Tuesday, January 27, 2026

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။

နမ့်စန်

ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ ခမ်းလီရွှေဆိုင်ကို လူငယ်တစ်စုက သေနတ်ပစ်ဖောက်ခြောက်လန့်ပြီး မှန်ဘောင်များကို ရိုက်ခွဲကာ ဓါးပြတိုက်ရန် ကြိုးစားခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓါးပြတိုက်ဖို့လာတာပေါ့၊ ဒါပေမဲ့ ပစ္စည်းတွေတော့ မပါသွားဘူး၊ လူကလည်း များတော့ သူတို့လန့်ပြီး ပြန်ပြေးသွား တယ်၊ ဒါပေမဲ့ အမျိုးသားတစ်ယောက်က ခါးထိသွားတယ်၊ နောက်တစ်ယောက်ကတော့ ခြေကျင်းဝတ်ကို ထိသွားတယ်” ဟု ဈေးအနီးရှိနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓါးပြတိုက်ရန်ကြိုးစားသည့် လူတစ်စုသည် ရွှေဆိုင်မှန်ဘောင်ကို ရိုက်ခွဲစဥ် လူများ ဝိုင်းလာကြသဖြင့် လန့်ပြီး ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားတို့သည် အရပ်ဝတ်များ ဝတ်ဆင်ကာ လူနာတင်ယာဥ်များနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်လာကြောင်း ဒေသခံများက ပြောသည်။

“သူတို့တွေ ထွက်ပြေးပြီးမှ လူနာတင်ယာဥ်ရော၊ ရဲရော စစ်သားရော ရောက်လာကြတယ်၊ ရဲနဲ့ စစ်သားတွေက အရပ်ဝတ်တွေများကြတယ်၊ နောက်ကျပြီး ရောက်လာတဲ့သူကမှ ယူနီဖောင်းဝတ်နဲ့ ဈေးကို ပိတ်ခိုင်းတာ၊ ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကို သယ်သွားကြပြီ၊ သိပ်စိုးရိမ်စရာမရှိဘူးပြောပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင်လည်း စစ်သားနှင့်ရဲတို့က ဈေးနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးချထားပြီး ပြည်သူများ သတိနှင့် သွားလာနေထိုင်ကြရန် သတိပေးပြောဆိုမှုများ ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ နေ့ခင်းအချိန် ဓါးပြတိုက်ရန်ကြိုးစားမှုဖြစ်ပွားသည့် နမ့်စန်မြို့သည် အာဏာသိမ်းစစ်ကောင်စီတို့၏ တပ်ဖွဲ့များအပြင်၊ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးလှုပ်ရှားမှုများရှိသည့် နယ်မြေ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ ‌ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၆ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိ လက်နက်ကိုင်လူတစ်စုမှ အဖြူရောင် Crown ကားတစ်စီးဖြင့် ဝင်ရောက်...

ဆီဆိုင်တွင် စစ်ကောင်စီ ပြန်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက်ဆိုင်ခန်းပိုင်ရှင်များကို စည်းရုံးဆွဲခေါ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပြန်လည် တည်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက် ဈေးဆိုင်ခန်းပိုင်ရှင်များကို နေရာချပေးရန် စည်ပင်မှ စည်းရုံးဆွဲခေါ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်ဆောက်လုပ်ထားပြီး မူလဆိုင်ခန်း ပိုင်ရှင်တစ်ဦးလျှင် ဆိုင်ခန်း (၁)...