Wednesday, January 28, 2026

မူဆယ် KTVတခုတွင် လက်ပစ်ဗုံး နှင့် လက်နက်များ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ Moon Light KTV (ကေတီဗွီ)ဆိုင်တွင် လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ ရှာဖွေတွေ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့( မေ ၂၆) ညနေ ၄နာရီကျော်တွင် ကောင်းမူတုံရပ်ကွက် မှ မူဆယ်မြို့တွင်းသို့ ယာဉ်မောင်း ဝင်းဇော်ပိုင် မောင်းနှင်းလာသည့် Harrier လိုင်စင်မဲ့ ယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်ပစ်ဗုံး ၄လုံး ရှာဖွေသိမ်းဆည်းရမိကြောင်း မူဆယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ယာဉ်မောင်းနှင်လာသူအား စစ်ဆေးမေးမြန်းရာ ဖခင်ဖြစ်သူ ဦးယိုင်တင် ပိုင်ဆိုင်သောယာဉ်ဖြစ်နေကြောင်းသိရသည်။

အာဏာပိုင်များက ဦးယိုင်တင် နေထိုင်သည့် Moon Light KTV သို့သွားရောက် စစ်ဆေးရာတွင် ၎င်းအားမတွေ့ရှိရဘဲ ပစ္စတို သေနတ် ၂လက်၊ ကျည်အိမ် ၂ခု၊ ၉ မမ ကျည် ၁၀တောင့်၊ ပွိုင့် ၃၈ကျည် ၈တောင့်၊ အမ် ၂၂ ကျည် ၃၂တောင့်၊ စက်လက်ကျည်ခါးပတ်တွဲ (အတို ၁ခု)၊ လက်ပစ်ဗုံးဖြူးစ် ၂ခု နှင့် လမ်းလျှောက်စကားပြောစက် ၁လုံး တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် လက်လုပ်ဗုံး ၂လုံးပေါက်ကွဲမှုဖြစ်ပွား သဖြင့် သက်ဆိုင်ရာမှ စိစစ်မှု ပြုလုပ်နေစဉ် အဆိုပါ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ တွင် မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသကဲ့သို့ယခုရက်ပိုင်း မူးယစ်ဆေးဝါးလည်း ဆက်တိုက် သိမ်းဆည်းရမိနေပါသည်။

သို့သော် ဗုံးပေါက်ကွဲမှုနှင့် ပက်သက်ပြီး ယနေ့ အချိန်ထိ တရားခံဖမ်းဆီးရမိခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များ TNLA ရက်အကန့်သတ်မရှိ ပိတ်ခိုင်း

0
သျှမ်း-မန္တလေးနယ်စပ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်ရှိ KTV များကို ရက်အကန့်သတ်မရှိ ပိတ်ခိုင်းထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ စပြီး မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံသတိပေးပြီးနောက်...