လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည် လားရှိုးမြို့နယ် ပန်နားကျေးရွာအုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွား ရောင်းပြီး ပြန်လာစဉ်လမ်းတွင် စစ်ကောင်စီဂိတ်ရှိ စစ်သားများ၏ ပစ်ခတ်ခြင်းခံလိုက်ရသဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း စုံစမ်းသိရသည်။

သေနတ်ပစ်ခံရပြီးသေဆုံးသွားသူ

ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) ည ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ပန်နားကျေးရွာ အုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွားရောင်းပြီး အလောတကြီးအိမ်ပြန်လာစဉ် AD ဂိတ်တွင်ရှိသည့် စစ်ကောင်စီ တပ်သားက ၎င်းကိုသေနတ်ဖြင့် ပစ်ခတ်၍ ထိုနေရာ၌ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူကမီးသွေးသွားရောင်းတာ။ တစ်ခေါက်သွားရောင်းပြီး နှစ်ခေါက်မြောက်အိမ်ကိုအလောတကြီးနဲ့ ပြန်လာတဲ့အချိန် ADတံတားမှာရှိတဲ့ စစ်သားက သူတို့ရပ်ဖို့ပြောတာ။ သူကမကြားတာလားတော့ မသိဘူး။ အဲ့ဒါမရပ်လို့ဆိုပြီး တစ်ချက်ပစ်လိုက်တာ။ အဲ့တုန်းကမထိသေးဘူး။ သူကမိုင်းယော်လမ်းခွဲ-AD ဂိတ်ကို ရောက်လာတဲ့အချိန်မှာ စစ်သားတွေ ထပ်ပစ်ပြီးထိသွားတာ။ အဲ့မှာပဲ ပွဲချင်းပြီးသွားတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူသည် အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုကဲ့သို့ ပစ်ခတ်ခံရပြီး သေဆုံးသွားပြီးနောက် ၎င်း၏အလောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ကားဖြင့်လာရောက် သယ်ယူသွားခဲ့သဖြင့် မိသားစုဝင်များက အလောင်းပြန်မရခဲ့ကြောင်း ဆိုသည်။

လားရှိုးမြို့ဒေသခံတစ်ဦးက “ဒီလိုဖြစ်သွားတာတော့ စိတ်မကောင်းဘူး။ အခုအခြေအနေ မကောင်းတာနဲ့ ကျနော်တို့မှာအသွားအလာဂရုစိုက်နေရတယ်။ တစ်ခါတစ်လ ခေါ်တာမကြားလို့ အခုလိုပစ်လိုက်တာ ကျနော်တို့အတွက် အရမ်းအန္တရာယ်များတယ်။ ကျနော်တို့လည်း ခေတ်ပျက်ကြားထဲမှာ အလုပ်ရှာရတာ အချိန်မေ့ကောင်းမေ့လိမ့်မယ်။ အဲ့လိုဖြစ်ရင်တော့ ကောင်းကောင်း မွန်မွန်ခေါ်ပြောဖို့ လိုတာပေါ့ဗျာ” ဟု ၎င်းကထပ်လောင်းပြောသည်။

အလားတူ ဒီဇင်ဘာလအတွင်းကလည်း ကွတ်ခိုင်မြို့မှ လူငယ် ၂ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၁၅ ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၇) အတွင်းရှိ ရွှေလဝင်း စားသောက်ဆိုင်အနီးရှိ ရေမြောင်းထဲ၌ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...