Wednesday, January 28, 2026

ဆရာဝန် တဦး အရေးပေါ်ကားဖြင့် တရားမဝင် ကျွန်းသစ်များ သယ်ဆောင်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ဆရာဝန်တစ်ဦး မောင်းနှင်းလာသည့် ဆေးရုံပိုင် အရေးပေါ်တင်ယာဉ်၌ တရားမဝင် ကျွန်းသစ်တံခါးများ သိမ်းဆည်းရကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဆရာဝန်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် တာဝန်ကျ ဆရာဝန် ဒေါက်တာစိုင်းစိုးဟိန်း ဖြစ်ကြောင်း သိရသည်။

“ဆေးရုံကား နဲ့ ကျွန်းတံခါးရွက် ၉ ရွက် သယ်လာတယ်။ နမ့်စန် ကိုဗစ် တားဆီး ကာကွယ်ရေး ဂိတ် မှာ ဖမ်းဆီးရမိတယ်” ဟုလွိုင်လင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုကျွန်းသစ်တံခါးများကို သယ်ဆောင်သည် ဆရာဝန် ကို သစ်တော ဦးစီးဌာန အနေဖြင့် သစ်တော ဥပဒေ ပုဒ်မ ၂၀၀၈ ဥပဒေ ပုဒ်မ ၃၃ ၊ က ၊ ၁ အရ အရေးယူထားကြောင်း ဦးပြည့်ဟိန်း က ဆိုသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေ ၂၆ ) ည ၁၁ နာရီ ဝန်းကျင်တွင် ခိုလမ် မှ နမ့်စန်မြို့သို့အဝင်ဂိတ်၌ တာဝန်ရှိသူများမှ ဆေးရုံကား တစ်စီးကို ရပ်တန့် စစ်ဆေးရန် တားခဲ့သော်လည်း ရပ်မပေးဘဲ အရှိန်မြှင့် မောင်းပြေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ လွိုင်လင်ဘက် အထွက်ဂိတ်ကို ဖုန်းဆက်ပြီး တားမြစ်ခိုင်းရာ ထို အရေးပေါ်ကား ရောက်လာသည့် အချိန်တွင် စစ်ဆေးရာ မြို့နယ် ဆေးရုံကားဖြင့် တရားမဝင် ကျွန်းတံခါးချပ်များ တင်ဆောင်လာခြင်းဖြစ်ကြောင်း ကိုဗစ် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်မှ တာဝန်ကျ အမျိုးသား တဦး က ပြောသည်။

“ ၀ ဒသမ ၅၄၆၀ တန် ဖမ်းဆီးရမိတယ်။ ကားပေါ်မှာ တစ်ယောက်တည်း ကိုယ်တိုင်မောင်းလာတယ်။ ကျိုင်းတောင်း ကနေ ပင်လုံ ကို သွားမယ်လို့ သိရတယ်” ဟု လွိုင်လင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၀၈ ခုနှစ် သစ်တော ဥပဒေ အခန်း (၁၀) ပုဒ်မ ၃၃ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁) တွင် တစ်တန်ထက် မပိုသော ကျွန်းသစ်ကို ဖြစ်စေ၊ တားမြစ်သစ်ပင်မှ ထွက်ရှိသည့် တစ်တန်ထက် မပိုသော သစ်ကိုဖြစ်စေ ဖမ်းဆီးရမိလျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်း အထိ ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး သစ်များကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းဖော်ပြထားသည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် ရွှေလီမြို့ ကျွန်းသစ် ထားရာနေရာ မီးလောင်မှုဖြစ်

0
သျှမ်းပြည် မှ တစ်ဆင့် တင်ပို့သည့် ကျွန်းသစ်များ ထားရှိရာ မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့ ရှိ ကျွန်းသစ် ထားသည့်နေရာတွင် မီးလောင်မှု ဖြစ်ပွားရာ တရုတ်ငွေ ဘီလီယံ ယွမ်ထက်မနည်း ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဧပြီလ ၂၅...

နမ့်စန်မြို့ စစ်ကောင်စီလေတပ်များ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။ နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်လေယာဉ်တွေ၊ ရဟက်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...