Wednesday, February 4, 2026

CATEGORY

သတင်း

ကျောက်မဲ နောင်ပိန်တွင် အမျိုးသမီးတဦး သတ်ခံရ ၊အလောင်း ပိုင်ရှင်မဲ့ဖြစ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အနီးတွင် အမျိုးသမီး တဦး အသတ်ခံရပြီး၊ ယနေ့အချိန်ထိ အလောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅  ရက်နေ့က အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးသည် ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းအပိုင် လွိုင်လန်း...

နမ့်ဆန်မြို့နယ် နမ့်ခေး ဒေသခံများ စစ်ရှောင်နေစဉ် နေအိမ်ဖောက်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေစဉ် နေအိမ်များ ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း စက်တင်ဘာ ၁၆၊ ၁၇ ရက်တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့...

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာ တောင်းဆို

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာများက တောင်းဆိုလိုက်သည်။ ကချင်ပြည်နယ် မြစ်ကြီးနား တွင်  ပြုလုပ်သော သတ္တမကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံ အပြီး စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ရေးသားတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ မီဒီယာ ဥပဒေ၊ နည်းဥပဒေသည် မြန်မာဘာသာ...

မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင် နီးပါးရှိ ဘိန်းဖြူများဖမ်းမိ၊ တရားခံ လွှတ်မြောက်

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင်နီးပါးတန်ဖိုးရှိ ဘိန်းဖြူ များဖမ်းဆီးရမိပြီး တရားခံမှာထွက်ပြေး လွှတ်မြောက်နေသည်ဟု မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီ က မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဟိုဆောင်စက်လှေဆိပ်တွင်...

ကွတ်ခိုင်မြို့နယ်တွင် မှိုရှာထွက်သည့် အမျိုးသားတဦး မိုင်းနင်းမိ

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာ တွင် မှိုထွက်ရှာသည့် အမျိုးသားတဦး မိုင်းနင်းမိ ဒဏ်ရာရရှိရာ  ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်က ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာ အနီး အသက် ၃၆ နှစ်အရွယ်...

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ အောက်တိုဘာ တွင် ထပ်မံတွေ့ဆုံမည်

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ မြန်မာ့တပ်မတော်တို့သည် အောက်တိုဘာ လတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရယူခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ကပြုလုပ်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ မြန်မာ့...

၅၉ (စ) တွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ် များအတွက်ပါထည့်သွင်းရန် တပ်မတော်ကိုယ်စားလှယ်တင်သွင်း

မြန်မာနိုင်ငံတော် သမ္မတ အရည် အချင်း ကန့်သက်ထားသည့် ၅၉ (စ) ပါပြဌာန်းချက်များကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ တွင် တပ်မတော်သား ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်းများ နှင့် သက်ဆိုင်သည့် အခြေခံ...

ကျောက်မဲမြို့နယ် အတွင်း RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် TNLA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၆ ရက်ညနေပိုင်းက ကျောက်မဲမြို့ နယ် မိုင်းငေါ့မြို့နယ်(ခွဲ) ဟိန်းဝိုးရွာနှင့် ခင်းမ်ကောဝ် ကျေးရွာကြားတွင် မွန်းလွဲ ၂ နာရီခွဲတွင် သျှမ်းပြည် ပြန်လည်...

နမ့်ဆန်တိုက်ပွဲကြား ကလေး တဦး ကျည်စ ထိမှန်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ နယ် နမ့်ခေး ကျေးရွာ အတွင်း လက်နက်ကြီး ကျသဖြင့်အသက် ၉ နှစ်ကျော် ကလေးတဦး ကျည်စများ ထိမှန်ကာ ယနေ့ထိ ကျည်စ မထုတ်ရသေးကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၆ ရက်ကဖြစ်ပွါးသောတိုက်ပွဲကြောင့် နေ့လည် ၂ နာရီ ဝန်းကျင်က...

မိုင်းပျဉ်းမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဒေသခံ အမျိုးသားတဦးကို တပ်မတော်က ခေါ်ယူရိုက်နှက်စစ်ဆေး

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရွာသားတဦး ကို မြန်မာ့တပ်မတော်က ခေါ်ယူ စစ်ဆေးရာတွင်ရိုက်နှက်မှုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ခလရ ၂၇၈ မှ တပ်သားများသည်...

Latest news