Wednesday, January 28, 2026

တောင်ချွန်းတွင် ကျိုက်ထီးရိုးပုံတူတည်ဆောက်ရေး တောင်ကြီးမြို့ခံများလက်မခံ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အထင်ကရ နေရာဖြစ်သည့် တောင်ချွန်းတောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီတော် ပုံတူ တည်ဆောက်မည်ကို တောင်ကြီးဒေသခံများ ကန့်ကွက်ကြောင်း သိရသည်။

Photo Credit to Sai Hakk Khay – တောင်ချွန်းနောက်ခံပုံရိပ်နှင့် စူဠာမုနိလောကချမ်းသာဘုရား

တောင်ချွန်း သည် တောင်ကြီးမြို့၏ မြို့ဂုဏ်ဆောင် နေရာဖြစ်ပြီး၊ တောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီပုံတူ နှင့် မှန်တံတားတည်ဆောက်ပါက သဘာဝ အရင်းအမြစ်ကို ထိခိုက်ပျက်စီးစေကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ အမတို့ တောင်ကြီးသူတောင်ကြီးသားတွေ အနေနဲ့တော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီတောင်ကြီး က ထိလို့ မရဘူး ဒါ ရေဝေရေလဲ တွေရှိတယ်၊ ဒီတောင်ဟာ ရေစုတဲ့ နေရာဖြစ်တယ်ဆို တဲ့ဟာ အကုန်လုံးနားလည်ထားပြီီးသားပါ” ဟု ဒေါ်ချယ်ရီကျော်က ဆိုသည်။

Photo Credit to Taunggyi Youth -ကျိုက်ထီးရိုးစေတီပုံတူတည်ဆောက်ရန်ပြင်ဆင်ထားပုံ

တောင်ကြီး မြို့ ရှိ မင်္ဂလာတောင်ချွန်းပေါ်တွင် အများပြည်သူ ဖူးမျှော်နိုင်ရန် အတွက် ရည်ရွယ်ပြီး ကျိုက်ထီးရိုးပုံတူ စေတီ တည်ဆောက်ခြင်းဖြစ်ကြောင်း စေတီတည်ဆောက်မည့် နယ်လှည့် (၁၀၈) သုသာန် အဓိဋ္ဌာန်ဆရာတော် အသျှင်ကေလာသ က သျှမ်းသံတော်ဆင့် သို့ မိန့်တော်မူသည်။

“ဘုန်းဘုန်း ဒီတောင်ကြီးမြို့ တောင်ချွန်းပေါ်မှာ စေတီဘုရားတည်ထားလိုက်ရင် ဘုရားဖူး ပရိ သတ်တွေ နောက်တစ်ခု တစ်ဌာန ဖူးနိုင်မယ်။ ” ဟု ဆရာတော်က မိန့်တော်မူသည်။

လက်ရှိ တောင်ချွန်းပေါ် ကျိုက်ထီးရိုးစေတီ ပုံတူ တည်ဆောက်မည့် ဆရာတော်ကို တောင်ကြီးဒေသခံ တော်တော်များများက မသိ ဟု သိရသည်။

တောင်ကြီးမြို့၏ အထင်ကရနေရာ၊ ပြည်သူများအတွက် ရေအရင်းအမြစ် ရှိသည့်နေရာတွင် ကျိုက်ထီးရိုးပုံတူ တည်ဆောက်မည့်သူကို သျှမ်းပြည်နယ် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေါ်ချယ်ရီကျော် က ပြောသည်။

“တကယ်လို့ တားမြစ်တာ လက်မခံဘူးဆိုရင် အမတို့က ကန့်ကွက်စာတွေတင်ပြီး တားမြစ်မ ယ်။ နောက်ဆုံးမရလို့ရှိရင်် ရတဲ့နည်းနဲ့ တားမြစ်ရမှာပဲဘယ် တောင်ကြီးသူ တောင်ကြီးသားက ဘယ်သူမှသဘောမတူဘူး တောင်ကြီးမြို့ကို ချစ်တဲ့သူတွေတော့ ဒါကို ကာကွယ်ရမှာပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ကျိုက်ထီးရိုး စေတီ ပုံတူ တည်ဆောက်မည့် အကြောင်းကို သက်ဆိုင်ရာ ပြည်နယ် သံဃာ့နာယက ဥက္ကဌ အဖွဲ့ထံ နှင့် မြို့နယ် အဖွဲ့ထံ တင်ထားသော်လည်း ပယ်ချခံထားရကြောင်း သိရသည်။

အဆိုပါ စေတီပုံတူ တည်ဆောက်မည့်ကိစ္စကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ထံ၂၀၁၉ ဒီဇင်ဘာလ က တင်ပြထားခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

တောင်ကြီးဒေသခံများ ကန့်ကွက်သည့် ကြားမှ ဆရာတော် အနေဖြင့် “ ဒီ ၂ ရက် ၃ ရက်အတွင်းကို နေပြည်တော် ကြွပါမယ်။ သူတို့ ကန့်ကွက်တဲ့စာတွေ အကုန်ယူသွားမယ်” ဟု သျှမ်းသံတော်ဆင့် ကို မိန့်တော်မူသည်။

လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေသည့်သူများ၊ ကန့်ကွက်သည့်သူများရှိသော်လည်း ဘုရားမျက်နှာကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားမည် ဟု လည်း အသျှင်ကေလာသ က ပြောသည်။

ဘုရားပတ်ဝန်းကျင်တွင် အဆောက်အဦး ၊ စေတီများတည်ဆောက်လိုပါက သံဃာ့နာယက ထုတ်ထားသည့် စည်းမျဉ်းစည်းကမ်း များရှိကြောင်း လည်း ရွှေဘုန်းပွင့် ဘုရား ဂေါပက က ပြောသည်။

“ကျနော်တို့ ရွှေဘုန်းပွင့်မှာလာပြီးတော့ ခွင့်ပြုချက်ယူတာမျိုး၊ ထောက်ခံချက်ယူတာမျိုးတော့ မရှိဘူး။ ဘာသာရေးနဲ့ သာသနာရေး ကိစ္စ အနီးကပ်ဆုံးသူတွေမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းရှိတယ်။ သံဃာနာယဂ က ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်” ဟု ရွှေဘုန်းပွင့်ဘုရား ဂေါပက ဒုဥက္ကဌ ကိုတင်အောင်ထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တောင်ချွန်းသည် တောင်ကြီးမြို့ အမြင့်ဆုံးနေရာ ဖြစ်ပြီး၊ ထိုနေရာသည် တောင်ကြီးမြို့ အလှကို မြင်ရသည့်နေရာတခုလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...