Wednesday, January 28, 2026

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း သတင်းသိရသည်။

“ဒီလို လေယာဥ် အတက်အဆင်းမရှိတာ တော်တော်ကြာနေပြီ၊ ဒီနေ့တော့ လေယာဥ် ၁၀ စီးကျော်လောက်က မြောက်ဘက်ကို ဦးတည်ပြီး ပျံသန်းသွားတာ တွေ့ရတယ်၊ လူပါတဲ့ရဟတ်ယာဥ်ရော၊ လူငယ်တွေပြောတဲ့ ဗုံးကျဲတဲ့ လေယာဥ်အမျိုးအစားရော တွေ့ရတယ်” ဟု နမ့်စန်မြို့မှ အမည်မဖော်လိုသည့် အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ နမ့်စန်လေတပ်မှ ရဟတ်ယာဉ်အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ပြီးနောက်ပိုင်း မည်သည့်လေယာဥ်ပျံသန်းမှုမှမရှိဘဲ ယနေ့မှ ပြန်လည် မြင်တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ နမ့်စန်မြို့မှ လေယာဥ်များ မြောက်ဘက်သို့ ဦးတည်ပျံသန်းခြင်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကူရန်အတွက် ထွက်ခွာသွားခြင်းဖြစ်နိုင်သည်ဟု ယူဆ ကြောင်းလည်း နမ့်စန်မြို့မှ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့က နမ့်ခမ်းဘက်မှာ TNLA နဲ့ စကစတွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ကြားပါတယ်၊ ဒီနမ့်စန်ကနေ မြောက်ဘက်ကို သွားတဲ့ လေယာဥ်တွေက TNLA ကို တိုက်ဖို့သွားတဲ့ စစ်ကူတွေလား ဆိုပြီး တွေးမိပါတယ်၊ ဒီလိုလေယာဥ်နဲ့သာ တိုက်ပွဲဝင်မယ်ဆိုရင်တော့ ပြည်သူတွေအတွက် အထိနာမယ်၊ စိုးရိမ်ရတယ်” ဟု အဆိုပါလူငယ်က ပြောသည်။

စစ်ကောင်စီတို့၏ လေတပ်အခြေစိုက်စခန်းရှိသည့် နမ့်စန်မြို့သည် သျှမ်းပြည်တောင်ပိုင်းအတွင်းတွင် တည်ရှိနေပြီး သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...