Thursday, April 25, 2024

မြန်မာ – တရုတ်နယ်စပ် ရွှေလီမြို့ ကျွန်းသစ် ထားရာနေရာ မီးလောင်မှုဖြစ်

Must read

သျှမ်းပြည် မှ တစ်ဆင့် တင်ပို့သည့် ကျွန်းသစ်များ ထားရှိရာ မြန်မာ – တရုတ် နယ်စပ် ရွှေလီမြို့ ရှိ ကျွန်းသစ် ထားသည့်နေရာတွင် မီးလောင်မှု ဖြစ်ပွားရာ တရုတ်ငွေ ဘီလီယံ ယွမ်ထက်မနည်း ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

ကျွန်းသစ်များ မီးလောင်စဥ်

ယမန်နေ့ (ဧပြီလ ၂၅ ) ရက် ညနေပိုင်း ၄ နာရီမှ စတင်ကာ ည သန်းခေါင်ချိန် အထိ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

“အများဆုံးကတော့ ကျွန်းသစ်ပေါ့နော်၊ တခြား သစ်တွေလည်း ပါသေးတယ်၊ အခုတော့ အားလုံး မီးထဲပါသွားပြီ၊ သန်းခေါင်ယံချိန်မှ မီးငြိမ်းနိုင်ကြတာလေ၊ ဆုံးရှုံးမှုလည်း ယွမ်ငွေသိန်းပါင်းသောင်းနဲ့ချီတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မီးလောင်ပျက်စီးရသည့် ကျွန်းသစ် ထားသည့်နေရာသည် သျှမ်းပြည်မှ အများဆုံး တင်ပို့ရောင်းချသည့် သစ်များဖြစ်နေပြီး ကိုဗစ် -၁၉ မတိုင်ခင်ကတည်းက နှစ်ပေါင်း ၈ နှစ်နီးပါး ရှိနေကြောင်းလည်း သိရသည်။

“သစ်စက်ဝန်းလည်း တော်တော်ကို ကျယ်ပါတယ်၊ မီးလောင်နေတဲ့ အချိန်မှာ တရုတ်ဘက်က မီးသတ်ကားတွေလည်း လာကူငြိမ်းပါတယ်၊ ဒါပေမဲ့ သစ်တော်တော်များများက နှစ်အကြာကြီး ထားထားတော့ ခြောက်ပြီး မီးကူးတအားလွယ်တာလေ၊ တော်တော်နဲ့ မငြိမ်းနိုင်ခဲ့ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း သစ်များ အားလုံး ပြာကျသွားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article