Wednesday, January 28, 2026

လဲချားမြို့နယ် ကျောက်မီးသွေး တူးဖော်မှုကြောင့် စိုက်ပျိုးရေ ခက်ခဲနေ

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းကြောင့် ဒေသခံများ စိုက်ပျိုးရေးအတွက်အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။


Photo by ဒေသခံတဦး၊ လဲချားမြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေးနေရာ

လွိုင်ဂျယ်နဂါး ကုမ္ပဏီက လဲချားမြို့နယ် နမ့်လင်းကျေးရွာ တွင်  ကျောက်မီးသွေး တူးဖော်နေသည်မှာ ၂၀၁၆ ခုနှစ်ကတည်းကဖြစ်ပြီး  တူးဖော်ခွင့်ကို  ၂၀၂၆ ခုနှစ်အထိ ၁၀နှစ် သက်တမ်းပေးထားကြောင်းသိရသည်။

ထိုသို့  ကျောက်မီးသွေး တူးဖော်နေမှုကြောင့်ဒေသခံများ၏ စိုက်ပျိုးရေး အတွက် ရေများခမ်းခြောက်ခြင်း၊ လယ်ယာမြေများ ထိခိုက်ခြင်းတို့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း အသက် ၅၀ ဒေသခံ လုံးဝိလ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဓိကတော့ ကျောက်မီးသွေးရဲ့ စွန့်ပစ်မြေစာတွေကို ရေမြောင်းတွေ မှာ လာလာပြီးပုံတယ်။ ဆိုတော့ရေတွေဟာ ရေဆိုးရေညစ်တွေဖြစ်သွားပြီးတော့ ခမ်းခြောက်ခက်ခဲလာတော့ လယ်ယာ စိုက်ပျိုးရေး ကို ထိခိုက်လာတယ်” ဟု လုံးဝိလ က ဆိုသည်။


Photo by ဒေသခံတဦး၊ လဲချားမြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေးနေရာ

ကျောက်မီးသွေး တူးဖော်မှုများကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း၊ အဓိက အားဖြင့် မျက်စိနာခြင်း၊ ချောင်းဆိုခြင်း မကြာခဏဖြစ်ပွါးနေကြောင်း လုံးဝိလ  က ပြောသည်။

“ ကျနော်တို့ဒေသမှာ ကျောက်မီးသွေးလာတူးပြီးနောက်ပိုင်းတခုပြီး တခုဖြစ်လာတယ်။ စိုက်ပျိုးရေး အတွက် ရေခက်ခဲတာ ကျန်းမာရေး တွေထိခိုက်တာတွေဖြစ်လို့ ဆက်မတူးဖို့ ကျနော် တို့ ကန့်ကွက်စာတင်ထားပါတယ်” ဟုလည်း လုံးဝိလ က ထပ်လောင်းပြောသည်။

ကျောက်မီးသွေး စတင်တူးဖော်ချိန်မှ စပြီး ကုမ္ပဏီ နှင့် သက်ဆိုင်ရာ ဌာနများသည် ဒေသခံပြည်သူများကိုလာရောက် တွေ့ဆုံကာ ဆိုးကျိုး၊ ကောင်းကျိုး ပြောပြခြင်းမရှိခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

 


Photo by ဒေသခံတဦး၊ လဲချားမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်ကာ စွန့်ပစ်မြေစာပုံ

“ စတူးကတည်းက ကျောက်မီးသွေး ကိစ္စ ဘာမှ မပြောဘဲတူးကြတယ်။ အခုတော့ ဒေသခံတွေပဲ ဆိုးကျိုးခံနေရတယ်။ ကုမ္ပဏီတွေကို ဆက်မလုပ်ဖို့ ပြောချင်ပါတယ်” ဟု လဲချား ဒေသခံ အမျိုးသား စိုင်းစိုင်း က ပြောသည်။

အဆိုပါ ကျောက်မီးသွေး တူးဖော်သည့် ကိစ္စနှင့် ပတ်သက်ပြီး လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်ခမ်း က “ ဒေသခံတွေ လာရောက် တိုင်ကြားပါတယ်။ ကျနော်တို့လည်း ကူညီပေးနေပါတယ်။ ပြည်သူတွေ သဘောမတူရင် တော့ ပြည်သူတွေဖြစ်ချင်တဲ့ဆန္ဒ ကျနော်တို့ကူညီရမယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ လဲချားမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်မှု ရပ်ဆိုင်းရန်အတွက် ဒေသခံများကန့်ကွက် လက်မှတ်ရေးထိုးထားသည့် လက်မှတ်ကို သျှမ်းပြည်နယ် အစိုးရ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ ထံ တင်ထားပေးကြောင်း လည်း စိုင်းကောင်ခမ်း က ပြောသည်။


Photo by ဒေသခံတဦး၊ လဲချားမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်ကာ စွန့်ပစ်မြေစာပုံ

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့ နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းများ ရပ်ဆိုင်းရန် ယမန်နှစ် ၂၀၁၈ စက်တင်ဘာ တွင် ဒေသခံ ၇၀၀ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

သျှမ်းပြည်နယ် တောင်ပိုင်း အတွင်း ကျောက်မီးသွေး စီမံကိန်းများစွာရှိပြီး ကျောက်မီးသွေး တူးဖော်ခြင်းရပ်တန့်ရန် ဒေသခံ ပြည်သူများ မကြာခဏ ပြောဆို တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာ တုန့်ပြန်ခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးကန် ရေခမ်း စိုက်ပျိုးရေး ခက်ခဲ နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေခမ်းခြောက်မှု နှင့် ပတ်သက်ပြီး ဒေသခံများ လယ်ယာစိုက်ပျိုးမှုခက်ခဲ နေကြောင်း ဒေသခံများက ပြောဆိုကြသည်။   အင်လေးဒေသခံများသည် လယ်ယာစိုက်ပျိုးရေး နှင့် ခရီးသွားလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သည်။ “အင်းလယ်တွေ ရေခမ်းနေတဲ့အချိန်မှာ စိုက်ပျိုးရေး နဲ့ပတ်သက်ပြီး လယ်သမားတွေက တော်တော်လေးကို ဒုက္ခရောက်ပြီး စက်လှေတွေနဲ့...