Wednesday, January 28, 2026

သျှမ်းပြည် အတွင်းရှိ ဈေးဆိုင်၊ စားသောက်ဆိုင်များ ဇွန်လ စတင်ဖွင့်လှစ်မည်

သျှမ်းပြည်နယ် အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ ကို ဇွန် ၁ရက်မှ စပြီး ပြန်လည် ဖွင့်လှစ်သွားမည် ဟု စုံစမ်းသိရသည်။

Photo by SHAN

 

အဆိုပါ ပြန်ဖွင့်မည့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ အားလုံးသည် စည်းကမ်းသတ်မှတ်ချက် နှင့် အညီ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း မေ ၂၆ရက် တွင် ကျင်းပသည့် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး ၏ အစည်းအဝေး ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိရသည်။

“ဇွန် ၁ ရက်နေ့ ပြန်ဖွင့်ဖို့အတွက် က ပြင်ဆင်ထားပါတယ်။ ဆိုင်တွေမှာဆို ၁၀ ခုံ ရှိရင် ၅ ခုံပဲ အရင် ခင်းထားမယ်။ ဈေးဆိုင်ခန်း ၅၀၀ရှိရင် တစ်ဝက်လောက်ပဲ ပေးဖွင့်မယ်။ နောက်တစ်ရက်မှ ကျန်တဲ့ တစ်ဝက် ပြန်ဖွင့်ရမယ်။ အလှည့်ကျ ဖွင့်ရမယ်လို့ စီစဉ်ထားပါတယ်” တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်ကြီးမြို့မဈေး ကို မနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီထိ ဖွင့်ရန် စီစဉ်ထားကြောင်း ဦးဇော်ဝင်းထူး က ပြောသည်။

ဟိုတယ်များကို အလုပ်သမား ဝန်ကြီးဌာန၊ ပြည်နယ် စည်ပင်သာယာရေးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။

“ကျမ တို့ ပြန်ဖွင့်ဖို့အတွက် ပြင်ဆင်နေပါပြီ။ ဖွင့်ရင်လည်း ၂၇ ချက် နဲ့ ကိုက်ညီရမှာပါ။ ဥပမာ အိပ်ခန်းတိုင်း ပိုးသတ်ဆေးတွေ ဖျန်းရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ကျမ တို့ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင် ဟိုတယ် နှင့် ခရီးသွား ဆီ စာတင်ပြီး သူတို့ လာစစ်ပြီးတော့ စည်းကမ်းချက် နဲ့ ကိုက်ညီရင် ဖွင့်လို့ရပြီ” ဟု ဟိုတယ် ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးမှာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ဇွန် ၁ ရက် တွင် ထုတ်ပြန်သင့်သည့် အချက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက် နှင့် အညီ လိုက်နာ လုပ်ကိုင်နိုင်သူများကို ဆိုင်ခန်း ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် KTV နှင့် Night Club များကို ယခင်မူလအတိုင်း ဆက်လက် ပိတ်ထားရမည်ဖြစ်သည်။

မော်တော်ယာဉ်လိုင်းများအား ယခင်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ခရီးသည် ထက်ဝက်နှုန်း ဖြင့် ပြေးဆွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...