Friday, April 26, 2024

ကျိုင်းတုံ COVID-19 လူနာ အမှတ် ၆၄ Negative စတင်ဖြစ်လာ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံတွင် COVID-19 လူနာ အမှတ် ၆၄ ဓါတ်ခွဲအဖြေမှာ Negative ဖြစ်လာကြောင်း သိရသည်။

ကျိုင်းတုံဆေးရုံ

အဆိုပါ လူနာ အမှတ် ၆၄ ၏ ဓါတ်ခွဲ အဖြေသည် ၆ ကြိမ်ဆက်တိုက် Positive ဖြစ်ပြီး မေလ ၂၅ ရက် မှ Negative တစ်ကြိမ် ဖြစ်ကြောင်း သိရသည်။

“သူ့ ကျန်းမာရေးကတော့ ကောင်းနေတယ်။ တစ်ကြိမ်ပဲ Negative ဖြစ်သေးတယ်။ နက်ဖန် ဓါတ်ခွဲ အဖြေပြန်စစ်မယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဒေါက်တာလှဌေးမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် ၆၄ သည် ရန်ကုန်မြို့တွင် ကျင်းပသည့် ဘာသာရေးပွဲမှ ပြန်လာသူဖြစ်ပြီး ဧပြီ ၂၅ ရက်နေ့တွင် အတည်ပြု လူနာအမှတ် ၆၄ အဖြစ် ဓါတ်ခွဲ အဖြေအရ ထွက်ရှိလာပြီး သျှမ်းပြည်အရှေ့ပိုင်း၏ ပထမဆုံး COVID-19 အတည်ပြု လူနာ ဖြစ်ခဲ့သည်။

“၂ ကြိမ်ဆက်တိုက် Negative ဖြစ်ရင် ဆေးရုံမှာ ၁၄ ရက်နေပြီး ဆေးရုံဆင်းခွင့်ရမှာ ဖြစ်ပါတယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံ မှ ဒေါက်တာလှဌေးမင်း ကပြောသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံ တွင်  ကိုဗစ်-၁၉ သံသယ လူနာ ၅ ဦးရှိပြီး ၂ ဦး Negative ဖြစ်ကာ ကျန်သည့် ၃ ဦးကို ဓါတ်ခွဲ အဖြေ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းတွင် COVID-19 positive ဖြစ်သူ ၂၀၆ ဦး၊ ပြန်လည် သက်သာလာသူ ၁၂၆ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် COVID-19 positive ဖြစ်သူ ၁ ဦးသာ ကျန်ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article