Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် နာနတ်သီး၂လုံးခိုးစားမှုကြောင့် ရွာသားများဝိုင်းရိုက် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဥ် ကျောင်းချယ်ကျေးရွာတွင် နာနတ်သီး ၂လုံးခိုးစားသည့် အမျိုးသား တစ်ဦးကို ရွာသားများ ဝိုင်းရိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည် ။

နာနတ်သီး

ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင် လမ်းဘေးဗူးခွံလိုက်ကောက်သည့် အသက် ၃၈ နှစ်ရှိ အမျိုးသားတစ်ဦးသည် ဘန်းယဥ် ကျောင်းချယ်ကျေးရွာရှိ နာနတ်သီးခြံထဲမှ နာနတ်သီးကို ခိုးယူသဖြင့် ရွားသားများက ဝိုင်းရိုက်ကာ သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အစကတော့ ကျောင်းချယ်ရွာက ပစ္စည်းတွေပျောက်သွားတယ်၊ ဘုန်းကြီးကျောင်းကဟာ သူသွားလှန်းဆွဲတာ ရွာသားတွေကလည်း သူတို့သူခိုးလို့ ထင်ပြီးလိုက်တာ ပြီးတော့ သူများခြံထဲမှာ နာနတ်သီး နှစ်လုံးကို သွားခိုးသေးတယ်။ အဲ့ဒါနဲ့ ရွာသားတွေက သူ့ကို ဝိုင်းရိုက်တာ သေသွားတယ် “ဟု ၎င်းက ပြောသည် ။

ထိုသို့ ရပ်ရွာသားများဝိုင်းရိုက်ခံရသော သူခိုးတစ်ဦးအား ဒဏ်ရာပြင်းထန်စွာရပြီး အိမ်ကိုပြန်နိုင်ခဲ့သော်လည်း ခေါင်း၏ ဒဏ်ရာကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

“ သူရိုက်ခံရပြီး ချက်ချင်းမသေဘူး။ ဆိုင်ကယ်မောင်းနိုင်သေးတယ်။ အိမ်ရောက်မှသူ ဒဏ်ရာပြင်းထန်ပြီး သေသွားတာ ၊ သူ့အမေက ဆီဆိုင်ဈေးက အပြန်ပြန်လာပြီး သူသားသေနေတာကို တွေ့တယ် “ဟု ဒေသခံ တစ်ဦးက ပြောသည် ။

သို့သော် သူခိုးကို ယခုကဲ့သို့ သေအောင်ရိုက်နှက်ခြင်းသည် အလွန်ဆိုးရွားကြောင်း၊ နာနတ်သီးခိုးစားခဲ့ပါက သေသည့်အထိရိုက်နှက်ခြင်း မပြုသင့်ကြောင်းလည်း ဆီဆိုင်ဒေသခံ တစ်ဦးက ပြောသည်။

“ တကယ်ဆိုရင် အရင်ဖမ်းပြီး စစ်ဆေးဖို့လိုတယ်။ ဝိုင်းရိုက်တာတော့ မလုပ်သင့်ဘူး။ အခုက နာနတ်သီး ၂လုံးနဲ့ သေသွားရတာတော့ မဟုတ်သေးဘူး” လို့ ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း အပါအဝင် နိုင်ငံတဝန်းလုံးတွင် ခိုးဆိုးလု နှိုက်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိသည့်အတွက် ပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ သူခိုးရန်ကို နှိမ်နှင်းနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော်...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ‌တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အ‌နောက်တောင်ဘက်တို့တွင် စစ်‌ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...