၂၁၁၄ ခုသျှမ်းနှစ်သစ်ကူးပွဲတော် ကို ဧည့်သည်တော် ၁ သောင်းခန့်တက်ရောက်မည်

သျှမ်းသက္ကရာဇ် ၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို  အဝါရောင် သျှမ်းဝတ်စုံများ ဝတ်ဆင်ကာ ရပ်နီးရပ်ဝေးမှဧည့်သည်တော်များ တက်ရောက်ကြသည်။

တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် နို၀င်ဘာလ ၂၁ ရက် ၂၀၁၉ ကပြုလုပ်သော ၂၁၁၄ ခု သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ

၂၁၁၄ ခုနှစ်ရောက်တော့မည်ဖြစ်သော သျှမ်းသက္ကရာဇ်သစ်ကို စုပေါင်းကြိုဆိုသည့်ပွဲတော် ၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ ရက်ထိ တောင်ကြီးမြို့ တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။  နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ဝန်းကျင်က ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားအား တောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီ ဦးစိုင်းထွန်းမြ နှင့် သျှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တို့မှ   ဖွင့်လှစ်ပေးခဲ့သည်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ဝန်းကျင်က ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားအား တောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီ ဦးစိုင်းထွန်းမြ နှင့် သျှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တို့မှ   ဖွင့်လှစ်ပေး

သျှမ်းနှစ်သစ်ကူး ပွဲတော်ကြီး ကို ၂ နှစ်တကြိမ် သျှမ်းအရှေ့ ကျိုင်းတုံ၊ သျှမ်းမြောက် လားရှိုး နှင့် သျှမ်းတောင် တောင်ကြီးတို့တွင် အလှည့်ကျ ကျင်းပသည်။

ထိုသို့အလှည့်ကျ စုပေါင်းကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော် ကြီးကို သျှမ်းအရှေ့ ကျိုင်းတုံမြို့က တာဝန်ယူထားကာ လာမည့် ၂၀၂၀ မှသာကျင်းပရမည်ဖြစ်သော်လည်း ၂၀၂၀ တွင် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကြီးနှင့် တိုက်ဆိုင်မည်ဖြစ်သဖြင့် ယခုနှစ်တွင် စုပေါင်းပွဲတော်ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် ပွဲတော်ကျင်းပရန် အလှည့်ကျတာဝန်ယူထားသည့် ကျိုင်းတုံမြို့အနေဖြင့် လက်ရှိတွင် ပွဲကျင်းပရန် အဆင်သင့်မဖြစ်ခြင်းကြောင့် သျှမ်းတောင် တောင်ကြီးမြို့တွင်သာ ကျင်းပလိုက်ရခြင်းဖြစ်သည်။

တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် နို၀င်ဘာလ ၂၁ ရက် ၂၀၁၉ ကပြုလုပ်သော ၂၁၁၄ ခု သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ

“ တကယ်ဆိုရင် ဒီနှစ် ကျင်းပဖို့ ကျနော်တို့ မစီစဉ်ထားဘူး။ အလှည့်ကျတဲ့ သျှမ်းရှေ့ကလည်း အဆင်သင့်မဖြစ်လို့ သျှမ်းတောင်က ကျင်းပဖို့ လက်ခံလိုက်ရတာပါ။ တဖက်ကလည်း နောက်နှစ် မှာ နိုင်ငံတော် က အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် နိုဝင်ဘာလထဲမှာ ဘယ်လိုမှ မအားလပ်နိုင်ကြတော့ဘူးလေ။ ” သျှမ်းနှစ်သစ်ကူး ပွဲဖြစ်မြောက်ရေး ကော်မတီ မှ ဦးစိုင်းထွန်းမြ က ပြောသည်။

သျှမ်းနှစ်သစ်ကူးပွဲတော် ကို သျှမ်းပြည်နယ် အတွင်း နေထိုင်သည့် သျှမ်းလူမျိုးများ သာမက မြန်မာနိုင်ငံအနှံ့ နေထိုင်သည့် သျှမ်းလူမျိုးစုများ၊ ကမ္ဘာတဝန်း အထူးသဖြင့် တရုတ်၊ ထိုင်း နှင့် လာအို တွင် နေထိုင်သည့် သျှမ်းလူမျိုးစုများ ပါ ဆင်နွှဲခဲ့ကြသည်။

