ကျိုင်းတုံမြို့နယ် တာပင်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီမှ ပြန်ဖွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နှင့် မိုင်းလားမြို့နယ်အစပ်ရှိ တာပင်းစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဖက်မှ (၄) နှစ်ကြာပိတ်ထားခဲ့ပြီး အာဏာသိမ်းပြီး (၇) လအကြာ ယမန့်နေ စက်တင်ဘာ (၁၆) ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ကျိုင်းတုံမြို့ ဒေသခံ ပြည်သူတဦးက ပြောသည်။

“ ဟုတ်ပါတယ်။ မနေ့က ပြန်ဖွင့်ပေးခဲ့တာ။ ဖွင့်ပေးတယ်ဆိုပေမဲ့ သွားလာလို့ရမလားတော့မသိသေးဘူး။ အခုက ကိုဗစ် ကာလဆိုတော့ မိုင်းလားဘက် က ပေးဝင်မလာတော့မသိဘူး။ ကုန်တင်ကားတွေဆိုရင်တော့ အဲမှာ ကုန်ပစ္စည်းကိုလှဲ ပြီးတော့ပဲ မိုင်းလားဘက် ပေးသွားတယ်” ဟု ကျိုင်းတုံမြို့ ဒေသခံ တဦးက ပြောသည်။

တာပင်းဂိတ်ပိတ်ထားစဉ် ကျိုင်းတုံမှ မိုင်းလားကို သွားချင်ပါက မိုင်းခတ်၊ မိုင်းယန်း ဘက်မှ ပတ်ပြီး သွားရပြီး ကားစရိတ်၊ ခရီးစရိတ် အချိန်ကုန်ကြောင်း၊ တာပင်းဂိတ်ကို ပိတ်ထားခြင်းသည် ကျိုင်းတုံမြို့ ဒေသခံပြည်သူများ၏ ရှာဖွေစားသောက်ရာတွင် ခက်ခဲမှုများစွာရှိခဲ့ကြောင်း ကျိုင်းတုံမြို့ ကုန်သွယ်ရေးသမားတဦးက ပြောသည်။

“သူတို့အခု ကျိုင်းတုံ – မိုင်းလား တာပင်းဂိတ်ကို ပြန်ဖွင့်ပေးလိုက်တာ အရင်ကထက် ကုန်ကျစရိတ်တွေသက်သာလာမယ်။ ကုန်သွယ်သွားလာမှုလည်း အရင်ထက်ပိုကောင်းလာနိုင်တာပေါ့။ ကုန်သွယ်ပစ္စည်းပို့ခလည်း အများကြီးမကုန်တော့ဘူး။” ဟု ကျိုင်းတုံ -မိုင်းလား ကုန်သွယ်ရေးပြုလုပ်နေသည့် အမျိုးသားတဦးက ပြောသည်။

ထို တာပင်းစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီမှ အကြောင်းမဲ့ ပိတ်ပင်ခဲ့ပြီး လက်ရှိ စစ်အာဏာသိမ်းပြီး (၇) လကြာမှ ပြန်လည်ဖွင့်ပေးခဲ့ခြင်းသည် စဉ်းစားစရာဖြစ်ကြောင်း ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

“ သူတို့ပြန်ဖွင့်ပေးတာတော့ ကောင်းပါတယ်။ ကြည့်မယ်ဆိုရင် စစ်ကောင်စီဘက်ကနေ မျက်နှာသာ၊ အမှတ်လိုချင်လို့ ပြန်ဖွင့်ပေးတာလည်းဖြစ်နိုင်တယ်။ သူတို့ ၂၀၁၇ ကတည်းက ပိတ်ထားတာ။ ဘာပြသာနာမှ မရှိဘူး။ NLD အစိုးရလက်ထက်လည်း ဘာပြသာနာမှမရှိဘူး။ အရင်ကတည်းက သူတို့မဖွင့်ပေးချင်တာ။ သူတို့အခုပြန်ဖွင့်ပေးတာ မျက်နှာသာလိုချင်လို့ ပြန်ဖွင့်ပေးတာပဲ”ဟု ကျိုင်းတုံမြို့တွင်း လှုပ်ရှားနေသည့် အမျိုးသားတဦးက ပြောသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ ဝ တပ်ဖွဲ့ UWSA မှ စစ်အင်းအာအပြည့်ဖြင့် မိုင်းလား ကျိုင်းတုံ နယ်စပ်ဖက်တွင် လုံခြုံရေးအရ တပ်စခန်းများကို ချခဲ့ပြီး ထိုနောက် အောက်တိုဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ တာပင်း စစ်ဆေးရေးဂိတ်ကို ပိတ်ချခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...