Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ကျေးလက်နေအိမ်တလုံးဖောက်ထွင်းခံရ စစ်ကြောင်းမှူးဝန်ခံ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင် အရပ်သားနေအိမ် တလုံးဖောက်ထွင်းမွှေနှောက် ပစ္စည်းများခိုးယူခံရသည့်အပေါ် နောက်နောင်ထပ်မဖြစ်စေရဟု စစ်ကြောင်းမှူးက ဝန်ခံခဲ့ကြောင်းသိရသည်။

Photo by နန်ထန်၊

ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာအုပ်စု မန်ထမ်ကျေးရွာ တွင် ယမန်နေ့( ဧပြီ ၅)ရက် ညနေပိုင်းက အိမ်ရှင်များ မရှိသည့်အချိန် အစိုးရ တပ်မတော်က နေအိမ် တံခါးများကို ရိုက်ကာ ဝင်ရောက်ပြီး အိမ်တွင်းရှိ အခြေခံ စားသောက်ကုန်များ၊ ဆေးများ ယူဆောင်သွားသည် ဟု အိမ်ရှင် နန်ထန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျမ ကလေးကို ဆေးခန်းပြပြီး အပြန်မှာ တံခါးတွေ ဖျက်ထားတယ်။ အိမ်ထဲမှာလည်း ပွနေတာပဲ။ ကလေးဆေးတွေ၊ ဓာတ်ဆားတွေအားလုံးယူသွားတယ်။ မီးဖိုချောင်ထဲမှာ ဆန်၊ဆီ၊ဆား ဘာတခုမှ မကျန်ဘူး ယူသွားကြတာ” ဟု နန်ထန် က ပြောသည်။

မန်ထမ်ကျေးရွာရှိ နေအိမ်အား သော့ဖျက်ကာ စားသောက်ကုန်ပစ္စည်းများဝင်ရောက် ယူဆောင်သွားသည့် ကိစ္စ စစ်ကြောင်းမှူးက နောက်နောင် ထိုကဲ့သို့ မဖြစ်ရဟု ဝန်ခံပြောဆိုကြောင်း လွယ်ကန် ကျေးရွာအုပ်စု မှ အုပ်ချုပ်ရေးမှူး ဦးဟောင်းခေါင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by နန်ထန်၊ အိမ်သော့ ဖျက်ထားသည့် ပုံ

“ တပ်ကလည်း သူလာဝန်ခံထားပါတယ်။ ဆေးဖိုးတော့ ပြန်ပေးမယ်လို့ပြောပါတယ်။ နောက်ထပ် ဒီလိုမဖြစ်ဖို့ အတွက်လည်း ကျနော် က ပြောထားပါတယ်” ဟု ဦးဟောင်းခေါင် က ဆိုသည်။

အစိုးရ တပ်မတော်မှ ယူဆောင်သွားသည့် စားသောက်ကုန်ပစ္စည်းများသည် COVID-19 ကာလအတွင်း သုံးစွဲရန် စုဆောင်းထားသည့် ပစ္စည်းများ ဖြစ်ကြောင်း နန်ထန် က ပြောပြသည်။


Photo by နန်ထန်၊ အိပ်ခန်းထဲ ဝင်ရောက်မွှေနောက်ထားပုံ

“ ယူသွားတာ တန်ဖိုးငွေ ၅ သောင်းလောက်ပဲရှိပေမယ့် ကျမတို့ တနေ့လုပ်တနေ့စား မိသားစုတွေအတွက် ၂ ပတ်စာ ရှိတယ်” ဟု နန်ထန်က ဆိုသည်။

မန်ထမ်ရွာတွင် အိမ်ရှင် မရှိသည့်အချိန်ထိုသို့ မကြာခဏ အိမ်ဖောက်မွှေနှောက်ခံရပြီး အိမ်ရှင်ရှိပါက အစားအသောက်များ တောင်းရမ်းစားသောက်လေ့ရှိကြောင်း မန်ထမ်ကျေးရွာဒေသခံများက ပြောသည်။

“ ကျမ အနေနဲ့ကတော့ ယူသွားတဲ့ စားသောက်ကုန် ပစ္စည်းတွေ ကလေးဆေးတွေကို ပြန်ပြီး ပေးစေချင်တယ်” ဟု နန်ထန်က ထပ်လောင်းပြောသည်။

ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာ အုပ်စု မန်ထမ်ကျေးရွာသည် အိမ်ခြေ ၁၅ အိမ်ကျော်သာရှိပြီး၊ ကွတ်ခိုင်မြို့ မှသွားပါက မိနစ် ၂၀သာကြာကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရ တပ်မတော်နှင့် ပြည်သူ့စစ်များ လှုပ်ရှား ကြသဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...