည်။

NRPC အနေဖြင့် NCA လက်မှတ်မရေးထိုးသေးသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် လည်းတွေ့ဆုံရန် အစီစဉ်ရှိသည် ဟု သိရသည်။

သြဂုတ် လ ၂၀ရက်နေ့တွင်လည်း NRPC နှင့် RCSS/SSA တို့သည် ထိုင်းနိုင်ငံ ချင်းမိုင် တွင် အလွတ်သဘော တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည်...