Saturday, April 20, 2024

ပင်လုံတွင် Facility Quarantine ဝင်သည့် ပြည်တော်ပြန် မရှိသေး

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် မှာ Facility Quarantine ဝင်ထားသည့် ပြည်တော်ပြန်များ မရှိတော့ ကြောင်း သိရသည်။

Photo by နန်းမြထွေး

မေ ၂၄ ရက်နေ့က ပင်လုံမြို့မှာ ဝင်ထားသည့် ပြည်တော်ပြန် ၁၀၄ ဦးသည် ၂၁ ရက် Quarantine ပြည့်ပြီး နေအိမ်ဆီသို့ အသီးသီး ပြန်သွားကြပြီဖြစ်ကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပင်လုံမြို့မှာတော့ ပြည်တော်ပြန် Quarantine ဝင်တဲ့သူ မရှိတော့ဘူး။ ရဟန်း ၂၄ ပါး ပဲ ကျန်တော့တယ်။”ဟု နန်းမြထွေး ကပြောသည်။

ပင်လုံမြို့ရှိ စွန်းလွန်း ကမ္ဗဋ္ဌာန်းကျောင်းတိုက်မှာ ရန်ကုန်ပြန် သံယာ ၂၄ ပါး ၂၁ ရက် Quarantine ဝင်ထားကြောင်း သိရသည်။

“သံယာတော်တွေ ဆွမ်းဘုန်း ဖို့အတွက်ကတော့ ဒကာတွေ လှူတာရှိသလို ဒကာတွေ မရှိတဲ့ ရက်ဆိုရင်လည်း ကိုဗစ် ထိန်းချုပ်တဲ့ ကော်မတီ ကနေ လှူထားတဲ့ ဆွမ်းဟင်းတွေကို ဒကာတွေက ပြန်ချက်ပြီး ဆွမ်းလောင်းတယ်” ဟု နန်းမြထွေး ကပြောသည်။

ပင်လုံမြို့နယ်ရှိ ကိုဗစ် – ၁၉ ထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီ အဖွဲ့ မှ ပင်လုံမြို့ အထွက် အလံတရာကျောင်းဘုန်းတော်ကြီးကျောင်းရှေ့မှာ စစ်ဆေးရေး ဂိတ် များ ထားရှိကာ စစ်ဆေးထားလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article