Wednesday, January 28, 2026

နမ့်ဆန်မြို့ နယ် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ရိုက်ခံရ၊ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး ရိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

Photo by ဒေသခံတဦး၊

ဖြစ်စဉ်မှာ ယမန် (နိုဝင်ဘာ ၂၂ရက်) မနက် ၉ နာရီ တွင် မြန်မာ့ တပ်မတော် တပ်မ(၈၈) မှ မန်မိုင်မိန်းကွမ်းကျေးရွာ ဒေသခံ ၆၀ ကျော် ကို ဖမ်းဆီးသွားကာ ကျေးရွာ အတွင်းရေးမှူး ကိုလည်း ရိုက်နှိက်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

အဆိုပါ မန်မိုင်မိန်းကွမ်း ကျေးရွာ သည် ယမန်နေ့ မနက် ၇ နာရီ တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။

မြန်မာ့ တပ်မေတော်မှကျေးရွာ ဒေသခံများကို ဖမ်းဆီးသွားရာတွင် ထိုထဲ၌ ကျောင်းဆရာ၊ဆရာမ များ၊ ကျောင်းသားများ၊ အသက်ကြီး သည့်သူများနှင့် ကလေးမိခင်များ ပါသည့် အပြင် ကျေးရွာအတွင်းရေးမှူး လည်း ပါကြောင်း ဒေသခံ လွေးခင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by ဒေသခံတဦး၊ နိုဝင်ဘာ ၂၂ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ခေါ်ဆောင်သွားသည့် ကျေးရွာဒေသခံများ ပုံ

“ မနေ့က ညနေ ၄နာရီ မှာ အားလုံးကို တော့ ပြန်လွှတ်ပေးတယ်။ ရွာ အတွင်းရေးမှူး က တော့ ရိုက်ခံရတယ်။ အခြေအနေကတော့ မငြိမ်သေးဘူး။ တော်တော်ဆိုးတယ်။ အခု နမ့်ဆန်ဆေးရုံမှာ တင်ထားတယ်” ဟု လွေးခင် က ပြောသည်။

ကျေးရွာ အတွင်းရေးမှူးသည် လက်ရှိမှာ မျက်နှာ၊ခေါင်း၊ ရင်ဘတ်များတွင် ကန်ခံ၊ ရိုက်ခံထားရသဖြင့် ဒဏ်ရာ ပြင်းထန်နေပြီး နမ့်ဆန် ဆေးရုံတွင် ဆေးကုသခံနေရဆဲ ဟု လွေးခင် က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာ့တပ်မတော် မှ ကျေးရွာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားရခြင်းသည် ထိုနေရာတွင် မိုင်းနင်းမိမည် ကို စိုးရိမ်သဖြင့် လမ်းပြ အဖြစ် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ စစ်သားတဦးလျှင် ရွာသား တဦး တွဲပြီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

“ စစ်ပွဲ အတွင်း ရွာသားတွေကို အသုံးချခြင်းက ဂျီနီဗာစာချုပ် ကို ချိုးဖောက်လိုက်တာပဲ။ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ပြစ်မှု စစ်ရာဇာဝတ်မှု မြောက်ပါတယ်။ ပြီးတော့ ကလေးတွေ သက်ကြီးရွယ်အိုတွေ ပါတော့ ပိုဆိုးတယ်” ဟု တအာင်း(ပလောင်) ဥပဒေ အကျိုးဆောင် အဖွဲ့ မှ မိုင်းမျိုးအောင် က ထောက်ပြ ပြောဆိုလိုက်သည်။

မြန်မာ့ တပ်မတော် မှ မန်မိုင် မိန်းကွမ်း ကျေးရွာ ဒေသခံများ ကို ဖမ်းဆီးသည့် ကိစ္စ နှင့် ပတ်သက်ပြီး သတင်းမှန်ပြန်ကြားရေး ဌာနကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

TNLA နှင့် မြန်မာ့တပ်မတော်တို့သည် နိုဝင်ဘာ ၁၁ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၁ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

0
ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင်...

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...

ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့...

ဆီဆိုင်မြို့နယ် နာနတ်သီး၂လုံးခိုးစားမှုကြောင့် ရွာသားများဝိုင်းရိုက် သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဥ် ကျောင်းချယ်ကျေးရွာတွင် နာနတ်သီး ၂လုံးခိုးစားသည့် အမျိုးသား တစ်ဦးကို ရွာသားများ ဝိုင်းရိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည် ။ ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင် လမ်းဘေးဗူးခွံလိုက်ကောက်သည့် အသက် ၃၈ နှစ်ရှိ အမျိုးသားတစ်ဦးသည် ဘန်းယဥ် ကျောင်းချယ်ကျေးရွာရှိ နာနတ်သီးခြံထဲမှ...