Tuesday, January 27, 2026

သက်တမ်း ၂၉ နှစ်ရှိ နမ့်လန် ဘုန်းကြီးကျောင်းမီးလောင်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာ ၌ သက်တမ်း ၂၉ နှစ်ရှိ မြို့ဦး ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Photo Credit to Numlan Youth- နမ့်လန်မြို့ဉီး ဘုန်းကြီးကျောင်း မီးလောင်

ဧပြီလ ၈ ရက် ယနေ့မနက်ကဖြစ်ပွါးသော အဆိုပါ မီးလောင်မှုကြောင့် သက်တမ်း ၂၉ နှစ်ရှိ မြို့ဦး ပရိယတ္တိ ဘုန်းကြီးကျောင်း၊ ကျောင်းဆောင် တခုလုံး နီးပါး မီးသင့်ခဲ့ကြောင်း နမ့်လန် ကျေးရွာရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ စိုင်းစံလျန်းက ပြောသည်။

“ကျောင်းပေါ်မှာ ညပိုင်းဆီမီးထွန်းလေ့ မရှိဘူး၊ မီးအတောက်ဆုံးနေရာက မီတာဘုတ်ခုံနားတစ်ဝိုက်ဖြစ်နေတယ်။ ဝါယာရှောက်ခ်ဖြစ်နိုင်ချေများတယ်” ဟု စိုင်းစံ လျန်း ကပြောသည်။

Photo Credit to Numlan Youth- နမ့်လန်မြို့ဉီး ဘုန်းကြီးကျောင်း မီးလောင်

မီးလောင်ချိန်သည် မနက် ၂ နာရီ စတင်လောင်ကျွမ်းပြီး မနက် ၄နာရီ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ မီးလောင်ကျွမ်းမှု ကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတော့ မရှိဘူး။ အခုလောဆယ် ဆုံးရှုံးတန်ဖိုးငွေ မသိရသေးဘူး” သီပေါပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်အမတ် ဦးစိုင်းခမ်းအောင်က ပြောသည်။

Photo Credit to Numlan Youth- နမ့်လန်မြို့ဉီး ဘုန်းကြီးကျောင်း မီးလောင်

မြို့ဦး ပရိယတ္တိ ကျောင်းတိုက်သည် သံဃာတော် အပါး ၅၀ကျော် သီတင်းသုံးနေ ထိုင်ပါသည်။ မီးသင့်သည့် ကျောင်းတွင် သံဃာတော် ၃ပါး သီတင်းသုံးတော်မူပြီး၊ အပေါ်ထပ်တွင် ကျောင်းထိုင်ဆရာတော် သီတင်း သုံး ကြောင်း သိရသည်။

Photo Credit to Numlan Youth- နမ့်လန်မြို့ဉီး ဘုန်းကြီးကျောင်း မီးလောင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...