Tuesday, January 27, 2026

သင်္ကြန်ကာလ အခြေခံလူတန်းစားများကို နေပြည်တော်အစိုးရ စားနပ်ရိက္ခာ ထောက်ပံ့ပေးမည်

ယခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများကို အစိုးရစားနပ်ရိက္ခာ ထောက်ပံ့သွားမည်ဟု သတင်းရရှိသည်။

COVID-19 ကာကွယ်ရေး အတွက် သင်္ကြန်ရုံးပိတ်ရက် အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို စားနပ်ရိက္ခာများထောက်ပ့ံပေးမည်ဖြစ်ပြီး အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလည်း ဧပြီလ ကုန်ထိ အခမဲ့ ပေးသွားမည် ဟု အစိုးရ က ထုတ်ပြန်လိုက်သည်။

ယနေ့ ဧပြီ ၆ ရက်စွဲဖြင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ က ကြေငြာချက်တစောင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခု ဧပြီလ မှ စတင်ကာ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစု လျှင် ဆန် (၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ နှင့် ကြက်သွန် ၁ ပိဿာစသည်တို့ အခမဲ့ ဖြန့်ဖြူး သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓာတ်အား သုံးစွဲမှု (၁၅၀) ယူနစ် အထိကို လည်း အခမဲ့ ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် လေလွင့်မှုများ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရန် အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း ဖြန့်ဖြူးသွားမည် ဟု လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့်...

လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ

0
သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀)...

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့်...

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အိမ်ခြေတစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် အိမ်ခြေတစ်ထောင်ကျော် အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်နေကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ ပြီးခဲ့သည့် မေလ (၁၇)ရက်မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ တိုင်ပွဲများကြောင့် ဆောင်းပြောင်းကျေးရွာရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ဒေသခံများ...