သီပေါမြို့နယ် နိုင်ငံခြားခရီးသွား ၂ဦး မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် ယနေ့ ညနေ ၅နာရီ ၌ နိုင်ငံခြား ခရီးသွား အမျိုးသား ၂ဦး မိုင်းနင်းမိကာ တဦး သေဆုံးပြီး ၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ် ပန်ညောင်ကျေးရွာ နှင့် ကွန်ဟောက်ကျေးရွာ ကြားတွင်...
စစ်ပဋိပက္ခနယ်မြေတွင် အကြမ်းဖက်ခံရသည့်အမျိုးသမီးများ တရားမျှတမှု မရရှိသေး
စစ်ပဋိပက္ခ နယ်မြေ အတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများ တရားမျှတမှု ရရှိရန် ခက်ခဲနေသေးကြောင်း သိရသည်။ စစ်ပဋိပက္ခ အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှု အခြေအနေများကို တရားမျှတမှု ရရှိစေရန် နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် များရပ်တန့်ပေးရန်လည်း အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ထုတ်ပြန်ချက်တွင်...
နမ့်ဆန်မြို့နယ် စစ်ရှောင် ပြည်သူများ စားနိပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် အတွင်း နိုဝင်ဘာ ၁၁ရက်နေ့မှ စတင်ကာ ယနေ့ ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၁ထောင်ကျော်...
လျှပ်စစ်ဝန်ကြီး ကို သီပေါမြို့နယ် ဒေသခံများ ရွာဝင်မခံ၊ ဆန္ဒပြ
“ ရေကာတာ တည်ဆောက်မှု အလိုမရှိ” “ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်တန့်ပေး” ဆိုသည့် သျှမ်းဘာသာဖြင့်ကြွေးကြော်နေကြသည်။ ထိုကြွေးကြော်မှုသည် နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ် အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ...
နမ့်ဆန်မြို့နယ် အတွင်း TNLA လက်နက် ခဲယမ်းများ သိမ်းဆည်း ရမိ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟူးခင်းကျေးရွာအုပ်စု ဟိုမိန်းကျေးရွာ အနီးတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် ဟူးခမ်းကျေးရွာအုပ်စု ဟိုမိန်းကျေးရွာ အနီးတွင် နိုဝင်ဘာ ၂၂ရက် တွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ လက်နက်ခဲယမ်းများဖြစ်ကြောင်း...
နမ့်ဆန်မြို့ နယ် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ရိုက်ခံရ၊ဒဏ်ရာပြင်းထန်
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး ရိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ဖြစ်စဉ်မှာ ယမန် (နိုဝင်ဘာ ၂၂ရက်) မနက် ၉ နာရီ တွင် မြန်မာ့ တပ်မတော် တပ်မ(၈၈) မှ မန်မိုင်မိန်းကွမ်းကျေးရွာ...
နမ့်ဆန်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါး စစ်ရှောင် ၁ ထောင်ကျော်ရှိလာ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ရှောင်များ ၁ထောင်ကျော် ရှိလာကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့သည် နိုဝင်ဘာ ၁၁ရက်နေ့ မှစတင်ကာ ယနေ့တိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။ “...
မိုင်းကိုင်မြို့နယ်တွင် ကျောင်းအုပ်ဆရာမ၏ခင်ပွန်းမှ သက်ငယ်မုဒိမ်းကျူးလွန်ရန်ကြိုးစား
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း မူလလွန်ကျောင်းအုပ်၏ အမျိုးသားသည် အသက် ၁၂ နှစ် အရွယ် ကျောင်းသူကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း မိုင်းကိုင်ဒေသခံများပြောပြချက်အရသိရသည်။ မိုင်းကိုင်မြို့နယ် ခေးအုံအွေ ကျေးရွာတွင် တာဝန်ကျ ကျောင်းအုပ်ဆရာမကြီး သည် နေမကောင်းသဖြင့် ကျောင်းသူကျောင်းသားများ အားနည်းနေသေးသည့် သင်ခန်းစာများအတွက် ဆရာမ၏နေအိမ်သို့အချိန်ပို...
၂၁၁၄ ခုသျှမ်းနှစ်သစ်ကူးပွဲတော် ကို ဧည့်သည်တော် ၁ သောင်းခန့်တက်ရောက်မည်
သျှမ်းသက္ကရာဇ် ၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို အဝါရောင် သျှမ်းဝတ်စုံများ ဝတ်ဆင်ကာ ရပ်နီးရပ်ဝေးမှဧည့်သည်တော်များ တက်ရောက်ကြသည်။ ၂၁၁၄ ခုနှစ်ရောက်တော့မည်ဖြစ်သော သျှမ်းသက္ကရာဇ်သစ်ကို စုပေါင်းကြိုဆိုသည့်ပွဲတော် ၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ ရက်ထိ တောင်ကြီးမြို့ တွင် စည်ကား...
လဲချားမြို့နယ် ကျောက်မီးသွေး တူးဖော်မှုကြောင့် စိုက်ပျိုးရေ ခက်ခဲနေ
သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းကြောင့် ဒေသခံများ စိုက်ပျိုးရေးအတွက်အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ လွိုင်ဂျယ်နဂါး ကုမ္ပဏီက လဲချားမြို့နယ် နမ့်လင်းကျေးရွာ တွင် ကျောက်မီးသွေး တူးဖော်နေသည်မှာ ၂၀၁၆ ခုနှစ်ကတည်းကဖြစ်ပြီး တူးဖော်ခွင့်ကို ၂၀၂၆ ခုနှစ်အထိ ၁၀နှစ် သက်တမ်းပေးထားကြောင်းသိရသည်။ ထိုသို့ ကျောက်မီးသွေး...





