Wednesday, January 28, 2026

အင်းလေးကန် ရေခမ်း စိုက်ပျိုးရေး ခက်ခဲ နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေခမ်းခြောက်မှု နှင့် ပတ်သက်ပြီး ဒေသခံများ လယ်ယာစိုက်ပျိုးမှုခက်ခဲ နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

Photo by ဦးအေးမြင့်ကြူ/ အင်းလေးကန် ရေခမ်းမှု အခြေအနေ

အင်လေးဒေသခံများသည် လယ်ယာစိုက်ပျိုးရေး နှင့် ခရီးသွားလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သည်။

“အင်းလယ်တွေ ရေခမ်းနေတဲ့အချိန်မှာ စိုက်ပျိုးရေး နဲ့ပတ်သက်ပြီး လယ်သမားတွေက တော်တော်လေးကို ဒုက္ခရောက်ပြီး စက်လှေတွေနဲ့ ခုတ်ပြီးမှ ရေတင်နေရတာ အဲ့ဒီလို အခြေအနေ ဖြစ်နေတယ်။ ရေက တအားကို ခမ်းနေတာ အဘ တို့ဒီမှာ အရမ်းခက်ခဲပါတယ်။ သွားရတဲ့ လမ်းကြောင်းကလည်း ခက်ခဲတယ်။” ဟု အင်းလေးဒေသခံ စိုက်ပျိုးရေးတောင်သူ ဦးဖိုးလေး ကပြောသည်။

တပေါင်း တန်ခူးလအတွင်း မိုးမရွာခဲ့ပါက အင်းလယ်ရေထည့်ချိန်တွင် အခက်အခဲဖြစ်ရပြီး လယ်ရေသွင်းရာတွင်လည်း ၃ ရက် တစ်ခါ ရေပြန်ခုတ်တင် နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လယ်ထဲမှာ ရေက ကြာကြာမနေဘူး ၃ ရက်လောက်ပဲနေတယ်။ ရေက ပြန်ခမ်းရင် ပြန်ခုတ် ဝင့် ( မလိုအပ်သည့်မြက်ပင်) နုတ်တဲ့ချိန်မှာလဲ လယ်ထဲကို ရေပြန်ထည့်ရတယ်” ဟုအင်းလေး ဒေသခံ တောင်သူ တဦးက ပြောသည်။

အင်းလေး ရေခမ်းခြောက်မှုသည် နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့ရသော်လည်း ယခုနှစ်သည် ပိုပြီး ခမ်းခြောက်ကာ လယ်ယာအတွက် အခက်အခဲကြုံဒုက္ခရောက်ကြောင်းလည်း အဆိုပါ တောင်သူက ဆိုသည်။

Photo by ဦးအေးမြင့်ကြူ/ အင်းလေးကန် ရေခမ်းမှု အခြေအနေ

“ ရေ ကို အရမ်းလိုအပ်တယ်။ ရေခမ်း ခြောက် တော့ လယ် လုပ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ဒီချိန် တော်တော် ဒုက္ခရောက်တဲ့ချိန်တယ်” ဟု အင်းလေး တောင်သူ ကထပ်လောင်းပြောသည်။

အင်းလေး ကန် ရေခမ်းခြောက်မှုသည် ၂၀၁၀ ခုနှစ်မှ စတင်ကာ ဖြစ်လာခဲ့ပြီး ယခုနောက်ပိုင်း ပိုပြီးခမ်းခြောက်ကာ ဒေသခံများအတွက် သောက်သုံးရေ လည်း ခက်ခဲလာကြောင်း အင်းလေးကန် ဒေသခံ များက ပြောသည်။

ယခုနှစ် COVID-19 ကူးစက်မြန်ရောဂါကို ကမ္ဘာတဝှမ်း ရင်ဆိုင်ကြုံရသဖြင့် အင်းလေးကန်ကို လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များပါးကာ ဒေသခံများတွက်လည်း ဝင်ငွေမရတော့ကြောင်း သိရသည်။

“ အင်းလေးကန်ကလည်း ရေခမ်း၊ လယ်ယာ စိုက်ပျိုးရေးကလည်း မလုပ်နိုင်၊ နောက် ကိုဗစ်ကြောင့် ဧည့်သည်ကမရှိ။ ဝင်ငွေမရှိဘူး။ ဒီနှစ် တော့ ဝင်ငွေတွေ မရှိဘူး။ အရမ်းခက်ခဲတယ်” ဟု အင်းလေးကန်ကို မှီတင်းလုပ်ကိုင်နေသည့် မသန္တာ က ပြောသည်။

အင်းလေး ဒေသခံ ပြည်သူများသည် ခရီးသွားလုပ်ငန်းနှင့် တောင်ယာ အလုပ်အကိုင် ကို အဓိက လုပ်ကိုင်သည့် သူများဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးကန် မတိမ်ကော ရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် မတိမ်ကောရန် နုန်းမြေများရှင်းလင်းရန် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းလေး လူငယ်များထံမှ သိရသည်။ ယမန် ( ဩဂုတ်လ ၁၉) ရက်တွင် အင်းလေးလူငယ်များသည် အင်းလေးကန်အတွင်း ရေကျဆင်းစေရန် ကျွန်းမျှောများ ဖယ်ရှားမှု လုပ်ဆောင်ခဲ့ပြီး အင်းလေးကန်၏ သဲနုန်းများကိုမှုဖယ်ရှားနိုင်ခြင်းမရှိသေးကြောင်း ဒေသခံ...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

အင်းလေးကန်ရှိ ကျေးရွာအချို့တွင် ရေကြီးပြီး ကျန်ခဲ့သည့်နှုံးမြေများကြောင့် စက်လှေများသွားလို့မရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူပါလာသော နှုံးမြေများကြောင့် အချို့ကျေးရွာများတွင် စက်လှေများပင်မောင်းလို့ မရတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရသည်။ လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေကြီးမှုနှင့် အတူပါလာသော နှုံးမြေများကြောင့် ရွာမကျေးရွာနှင့် အင်းတိန်ကျေးရွာများတွင် စက်လှေများ...

အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၃) နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန်အနောက်ဘက်ခြမ်း ဘုရားနီးကျေးရွာ နှင့်...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...