ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော် လေကြောင်းဖြင့် ပစ်ခတ် ရွာသားများပြော
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် တိုက်ခတ်သဖြင့် ဘုန်းကြီး ကျောင်းနှင့်နေအိမ်တချို့ ပျက်စီးသည်ဟု ဒေသခံများပြောပြချက် အရသိရသည်။ စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီ ကျော်တွင် မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ကွတ်ခိုင် မြို့နယ် ဟွေ့ခုတ်ကျေးရွာ ဘုန်းကြီးကျောင်း...
မြောက်ပိုင်းတိုက်ပွဲနဲ့ပတ်သက်လို့ဆိုပြီး အဖမ်းခံရတဲ့ သျှမ်းကျောင်းဆရာညီအစ်ကို အာမခံဖြင့်လွတ်မြောက်
သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်တပ်မှဖမ်းဆီးသွားသော ပြင်ဦးလွင်မှ သျှမ်းကျောင်းဆရာ ညီအစ်ကို နှစ်ဦးအား ယနေ့ အာမခံချက်ဖြင့် ပြန်လွှတ်ပေးကြောင်း သူငယ်ချင်း ဖြစ်သူကပြောသည်။ ၂၀၁၉ ခု စက်တင်ဘာ ၂ ရက်နေ့ ပြင်ဦးလွင်(မေမြို့) မြို့မရဲစခန်းတွင် ပရဟိတ ကျောင်းဆရာ ညီအစ်ကို စိုင်းခွန်မိန်း နှင့်...
သျှမ်းမြောက် တိုက်ပွဲအတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို မြန်မာ့တပ်မတော်နှင့် ညီနောင် မဟာမိတ် အဖွဲ့တို့မှ တာဝန်အပြည့်ယူရန် သျှမ်းမြောက် လူမှု အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ မြန်မာ့တပ်မတော် နှင့် ညီနောင် မဟာမိတ် (၃)ဖွဲ့ တို့သည် သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း တိုက်ပွဲများဖြစ်ပွားကာ...
မြန်မာ့တပ်မတော် အပစ်ရပ်တိုးသော်လည်း သျှမ်းမြောက် တိုက်ပွဲ ဖြစ်နေဆဲ
မြန်မာ့ တပ်မတော် အနေဖြင့် အပစ်ရပ်ကာလ ၂၁ ရက် ထပ်တိုးထားသော်လည်း သျှမ်းမြောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ လက်ရှိ ဆွေးနွေးဆဲ အခြေအနေ ဆက်လက် ဆောင်ရွက်နိုင်ရန်...
သီပေါမြို့တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ကျောင်း အနီးတွင် အသက် ၅၀ ဝန်းကျင် အမျိုးသား တဦး သေနတ် ပစ်ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁ ရက် ည ၈ နာရီ ဝန်းကျင် က သေနတ်ပစ်ခံရသူမှာ သီပေါမြို့ တာလုံကျေးရွာ တွင်...
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရွာသားတဦး လက်နက်ကြီးထိမှန်သေဆုံးမှုသည် အစိုးရ တပ်မတော် ခလရ ၆၈ မှပစ်လွှတ်သော လက်နက်ကြီးဖြစ်သဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုဖြစ်စေရေးတာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောဆိုလိုက်သည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲကြောင့် သြဂုတ်လ ၁၇ ရက်နေ့က အစိုးရတပ်မတော် ခလရ...
လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ သြဂုတ်လ ၂၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်က ညီနောင် မဟာမိတ် ၃ ဖွဲ့က လားရှိုးမြို့ အခြေစိုက် ရမခ တိုင်း...
သျှမ်းမြောက်တိုက်ပွဲ အရပ်သား ၁၁ ဦး သေဆုံး ၂၅ ဦး ဒဏ်ရာရ
သျှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၁၁ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၂၅ ဦးရှိသွားပြီး ဟု ရှမ်းမြောက် လူမှု အဖွဲ့အစည်း ပြောကြားချက် အရ သိရသည်။ အရပ်သား ၁၁ ဦး သေဆုံး နှင့် ဒဏ်ရာရရှိသူ ၂၅ ဦးသည် သျှမ်းပြည်နယ် မြောက်ပိုင်း...
လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အောက်က တပ်ရင်းတခု တိုက်ခိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နမ့်ပေါင်အုပ်စုက တပ်ရင်းတခုအား ညီနောင်မဟာမိတ်တပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ သြဂုတ်လ ၂၈ ရက် ယနေ့မနက်ပိုင်းက ခလရ ၂၉၁ တပ်အား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ လမ်းတံတားများဖျက်ဆီးခံရမည်ကို ဒေသခံများစိုးရိမ်နေကြပါသည်။ “မနက် ၅ နာရီခွဲလောက်ကတည်းက သေနတ်သံထွက်နေတယ်။ ခလရ ၂၉၁...
ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွင် အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးများ ထိုင်းရဲရှာဖွေတွေ့ရှိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ တာချီလိတ် - မယ်ဆိုင် (ထိုင်း-မြန်မာ)ချစ်ကြည်ရေး တံတားပေါ်တွင် အမျိုးသမီး ၂ ဦးထံမှ ယာဘနှင့် အိုက်စ်မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်းသိရသည်။ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းက တာချီလိတ်မှ သုံးဘီးစီးကာ မယ်ဆိုင်သို့သွားမည့် သျှမ်းအမျိုးသမီး နန်းနွမ်းအောင် အသက် ၂၂ နှစ်နှင့်...





