Monday, February 2, 2026

CATEGORY

သတင်း

ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။ မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁...

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင်ဖွင့်လှစ်သော ကံစမ်းမဲများအားလုံး ကံထူးရှင်များက လက်ခံရရှိသွားသည်ဟုသိရသည်။ SWAN ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကံစမ်းမဲများကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ SWAN မှပေးသော...

အတွေးများစွာပေါက်ဖွားနိုင်စွမ်းလှတဲ့ လွယ်ဖီမျဲန်း

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် - စိုင်းမျိုး မိန်းနိုင်း (phimenologist)) မိုးနဲမြို့နယ်တလျှောက်မှာရှိတဲ့ရှေးဟောင်းဗိသုကာအနုပညာတွေအပါအဝင် တွေးခေါ်စဉ်းစားအဖြေထုတ်နိုင်စွမ်းငှာမတတ်နိုင်တဲ့ ထူးဆန်းအံ့ဖွယ်တွေလည်းရှိနေပါတယ် ။ ကျွန်တော်တို့စွန့်လွတ်စွန့်စားရှာဖွေစူးစမ်းလေ့လာတဲ့အဖွဲ့က ခက်ခဲကြမ်းတမ်းတဲ့ မိုးနဲ ထမ်ဖီမျဲန်းခရီးကိုတော့ အောင်မြင်စွာဖြတ်သန်းခဲ့ကြပြီးပြီ။ ထမ်ဖီမျဲန်းခရီးစဉ်အကြောင်းကို ကျွန်တော်ရဲ့ပိုစ့်ချစ်သူတွေ သိမြင်ခံစားနိုင်ဖို့လည်း ပိုစ့်ရေးသားခဲ့ပြီးပါပြီ ။ ဒီတခါတော့ ထမ်ဖီမျဲန်း (ကြတ်ဂူ) အကြောင်းမဟုတ်ဘဲနဲ့ လွယ်ဖီမျဲန်း...

TYN လူငယ်များအဖွဲ့ ၁၀ ကြိမ်မြောက် တောင်တက်လှုပ်ရှားမှုတွင် စာပေဟောပြောပွဲ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

သျှမ်းလူငယ်ကွန်ရက် TYN က သျှမ်းပြည်သဘာဝပတ်ဝန်းကျင်းကို လေ့လာဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ကင်းဝေးဖို့ ပင်လောင်းမြို့က လွယ်မောင်းတောင်ကို စုပေါင်းတက်ခဲ့ကြပါတယ်။ သျှမ်းပြည်တွင်း အနယ်နယ်ကလာတဲ့ သျှမ်းလူငယ် ၃၀၀ ကျော်ဟာ မတ်လ ၂၉ ရက်နေ့မှာ ပင်လောင်းမြို့ ဖောင် တော်ဦးဘုန်းကြီးကျောင်းကို ရောက်ရှိခဲ့ကြပြီး မတ်လ ၃၀...

တာချီလိတ်မြို့တွင်းရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရတန်ဖိုးကျပ်သိန်းပေါင်းထောင်ချီဆုံးရှုံး 

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့မနက်အစောပိုင်းက ရွှေဆိုင်တဆိုင်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက်ဓါးပြတိုက်မှုဖြစ်ပွါးရာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ဆုံးရှုံးမှုရှိကြောင်းသိရသည်။ မတ်လ ၂၉ ရက် မနက် ရ နာရီအချိန်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်အား အမည်မသိလူ ၆...

သီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ၁၅၀ ကျော်ကျန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင်များအနက် စစ်ရေးတင်းမာမှုကြောင့်နေရပ်မပြန်နိုင်သေးသူ ၁၅၇ ဦးကျန်နေသေးကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့မနက် ၁၀ နာရီခန့်က သီပေါမြို့နယ် လုံးလှဖွန်းဂိုဒေါင်တွင် ခိုလှုံနေသော လွယ်မောက်ရွာသား ၄၂ ဦးနှင့် နမ့်ဟူးနွဲ့ကျောင်းတိုက်တွင်ခိုလှုံနေသော နမ္မတူမြို့နယ် ပန်လုံအုပ်စုမှ ရွာသား ၅၁...

မြောက်ပိုင်းတပ်များအား အစိုးရတပ် လေယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ရေးဆက်လက်တင်းမာနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တောင်ဘက် လွယ်ဟန်းရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် ဆက်တိုက် တိုက်ခိုက်ကြောင်းသိရသည်။ ၂၀၁၉ မတ်လ ၂၆ -၂၈ ရက် နေ့အထိ အစိုးရတပ်မတော်မှ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရဟတ်ယာဉ်ဖြင့်လည်း ဝေဟင်မှ အကြိမ်ကြိမ်ပစ်ကူကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာသို့...

နမ္မတူမြို့နယ်က ကျေးလက်နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် မီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မိုင်းမုရွာမှာ အစိုးရတပ်နဲ့တပ်ပေါင်းစုတွေကြားတိုက်ပွဲကြောင့် နေအိမ် ၂ လုံးလက်နက်ကြီးကျည်ထိမိ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့လည်ပိုင်းက တပ်ပေါင်းစုခေါ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့်နေအိမ် အပေါ် လက်နက်ကြီးကျည်ကျရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဦးလုံးဆန်ပေါ်ရဲ့နေအိမ်နဲ့ စိုင်းနော်မိန်း - နန်းမွမ်းခမ်းရဲ့နေအိမ်တွေဖြစ်ပြီး လူသူထိခိုက် ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါတယ်။ “ပစ္စည်းတွေဘာတွေတော့ ဘာမှမရလိုက်ဘူး။ စပါးတွေရော၊...

တနှစ် မှ တရက် ကျင်းပတဲ့ ကျိုင်းတုံ စော်ဘွားစျေးနေ့

စျေးဝယ်တဲ့သူတွေ၊ စော်ဘွားရဲ့ သင်္ချိုင်းဂူကို လာရောက် ဂါရဝ ပြုတဲ့သူတွေကတော့ နံနက်အစောပိုင်းစပြီး ပါလျှံမြို့ တံခါးနားမှာ စည်ကားနေပါတယ်။ “ တနှစ် မှ တရက် သာ” ကျင်းပတဲ့ စော်ဘွားစျေးနေ့ ဟာ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ သျှမ်းလူမျိုးတွေ အတွက် အထွဋ်အမြတ်ထားတဲ့ စျေးနေ့တရက်လည်း ဖြစ်ပါတယ်။ နှစ်တနှစ်ရဲ့...

ဂုတ်တွင်းရှောင်လမ်း စီမံကိန်း အတွက် ၉၅ ရာခိုင်နှုန်း ကျော် အစိုးရမှလျော်ကြေးပေးပြီး ဟုဆို

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင်တွင် မြို့ရှောင်လမ်း နှင့် အသစ်တည်ဆောက်မည့် ဂုတ်ထိပ် တံတား သစ်အတွက် နစ်နာဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများအတွက် လျော်ကြေး ၉၅ ရာခိုင်နှုန်း ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။ “ မနေ့က အစည်းအဝေးလုပ်တယ်။ နောင်ချိုက ၉ ယောက် လက်မှတ်ထိုးတယ်။ ကျောက်မဲ က...

Latest news