Tuesday, January 27, 2026

COVID-19 ကာကွယ်ရန် ခရီးသွားလာမှု ယာယီရပ်ဆိုင်းမည်ဟုဆို

လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကာကွယ် ထိန်းချုပ်ရန် သျှမ်းပြည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ ယာယီရပ်ဆိုင်းဆိုသည့် သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

Photo Credit to – U Tin Maung Thein-သီပေါမြို့အဝင်အထွက် ခရီးသွားပြည်သူများအား အပူချိန်တိုင်း စစ်ဆေးပေးနေစဉ်

အဆိုပါသတင်းမှာ ဧပြီလ ရ ရက်မှ ၂၁ ရက်နေ့အထိ ခရီးသွားလာမှုကိုယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း
သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး ပြည်နယ် အဆင့် ကော်မတီ က ထုတ်ပြန်သည့် ကြေငြာချက်ဖြစ်ကြောင်း သိရ သည်။

သျှမ်းပြည် အတွင်းရှိ ပြည်သူများအနေဖြင့် အခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများသိုဆေးကုသရန် နှင့် နာရေးကိစ္စမှ လွှဲပြီး ခရီးသွားလာ မည်ဆိုပါက သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး မြို့နယ် အဆင့်လုပ်ငန်း ကော်မတီ ၏ထောက်ခံချက် ရယူပြီးမှ သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ထုတ်ပြန်ချက် သည် တရားဝင် ထုတ်ပြန်ချက် မဟုတ်သေးသော်လည်း သျှမ်းပြည် အစိုးရ အဖွဲ့ က အမျိုးသားအဆင့် ဗဟို ကော်မတီ ထံစာတင်ထားဆဲဖြစ်သည် ဟု သျှမ်းပြည် အစိုးရ က သျှမ်းသံတော််ဆင့် ကို ပြောသည်။

“တရားဝင် မထုတ်ပြန်သေးဘူး ပြည်နယ်အစိုးရအနေနဲ့ အဲ့ဒါတွေ လုပ်ဖို့ ရည်ရွယ်ထားပြီးတော့ အမျိုးသားအဆင့် ဗဟိုကော်မတီမှာတင်ထားဆဲပဲ ရှိသေးတယ်။ ဗဟိုကော်မတီကနေ ခွင့်ပြုလာရင်တော့ သျှမ်းပြည် တပြည်လုံးကို အကြောင်းကြားလိုက်ရင်တော့ အကြုံးဝင်တာပေါ့” ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ပေါက်ခေါင်းမြို့တွင် မိသားစု ၄ဦး COVID-19 ကူးစက်ခံရခြင်းသည် ပြည်တွင်း ကူးစက်မှု အနေအထားဖြစ်သည် ဟု ဒေါက်တာ မျိုးထွန်း က ပြောသည်။

ထို့ကြောင့် ခရီးသွားလာမှု ယာယီရပ်ဆိုင်းခြင်းသည် COVID-19 ပြည်တွင်း ကူးစက်မှု ကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးထွန်း က ထပ်လောင်း ပြောသည်။

ခရီးသွားလာမှု ကို ကန့်သတ်လိုက်ပါက COVID-19 သိသိသာသာ ကျဆင်းသွားမည် ဟု ပြည်နယ် အထူးရောဂါ နိမ်နင်းရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ခရီးသွားလာတာကို ကန့်သတ်လိုက်မယ်။ အိမ်မှာပဲနေမယ်ဆိုရင်တော့ ကူးစက်မှုနှုန်းကိုတော့ ကာကွယ်ပြီးသားဖြစ်တာပေါ့။ လျှော့ချနိုင်ဖို့ ပိုကောင်းတယ် လူတိုင်းသာ အိမ်မှာနေမယ်ဆို့ရင် ဒီရောဂါ ဖြစ်ပွားမှုက သိသိသာသာ ကျသွားမှာပေါ့’’ ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်သူများအနေဖြင့် “ Stay at Home” အိမ်မှာပဲနေစေချင်ကြောင်း ဒေါက်တာ နှင်းအိဖြူ က ပြောဆိုလိုက်သည်။

ဆက်လက်ပြီး ယာယီပိတ်ဆိုင်းမည့်ရက်များ၌ ဟိုတယ်များ၊ တည်းခိုခန်းများ၊ အများပြည်သူများ ရေတံခွန်များ ယာယီပိတ်ထားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ သင်္ကြန် ရက်ရှည် ရုံးပိတ်ရက် များရောက်ရှိပါက အများပြည်သူ အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားဖူးခြင်း များကို သွားလာလည်ပတ်ခြင်းမပြုလုပ်ရန်လည်း သျှမ်းပြည် အစိုးရ က ပြောဆိုလိုက်သည်။

ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ကြပြီး၊ မလိုအပ်ပါက အပြင်လုံးဝ မထွက်ရန် နှင့် မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး မှသာ ထွက်ကြရန် လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်တိုက်ပွဲ ရပ်စဲနိုင်ရန် သက်ဆိုင်သူများ ဆွေးနွေးရန် RCSS က တိုက်တွန်း

0
သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ အပစ်ရပ်စဲနိုင်ရန်အတွက် RCSS က သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ တိုက်တွန်းချက်ကို ဇူလိုင် ၂၆ မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ၆ လပတ်အစည်းဝေးကို လွိုင်တိုင်းလျန်တွင် ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို ထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအတွင်း ပြည်သူများ...

ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

0
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် လူငယ်များအကြား စိုးရိမ်ပူပန်မှုများရှိနေသည်။ စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဉ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား မေလ ၁ ရက်နေ့စတင်ပြီး ယာယီပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ “အခုကျနော်တို့...

ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် ခရီသွားလာခွင့် ပိုမိုတင်းကြပ်လာ

0
စစ်ကောင်စီမှ ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် စစ်မှုထမ်း အကျုံးဝင်သူများ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့် ခရီးသွားလာခွင့်များ ယခင်ကထက် ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မတ်လ ၁၈ ရက်နေ့မှစ၍ တောင်ကြီးမြို့မှ မန္တလေး၊ ရန်ကုန်သွားသည့် ခရီးသွားသည့် ကားဂိတ်များ ကို ခရီးသွားမည့် သူများ၏...

ကိုဗစ်ကူးစက်မှုနှုန်း ရှိနေဆဲ သျှမ်းပြည်မှ ၉ မြို့နယ် Stay at Home အစီအစဉ်မှ ပယ်ဖျက်

0
သျှမ်းပြည်အတွင်းမှ ကိုဗစ် - ၁၉ ကူးစက်မှုနှုန်း မြင့်နေဆဲဖြစ်သည့် မြို့နယ် ၉ ခုကို Stay at Home အစီအစဥ်မှ ပယ်ဖျက်ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက လွန်ခဲ့သော ၁၄ ရက်အတွင်း...

လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန် နှင့်ဆေးဝါးအခက်အခဲရှိ

0
သျှမ်းမြောက် လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရပ်ကွက်ရှိ အခြားဈေးများကိုလည်း ယာယီပိတ်ထားရသည့်အတွက် အစားအသောက်များ ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ “အစားအသောက်ကို ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အလုပ်မလုပ်ရတော့ ဝင်ငွေလည်းမရှိတော့ဘူး၊ အပြင်လည်းထွက်လို့မရဘူးဆိုတော့ အစားအသောက်အတွက် ခက်ခဲတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ယခင်က ရပ်ကွက်ထောက်ခံချက်ပါလျှင် အခြားကျေးရွာသို့...