Thursday, January 29, 2026

မော်တော်ဆိုင်ကယ် ရှေ့မီး နေ့၊ည မီးဖွင့်မောင်းရမည့် ဥပဒေ တရပ် အတည်ပြု

မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ရှေ့မီး အနိမ့်ကို နေ့၊ည အချိန်တိုင်း ဖွင့်ပြီး မောင်းနှင်ရမည် ဟု သတင်းရရှိသည်။

အဆိုပါ အချက်သည် မေ၂၆ရက် တွင် နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်ရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ တွင် ပါရှိကြောင်း သိရသည်။

အတည်ပြုလိုက်သည့် ဥပဒေ အချက်ပေါင်း ၁၀၆ ချက်ရှိရာ ထိုထဲတွင် မော်တော်ဆိုင်ကယ်နှင့် သက်ဆိုင်သည့် အချက်များမှာ မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန် နှင့် အိပ်ဇောရှိ အသံထိန်း ကိရိယာ မပါဘဲ မောင်းနှင်ခြင်းမပြုရ၊ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ရာတွင် ရှေ့မီး အနိမ့်ကို နေ့၊ည အချိန်တိုင်းတွင် ဖွင့်ပြီး မောင်းနှင်ရန် ပျက်ကွက်ခြင်း မရှိစေရ နှင့် ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်ဦးထုပ် ကို မေးသိုင်းကြိုးသေချာစွာ တပ်ဆင်ရန် စသည့် အချက်တို့ပါဝင်ကြောင်း သိရသည်။

“တောင်ကြီးမှာတော့ ဒီစည်းကမ်းကို မလုပ်ရသေးဘူး။ ဒီဥပဒေက ခုမှ အတည်ပြုတဲ့အတွက် လောလောဆယ် အရေးယူတာတွေ မရှိသေးပါဘူး” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး ( သျှမ်း/တောင်) ရဲမှူးထွန်းနိုင်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် နှင့် မော်တော်ဆိုင်ကယ်များ မှာ ပုဒ်မ – (၇၆) (ခ) အရ မော်တော်ဆိုင်ကယ်မောင်းနှင်သူများဟာ ဆိုင်ကယ်အရှေ့အောက်မီး အနိမ့်ကို နေရာ ညပါ ဖွင့်လှစ် မောင်းနှင် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ပြည်သူတွေ သိအောင် အရင်ဆုံး ပညာပေးဖို့အတွက် စလုပ်ဖို့ ရှိပါတယ်။ လောလောဆယ် အနေအထား အရ တော်တော်များများ မသိသေးဘူး။” ဟု ရဲမှူး ထွန်းနိုင်အောင် က ပြောသည်။

မြန်မာနိုင်ငံတွင် နေ့နေ့ညည မီးဖွင့်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင် ရမည့် ဥပဒေကို ယခုမှ ပြဌာန်းထားပေမယ့် ထိုင်းနိုင်ငံမှာတော့ ၎င်း ဥပဒေ ကို ကျင့်သုံးထားတာ ကြာပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News