အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်

ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် တွင် အစိုးရတပ် နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA တို့ ယနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by Tai Freedom/ Facebook

ဇွန် ၃ ရက် ယနေ့မနက်ပိုင်းက မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် အတွင်း အမှတ်၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် တို့ ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်တော်( RCSS/SSA) ယာယီတပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲကတော့ မနက် ၈နာရီ ကနေ ၁၀နာရီထိဖြစ်သွားတယ်။ တပ်နဲ့ နယ်ခြားစောင့် တပ် ပူးပေါင်းပြီး ကျနော်တို့ တပ်စခန်း ရှိတဲ့နေရာကို ပစ်တာပါ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဗိုလ်မှူး ခမ်းစံ ကဆိုသည်။

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် တို့ ပူးပေါင်းပြီး စစ်အင်အား ၁၀၀ တို့သည် မော်တာ ၆၀ မမ၊ M 79 ၊တို့ဖြင့် RCSS/SSA၏ ယာယီတပ်စခန်းကို ပစ်ခတ်ကြောင်း သိရသည်။

လက်ရှိမှာ အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်အင်အားများ ဖြည့်နေမှုကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဧပြီလကလည်း RCSS/SSAနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ၂ဖက် ထိန်းသိမ်းနေထိုင်သွားမည် ဟုလည်း နှုတ်ကတိများ အပြန်အလှန်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလ အတွင်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုထားကြသည်။

ထို့ပြင် အစိုးရ တပ်မတော် ဘက်မှလည်း အကြမ်းဖက် ဟု ကြေညာထားသည့် အဖွဲ့အစည်းရှိသည့်နေရာ မှ အပ ကျန် နယ်မြေများတွင် မေ ၁၀ရက်မှ သြဂုတ် ၃၁ရက် ထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလ အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာချက် ထုတ်ခဲ့သေးသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...