မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားကား ချောက်ထဲကျ ၂ဦးသေ

0

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် တုံတာမြို့ အနီးရှိ ချောက်ထဲသို့ မဟာဓာတ်အားလိုင်းသွယ်တန်းသည့် အလုပ်သမား ၃၀ ဦး စီးလာသည့် ဒိုင်းနာကား  ထိုးကျသွားရာ ၂ ဦးသေဆုံးကြောင်း  သိရသည်။

ချောက်ထဲကျသွားသော မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားများကယ်ထုတ်နေစဉ် ( ဓာတ်ပုံ Sai Nge)

ဇွန်လ ၄ ရက် ယနေ့မနက် ၁၁နာရီခွဲ က မဟာဓာတ်အားလိုင်း သွယ်တန်းသည့် အလုပ်သမား ၃၀ ဉီးစီးနင်းလိုက်ပါလာသည့် ဒိုင်နာကားသည် တုံတာမြို့အဝင် ပေ ၅၀ ရှိသည့် ချောက်ထဲသို့  ထိုးကျသွားရာ  ၂ဦးသေဆုံးပြီး၊  ၈ ဦးဒဏ်ရာပြင်းထန်ကြောင်း  လူမှုကူညီရေး အသင်း မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ ကား ချောက်ထဲကျသွားလို့  ၁၀ ယောက် ဒဏ်ရာ အပြင်းအထန် ရတယ် ကျိုင်းတုံ ဆေးရုံပို့လိုက်တယ်။ အဲ့ထဲမှာ ၂ ဦးဆုံးသွားတယ်။  ကျန် တဲ့သူတွေကတော့ အနည်းငယ်စီ ထိခိုက်တယ်။ မိုင်းပျဉ်း ဆေးရုံကို ပို့ထားတယ်” ဟု ၎င်း ကပြောသည်။

  ကားဘရိတ်ပေါက် သဖြင့် ချောက်ထဲထိုးကျသွားခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်သူများကပြောသည် ။

ထို ကားချောက်ထဲသို့ ကျသွားသူများကို တုံတာ လူမှုကူညီရေး အသင်း နှင့် တပ်မတော်တို့က သွားရောက် ကယ်ထုတ်ခဲ့ကြောင်းသိရသည်။

လွန်ခဲ့သည့် မေ ၁၂ ရက် ကလည်း မိုင်းပျဉ်း မြို့နယ် အတွင်း ခရီးသည် ယာဉ် အသေး တစီးသည် ချောက်ထဲကျကာ ခရီးသည် ၅ ဦး သေဆုံးခဲ့သည်။

Leave a Comments

SHARE