Wednesday, April 24, 2024

ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၁၈ ဘီလီယံ မူးယစ်ဆေးများ ထပ်မံသိမ်းဆည်းမိ

Must read

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ၁၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဧပြီ ၄ရက် မနက်ပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် လွယ်ခမ်းကျေးရွာရှိ လောယုံ၏ နေအိမ်ဝင်းအတွင်းရှိ မြေအိမ်ခန်းတွင် စိတ်ကြွဆေးပြား၊ ဘိန်းညိုမှုန့် များ၊ ဘိန်းစိမ်းများ စုစုပေါင်း ကျပ်သိန်းတန်ဖိုး ၁၇ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ထိုနည်းတူ အဆိုပါ ရက်တွင် ဦးလောက်စိမ်း(ခ) ဦးလောက်ကျန်ရှဲ့ ၏ နေအိမ်တွင် စိတ်ကြွဆေးပြား တန်ဖိုးငွေ ၁ဘီလီယံ ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ဖေဖော်ဝါရီ လကုန်မှ ဧပြီ ၄ရက်ထိ ကျပ်သိန်း ၄၁၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article