Thursday, February 5, 2026

CATEGORY

သတင်း

လယ်ယာမြေများအားဟုန်ပန်းကုမ္ပဏီခြံခတ်သိမ်းယူမှု တာချီလိတ်လယ်သမားများလက်မခံ

တာချီလိတ်မြို့မှ မိုင်းဖုန်းအသွားလမ်းရှိ စက်မှုဇုံနယ်မြေအနီး လယ်ယာမြေများအား ဟုန်ပန်းကုမ္ပဏီမှ ခြံခတ်သိမ်းယူမှုပြုလုပ်ရာ ဒေသခံများလက်မခံဘဲ ခြံစည်းရိုးများအား ယနေ့သွားရောက်ဖျက်ဆီး လိုက်ကြောင်းသိရှိရသည်။ ၂၀၁၉ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဟုန်ပန်းကုမ္ပဏီက တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် - ဆေခမ်း နှင့် ၀မ်ဟောင်အပိုင်း လယ်ယာမြေဧက ရာဂဏန်းအား သွားရောက်ခြံခတ်မှုပြုလုပ်ခဲ့ကြောင်း၊...

လားရှိုး – ရမခ စစ်တိုင်းရုံးအနီး လက်နက်ကြီး ပစ်ခတ်ခံရလို့ ပတ်ပတ်လည်လမ်းများပိတ်ထား

ယနေ့နံနက်ပိုင်းက လားရှိုးမြို့ ဘူတာကြီး နှင့် စစ်တိုင်းရုံးအနီး ရှော့တိုက်ဒုံး ပစ်ခတ်ခံရရာ လူထု အသက်အိုးအိမ်ထိမှန်သောကြောင့် ယနေ့ ညနေပိုင်းအတွင်း စစ်တိုင်းရုံး ပတ်ပတ်လည်လမ်းမ များအား ပိတ်ထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။ လားရှိုးကြီးမှ လေယာဉ်ကွင်း - ဘူတာဘက်သွားသည့် မြို့ပတ်လမ်း၊ ခိုင်းဟျိုး (ခါးရိုး)မှ စစ်တိုင်းရုံးဘက်သွားသည့်လမ်း၊ လားရှိုး ပြည်သူ့အားကစားကွင်းဘက်မှာ...

နမ့်ခမ်းမြို့  SNLD   မြို့နယ်လက်ထောက်အတွင်းရေးမှူး   စိုင်းအိုက်နောင့်ကွယ်လွန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် SNLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ မြို့နယ် လက်ထောက်အတွင်းရေးမှူး ၁ စိုင်းထိန်လင်းအောင်(ခေါ်) စိုင်းအိုက်နောင့် အသက် ၃၈ နှစ်သည် နမ့်ခမ်းမြို့နေအိမ်တွင်ကွယ်လွန်သွားခဲ့သည်။ စိုင်းအိုက်နောင့်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကောင်းနောင်မိုရပ်ကွက်ရှိနေအိမ်တွင်ပင်ကွယ်လွန်သွားခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်ယနေ့...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နို၀င်ဘာလ ၁၄ ရက် ယနေ့မနက် ရ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့...

ရဲဝင်ဖမ်းစဉ် မူးယစ်သုံးစွဲသူက မယားဖြစ်သူအား ဓါးစာခံအဖြစ်သုံးပြီး မိမိကိုယ်ကိုကာကွယ်

သျှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်အတွင်း ကျေးလက်ဒေသခံတဦးအား  မူးယစ်ဆေးဝါး မှုဖြင့် ရဲများလိုက်လံဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ဇနီးဖြစ်သူအားဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က လွိုင်လင်မြို့နယ် ပန်ခေါက်ဝိုးရွာနေ စိုင်းဇိန အသက် ၄၁ အား မူးယစ်ဆေးဝါးမှုဖြင့် ၎င်းနေအိမ်အထိ ရဲများလိုက်လံဖမ်းဆီးရာ အဖမ်းမခံဘဲ ဇနီးဖြစ်သူ နန်းရွှေဝါ အသက် ၃၄ နှစ်အား...

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှုဖြစ်ပွါး လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသားများစိုးရိမ်ကြောက်လှန့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့တိုက်ပွဲကြောင့် ခရီးသွားပြည်သူလူထု လမ်းခရီးမဆက်ရဲဘဲ ရောက်သည့်နေရာတွင် ရပ်နားထားရသည့်အပြင် ရွာသားများလည်း လက်နက်ကြီးသံကြောင့် ကြောက်ရွံ့နေကြကြောင်းသိရသည်။ နိုဝင်ဘာလ ၁၃ ရက် ယနေ့မနက်ပိုင်းကတည်းက သိန္နီ ကွတ်ခိုင်ကြား လွယ်ဆာမ်ဆစ်တွင် တိုက်ပွဲဖြစ်ပွါးရာ မူစယ်-မန္တလေးခရီးသွားများ လမ်းခရီးပြတ်တောက်ရကြောင်း ဒေသခံစိုင်းလှ...

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု  လမ်းခရီးနှောင့်နှေးကြန့်ကြာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း  TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ...

ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အမျိုးသမီးတဦးအား သေနတ်သမားတဦးက နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၁၀ ရက်  ညနေပိုင်းက ရပ်စောက်မြို့နယ် နောင်ဝိုးရွာနေ နန်းခမ်းစိန် အသက် ၄၃ နှစ်သည်လယ်တောမှ နေအိမ်ပြန်အရောက်တွက် အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတဦးက ဆိုင်ကယ်ဖြစ်အိမ်ဝင်းအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့သဖြင့် ကျည် ၄ ချက်ထိမှန်ပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ “သူ့ရဲ့...

အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS တိုႉ မိုင်းကိုင်မြို့နယ်အတွင်း အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွါး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အစိုးရတပ်မတော်တို့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက အစိုးရတပ်မတော် အမှတ် ၇၅၇ တပ်ရင်းမှ အင်အား ၄၀ ကျော်သည် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုရှိတောတောင်ဘက်သို့ဝင်ရောက်လှုပ်ရှားရာ RCSS/SSA နှင့်  ၂ ကြိမ်...

ကျေးသီးဒေသခံများစုပေါင်းကာ သျှမ်းစာပါသော ဈေးနှင့်လမ်း ဆိုင်းဘုတ်များစိုက်ထူ

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့တွင် သျှမ်းစာပါသော ဈေးနှင့်လမ်းဆိုင်းဘုတ်များကို ဒေသခံများစုပေါင်းစိုက်ထူခဲ့ကြကြောင်းသိရသည်။ နိုဝင်ဘာလ ၁၀ ရက်က ကျေးသီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့်စည်ပင်သာယာရေးတို့မှဦးဆောင်ကာ ကျေးသီးမြို့ မြို့မဈေးကြီး အား သျှမ်းဘာသာဖြင့် “ၵၢတ်ႇလူင်ဝဵင်းၵေးသီး ” မြန်မာဘာသာဖြင့် “ ကျေးသီးမြို့နယ် စည်ပင်သာယာရေးဌာနဈေး ”ဟုရေးသားထားသော ဆိုင်းဘုတ် တင်ခဲ့ကြောင်းသိရသည်။ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက -...

Latest news