Wednesday, January 28, 2026

နမ်ခမ်းမြို့ဒေသခံအဖွဲ့များ ပူးပေါင်းပြီး Covid -19  ပိုးသတ်ဆေးဖြန်း

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် Covid -19 ကာကွယ်ထိန်းချုပ်ရန်နမ့်ခမ်းမြို့ ဒေသခံအဖွဲ့အစည်းများပူးပေါင်းပြီး နမ့်ခမ်းမြို့အတွင်း  ပိုးသတ်ဆေးများ ဖြန်းခဲ့သည်ဟု သိရသည်။

Photo Credit to ZLW- နမ့်ခမ်းမြို့တွင်း ပိုးသတ်ဆေးဖြန်းခြင်းလှုပ်ရှားမှု

၂၀၂၀ ဧပြီ ၆ ရက်နေ့တွင် နမ့်ခမ်းမြို့လူငယ်အဖွဲ့ နှင့် ကြက်ခြေနီအဖွဲ့ နှင့် အခြားမြို့တွင်းအဖွဲ့များ ပူးပေါင်းပြီး မြို့တွင်းရှိ လူစုလူဝေးနေရာများ၊ စျေး ၊ ဘုန်းကြီးကျောင်း၊ အခြားမြို့ပေါ် လမ်းမများ ပိုးသတ်ဆေးဖြန်းပေးခြင်း၊ အသိပညာပေးခြင်းတို့ပြုလုပ်ခဲ့သည်။

စိုင်းစံမိုး ကြက်ခြေနီအဖွဲ့ဝင်က ” –  ကျွန်တော်တို့နမ့်ခမ်းမှာတော့ ပြည်တော်ပြန်တွေ နေ့တိုင်းများ လာနေတော့ ကျနော်တို့ကြက်ခြေနီအဖွဲ့နဲ့ Covid -19 ကာကွယ်ရေးကောင်စီတို့နဲ့ပူးပေါင်းပြီး တခြား အဖွဲ့တွေလည်းပါတယ် စုစုပေါင်းအဖွဲ့ ၈ ဖွဲ့  ရပ်ရွာရပ်ကွက်တွေ ဘုန်းကြီးကျောင်းတွေမှာ ပိုးသတ်ဆေး လိုက်ဖြန်းပေးတယ်။ ” – ဟုပြောပါသည်။

နမ့်ခမ်းမြို့တွင် စောင့်ကြည်လူနာ ကိုရိုနာပိုးရှိသံသယလူနာ တစ်ယောက်မှမရှိသေးကြောင်း ၎င်းကပြော သည်။

Photo Credit to ZLW- နမ့်ခမ်းမြို့တွင်း ပိုးသတ်ဆေးဖြန်းခြင်းလှုပ်ရှားမှု

ပါဝင်လှုပ်ရှားသူ လူငယ် စိုင်းအိုက်ယီ့ က – ” မနေ့ က မန်ခမ်းကျောင်း၊ မြို့မကျောင်း၊ နောင်စန့် စတဲ့နေရာတွေလိုက်ဖြန်းပေးတယ်။ ငါးကြိမ်မြောက်ပါ ကျွန်တော်တို့တွေ ရပ်ကွက်ထဲဆင်းပြီး ပြည်သူတွေ ဆော်ဩအသိပညာပေးတာတွေလည်းရှိတယ် တစ်ချို့ဝေးတဲ့ရပ်ကွက်တွေကိုလည်း အသံဖမ်းခွေထုတ်ပြီးတော့ ရပ်ကွက်တွေရွာတွေမှာပြန်ဖွင့်စေတယ် ” -ဟု ပြောပါသည်။

၎င်းက ပြည်သူများအား ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် လူစုလူဝေးဖြစ်မည့် ပွဲလမ်းသဘင်များ ရှောင်ကြရန် အိမ်အတွင်းနေထိုင်ပြီး မိမိကိုယ်ကိုကာကွယ်ခြင်းသည် အများအတွက် အကာအကွယ်ပေးခြင်းဖြစ်သည်ဟု တိုက်တွန်းအားပေးမှုများ ပြုလုပ်ခဲ့ကြသည်။

Photo Credit to ZLW- နမ့်ခမ်းမြို့တွင်း ပိုးသတ်ဆေးဖြန်းခြင်းလှုပ်ရှားမှု

ယနေ့ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၇၈၂ ယောက် ၊ ပိုးတွေ့သူ ၂၂ ယောက် နှင့် သေဆုံးသူ ၁ ယောက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ကမ္ဘာတဝှမ်း ၂၀၉ နိုင်ငံ ကူးစက်ခံရပြီး အမေရိကန် နိုင်ငံက Covid -19 ကူးစက်ခံရသူ သုံးသိန်းခွဲကျော်၊ သေဆုံးသူ တစ်သောင်းကျော် ဖြင့် ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ပါသည်။ ရောဂါပိုး စတင်ဖြစ်ပွားရာ တရုတ် နိုင်ငံမှာမူ ကူးစက်မှုအဆင့် ၈ နေရာသို့ ကျသွားပါသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...