Tuesday, January 27, 2026

သင်္ကြန်ကာလ စုပေါင်းပြီးဘုန်းကြီးကျောင်းမတက်ရန် သံဃာအဖွဲ့ ထုတ်ပြန်

ကမ္ဘာတဝှမ်း ဖြစ်ပေါ်သည့် COVID-19 ကြောင့် သင်္ကြန်ကာလအတွင်း စုပေါင်းပြီး ဘုန်းကြီးကျောင်းတက်ဆွမ်းပန်းကပ်လှူခြင်းမပြုရန် သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ် မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဧပြီ ၃ ရက် က သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သင်္ကြန်ကာလ နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းချိန် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဘုရားကျောင်းကန်တက် ဥပုပ်သီလဆောက်တည်ကြရာ ယခုနှစ်တွင်စုပေါင်းကျောင်းတက်ခြင်းကို ရပ်ဆိုင်းထားရန် နှင့် ဆရာဒကာ စုပေါင်း ကာ တရွာပြီးတရွာ ဘုန်းကြီးကျောင်း လှည့်ပတ်ကန်တော့ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုနည်းတူ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ၄ ကြိမ်မြောက် COVID-19 နှင့် ပတ်သက်ပြီး ဆွေးနွေးချက်တွင် သင်္ကြန်ကာလအတွင်း လူစုလူဝေး မဖြစ်စေရန် ဘုန်းကြီးကျောင်း မတက်ရောက်ကြရန်၊ ဘုန်းကြီးကျောင်းသို့ရောက်လာပါကလည်း တသုတ်လျှင် ၁၅ ယောက်ခန့်သာ တက်ရောက်တရားနာရန် သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ်မှ မေတ္တာရပ်ခံ ထားသည်။

ထိုပြင် လူစုလူဝေး မဖြစ်အောင် နေရာများ ခွဲပြီး စီစဉ်ထားရှိရန်လည်း ထုတ်ပြန်ထားသည်။

“ ဒီလို အချိန်မှာတော့ အိမ်မှာပဲနေစေချင်တယ်။ COVID-19 ထက်မဖြစ်စေဖို့အတွက်အိမ်မှာနေတာအကောင်းဆုံးပါ” ဟု တောင်ကြီးမြို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် အရွယ်ရှိ ဦးစိုင်းလုံ က ပြောသည်။

သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာများ ဘုရားကျောင်းသွား ကုသိုလ်ယူ အလှူအတန်းပြုကြသည့် ဓလေ့ရှိကြသော်လည်း ယခုနှစ် အတွင်း ရောဂါကပ်ဆိုးကြောင့် မသွားရသည့်အတွက် စိတ်မကောင်းကြောင်း လည်း ဦးစိုင်းလုံ က ပြောသည်။

COVID-19 ကြောင့် သင်္ကြန်ပွဲတော်ပါ မကျင်းပရသည်မှာ ယခုနှစ်သည် သမိုင်းဝင် သင်္ကြန် မကျင်းပရသည့် နှစ်ဖြစ်ကြောင်းလည်း ဗုဒ္ဓဘာသာဝင် များက ပြောဆိုမှတ်ချက်ပြုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...

တာချီလိတ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်

0
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစားဆိုင်ခန်းပေါင်း ၈၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၈ ရက်မှစ၍ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားပြီး လိုင်းကြေးအနေဖြင့် ဆိုင်ခန်း ၁ ခန်းကို တစ်ညလျှင်...

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...

လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် လဲချားမြို့နယ် ဝန်ထီးကျေးရွာအုပ်စုရှိ ဝိဟန်စလိုင်းခုန် ဘုန်းကြီးကျောင်း ယနေ့ ( မတ်လ ၁၃) ရက် မွန်လွဲ ၃ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်စဥ်မှာ ဆိုလာမီးလျော့ရာမှ ဘတ္ထရီ ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လဲချားမြို့ ဒေသခံ...

နမ္မတူမြို့နယ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး တပ်ဆင်ထား

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုအတွင်း အာစာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...