မူဆယ် လေပြင်းတိုက် နေအိမ်တချို့ ပျက်စီး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့(ည ၁၀နာရီခွဲ)ဝန်းကျင်က လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by Thaung Tun /facebook

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်( ၄၅)ကုန်း နေအိမ်တချို့ ပြိုကျခြင်း နှင့် ဟိုနားရပ်ကွက် နှင့် တောင်ရပ်ကွက် ရှိ နေအိမ်တချို့ တွင် အိမ်ခေါင်မိုးများ လှန်ခြင်း တို့ ဖြစ်ပွားခဲ့ကြောင်း မူဆယ် ဒေသခံများပြောပြချက် အရသိရသည်။

“ ဟိုမွန်ရပ်ကွက် (၄၅)ကုန်းမှောတာ့ အိမ်တွေပြိုတယ်။ အိမ်ထောင်စု ၅စု၊ အိမ်၄လုံးပါ။ လူထိခိုက်မှုကတော့ မရှိဘူး” ဟု မူဆယ် ဂရုဏာ လူမှုကူညီရေး မှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by Thaung Tun/ facebook

အဆိုပါ က နေအိမ်ပြိုကျသည့် အိမ်ထောင်စုများကို ဆန်များ၊ ငွေများ သွားရောက် လှူဒါန်းခဲ့ကြောင်းလည်း ဦးသောင်းထွန်းက ပြောသည်။

ဆက်လက်ပြီး မူဆယ် တောင်ရပ်ကွက် နေထိုင်သည့် စိုင်းမြတ် က “ ၄၅ကုန်းဘက်တော့ တော်တော်ပျက်စီးတယ်။ အိမ်တွေပြိုတယ်။ တောင်ရပ်ကွက် နဲ့ဟိုနား ဘက်ကတော့ အိမ်ခေါင်မိုးပဲလှန်တာ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို နေအိမ်ပြိုကျ ၊ အိမ်ခေါင်မိုးလှန်သော်လည်း လူထိခိုက်မှု တစုံတရာမရှိကြောင်း၊ သက်ဆိုင်ရာမှ သွားရောက် ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...