Tuesday, January 27, 2026

မိုင်းကိုင်မြို့နယ်တွင် ကျောင်းအုပ်ဆရာမ၏ခင်ပွန်းမှ သက်ငယ်မုဒိမ်းကျူးလွန်ရန်ကြိုးစား

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း မူလလွန်ကျောင်းအုပ်၏ အမျိုးသားသည် အသက် ၁၂ နှစ် အရွယ် ကျောင်းသူကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း မိုင်းကိုင်ဒေသခံများပြောပြချက်အရသိရသည်။

Photo by Mong Kueng Youth- မိုင်းကိုင်မြို့နယ် ခေးအုံအွေကျေးရွာ မူလလွန်ကျောင်း

မိုင်းကိုင်မြို့နယ် ခေးအုံအွေ ကျေးရွာတွင် တာဝန်ကျ ကျောင်းအုပ်ဆရာမကြီး သည် နေမကောင်းသဖြင့် ကျောင်းသူကျောင်းသားများ အားနည်းနေသေးသည့် သင်ခန်းစာများအတွက် ဆရာမ၏နေအိမ်သို့အချိန်ပို ခေါ်သင်ပေးခဲ့သည်။အချိန်ပိုသင်ကြားပြီးနောက် ကလေးများသည် ဆရာမကြီးအိမ်တွင်အိပ်ကြရာ အောက်တိုဘာ ၃၀ ရက်နေ့က အသက် ၁၂ နှစ် အရွယ် ကျောင်းသူလေးတဦးအား ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသားက အတင်းအဓမ္မပြုကျင့် ရန် ကြံရွယ်ခဲ့ ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဆရာမအမျိုးသားကဦးကျော်ဇေယျလို့ခေါ်တယ်။ သူကဆရာမရဲ့ယောက်ကျားမို့ ဆရာမ နဲ့အတူတူလိုက်လာနေတာ။ သူကဆရာမကြီးရဲ့အိပ်ခန်း တခန်းကျော်မှာအိပ်နေတဲ့ကလေးတွေရဲ့အိပ်ခန်းထဲကို ၀င်လာပြီး ကလေးပါးစပ်ကိုပိတ် ။ ကလေးရင်တွေကိုနှိုက်နေတုန်း ကလေးကကြောက်ပြီးအော်ငိုလို့ မအောင်မြင်ခဲ့ဘူး။ ကလေးကအိမ်ပြန်ရောက်လဲအဖေအမေကိုပြန်မပြောရဲ။ ၂ ရက် ၃ ရက်နေမှ ဆရာမအိမ်သွားမအိပ်ချင်ဘူး လို့ကလေးတွေပြောလာမှ အဖေအမေတွေကသိတာ ” – ဟု ရွာသား လူငယ်တဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုကျောင်းအုပ်ဆရာမကြီး နှင့် ၄င်း၏အမျိုးသားကို ကျေးရွာလူထု ၊ ကျောင်းသားမိဘများက တလလျှင် ဆန်၊ ဆီများ ထောက်ပံ့ကျွေးမွေးထားကြောင်း သိရသည်။

အမှုအခင်းဖြစ်ဖြစ်ချင်း မိဘဆွေမျိုးများနှင့်ရွာသားများ က ရဲစခန်းထံသွားရောက်တိုင်ကြားသော်လည်း
တာဝန်ကျရဲများ၏ အော်ငေါက်ပြောဆိုခြင်းခံရသဖြင့် မိဘများထိတ်လန့်ကာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ ထံတိုင်ကြားခဲ့ကြသည်ဟုဆိုပါသည်။