၂၁၁၄ ခုသျှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားတက်ရောက်သည့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်အစိုးရအဖွဲ့

“ သျှမ်းပြည်နယ်မှာ ရှိတဲ့ သျှမ်းတွေ တိုင်းရင်းသားတွေ အပြင် မြန်မာပြည်မှာ ရှိတဲ့ သျှမ်းတိုင်းရင်းသားအားလုံးကို ဖိတ်ကြားတယ်။ တရုတ်ပြည် ၁၂ ပန်းနား၊ အိန္ဒိယနိုင်ငံ အာသံ ၊ ယိုးဒယား နဲ့ လာအို က သျှမ်းလည်း ဖိတ်ကြားထားပြီး ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကိုလည်း ဖလှယ်ဖို့ ဖျော်ဖြေဖို့ အားလုံးကို လုပ်ထားပါတယ်” ဟု ဦးစိုင်းထွန်းမြ က ပြောသည်။

ပွဲတော်တက်ရောက်မည့် ဧည့်သည်တော်မှာ ခန့်မှန်းခြေ ၁ သောင်းကျော် ရှိမည်ဖြစ်ကြောင်း၊ အဝေးမှ လာသည့် ဧည့်သည်များကို ဘုန်းကြီးကျောင်းများ နှင့် သက်ဆိုင်ရာအမျိုးများနေအိမ် တွင် တည်းခိုရန် စီစဉ်ထားကြကြောင်း လည်း ပွဲဖြစ်မြောက်ရေး ကော်မတီ က ပြောသည်။

သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည့် ရ ရက် အတွင်း သျှမ်းရိုးရာ ယဉ်ကျေးမှု အက၊ စာပေပြိုင်ပွဲ၊ စာတမ်းဖတ်ပွဲများနှင့် ရိုးရာ အားကစားများနှင့် တေးသီချင်းသီဆို ဖျော်ဖြေမှုများ ရှိမည်ဖြစ်ကြောင်းသိရသည်။

ရိုးရာ ယဉ်ကျေးမှု အက ကို သျှမ်းပြည်နယ် အတွင်းနေထိုင်သည့် ပအိုဝ်း၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ လီဆူ၊ ကိုးကန့် နှင့် သျှမ်း တို့ လာရောက်ဖျော်ဖြေမည်။

သျှမ်းနှစ်သစ်ကူး ၏ အနှစ်သာရ သည် ကောက်သစ်များဖြင့်သံဃာတော် အရှင်သူမြတ်များထံ ဆွမ်းကပ်လှူဒါန်းခြင်း၊ လူကြီးမိဘများအား ဦးချကန်တော့ခြင်း နှင့်ပျော်ပွဲရွှင်ပွဲများ၊ အဆိုအကများ ဖြင့် ကြိုဆိုခြင်းတို့ဖြစ်ကြသည်။

နိုဝင်ဘာလ ၂၆ ရက်မနက် ၈ နာရီ တွင် မြို့လုံးကျွတ်ပဒေသာပင် လှည့်လည်သွားမည်ဖြစ်သည်ဟု သိရသည်။

သျှမ်းပြည်နယ် အတွင်း တဖက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ဘေးရှောင်များ ရှိနေသဖြင့် သျှမ်းနှစ်သစ်ကူး ပွဲတော်ကို ရ ရက်တိုင် ပြုလုပ်သည့် အပေါ် လူမှု ကွန်ရက် စာမျက်နှာ တွင် ဝေဖန်မှုများလည်း ရှိနေသည်။

သျှမ်းမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စားနပ်ရိက္ခာ၊ ပညာရေး အဖက်ဖက် ချို့ တဲ့နေချိန် သျှမ်းတောင်ပိုင်းတွင် ပျော်ပွဲ ရွှင်ပွဲများဖြစ်သည့် အပေါ် အားမရကြောင်းလည်း ရေးသားထားသည်ကို တွေ့ရသည်။

၂၀၁၈ တွင် သျှမ်းမြောက် နမ္မတူ မြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကောက်မရိတ်သိမ်းကြရသဖြင့် ကောက်သစ် မစားနိုင်ဘဲ သျှမ်းနှစ်သစ်ကူးပွဲတော်ကိုလည်း မကြိုလိုက်ရသည့် ကျေးရွာများလည်းရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...