“ မိဘတွေ က ရဲကို သွားတိုင်တော့ ရဲတွေက သူတို့ကို အသံကျယ်နဲ့အော်လိုက်တယ်တဲ့။ အဲ့ဒါနဲ့ ကျနော်ဆီ နိုဝင်ဘာ ၂၀ ရက်မှ ရောက်လာတာ။ ကျနော်လည်း သူတို့ ဘာဖြစ်ချင်လဲဆိုတာမေးပြီး အမှုဖွင့်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ အချိန်ထိ ရဲစခန်းတွင် တိုင်းကြားချက် အဆင့်ထိသာ ရှိသေးကြောင်း၊ ကျူးလွန်သည့် ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသား ကျော်ဇေယျ ကို အမှုဖွင့်ခြင်းမရှိသေးကြောင်းလည်း ဦးစိုင်းလုံ က ပြောသည်။

“ ကျနော်ကတော့ ကလေးမိဘတွေ ဖြစ်ချင်တဲ့ဆန္ဒ အတိုင်း ကူညီသွားမယ်။ လုပ်စရာရှိတာ ရဲရဲတင်းတင်း လုပ်သွားဖို့လည်းပြောထားတယ်။ ” ဟုလည်း ဦးစိုင်းလုံ က ဆိုသည်။

ထိုကဲ့သို့ သက်ငယ်မုဒိမ်း ကျူးလွန်ရန် ကြံရွယ်သည့်သူများကို ရဲစခန်းမှ အမှုမဖွင့်ပေးခြင်းသည် ရဲလုပ်ထုံးလုပ်နည်းကို ် ချိုးဖောက်ရာရောက်ကြောင်း ကလေးသူငယ် နှင့် အမျိုးသမီး အခွင့်အရေး ကို ဆောင်ရွက်နေသူသည့် အမျိုးသမီး တဦး ကပြောသည်။

“ သက်ငယ်မုဒိမ်းမှု ဆိုတာ ကြံရွယ်တာနဲ့တင် အမှုမြှောက်တယ်။ ဥပဒေထဲမှာပါတဲ့အတိုင်း အမျိုးသမီးရဲ့အင်္ဂါထဲကို ထိုးသွင်းမှ မုဒိမ်းမှုမြှောက်တာမဟုတ်ဘူး။ အခု ကလေးကို ဒီလို မဖွယ်မရာ ပြုလုပ်တာလည်း ပြစ်မှုမြှောက်တယ်” ဟု ၄င်းအမျိုးသမီးက ပြောသည်။

စက်တင်ဘာ ၁၅ ရက်ကလည်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတွင် မီးဖွားခွင့်ယူထားသည့် ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသားသည် အသက် ၁၄ နှစ် အရွယ် ကျောင်းသူကို အတင်းအဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွါးခဲ့သေးသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု တနှစ်ထက် တနှစ် ရာခိုင်နှုန်းများလာပြီး နေ့စဉ်နှင့်အမျှ အရွယ်မရောက်သေးသည့် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည်။

သက်ငယ်မုဒိမ်းမှုသည် အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ထိ ချရန်နှင့် အမြင့်ဆုံးထောင်ဒဏ် တသက်တကျွန်း လွှတ်ရက်မရှိ ကျစေရန် အတွက် အမျိုးသမီး အရေး ဆောင်ရွက်နေသူများက တောင်းဆိုထားသည်။ သေဒဏ်ပေးရန်ဟု တောင်းဆိုသူများလည်းရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

0
သျှမ်းပြည် ဟိုပုံးမြို့ နယ်တွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာ ယမန်နေ့ (ဇွန်လ ၂) ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သည် အထိ ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံသို့...

မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

0
သျှမ်းပြည် မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါအမျိုးသား ၂ ဦးကို ဧပြီလ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဧပြီလ...

လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်နားကျေးရွာအုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွား ရောင်းပြီး ပြန်လာစဉ်လမ်းတွင် စစ်ကောင်စီဂိတ်ရှိ စစ်သားများ၏ ပစ်ခတ်ခြင်းခံလိုက်ရသဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) ည ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ပန်နားကျေးရွာ အုပ်စု ဝိန်းစုံရွာနေ...

မိုင်းကိုင်မြို့နယ် အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန်လမ်း၌ လုယက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ) ရက် နံနက် ၇ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည်...

SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP...