Thursday, April 25, 2024

တောင်ကြီးမြို့နယ် Quarantine စခန်းများတွင် ထိုင်းပြည်တော်ပြန် ၆၀၀ကျော်ရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ Quarantine စခန်းများတွင် ထိုင်းပြည်တော်ပြန် ၆၀၀ ကျော်  ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by Win Naing Soe/ Facebook

၄င်းတို့သည် ထိုင်း – မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြပြီး သျှမ်းပြည်အတွင်း နေရပ်အသီးသီးသို့ ပြန်မည့်သူများကို တောင်ကြီး မြို့ နယ်အတွင်းရှိ Quarantine  စခန်းများတွင် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့ကို ပိုးစစ်ပြီးမှ ဘယ်နရက် ထားမယ်ဆိုတာ ပြောလို့ရပါမယ်။ လောလောဆယ်တော့ ၁၀ ရက်လောက် ထားမယ်လို့ ခန့်မှန်းထားပါတယ်။” ဟု စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က ပြောသည်။

မေလ ၂၇ ရက်မှ ဇွန် ၃ ရက်နေ့ထိ တောင်ကြီးတွင် ပြည်တော်ပြန် ၆၀၀ ကျော် ရောက်ရှိထားကြောင်း သိရသည်။

“Quarantine ဝင်တဲ့သူ အားလုံးကို ဓါတ်ခွဲနမူနာ စစ်မယ်။ တစ်ချို့တစ်ဝက် စစ်ပြီးတာလဲ ရှိပါတယ်။ နေ့စဉ် ဝင်လာပါတယ်။ ၂၀၀၀ ကျော် ဝင်လာမယ်လို့ သိရပါတယ်” ဟု ကိုဝင်းနိုင်စိုး ကပြောသည်။

ထိုင်းပြည်တော်ပြန်များသည် တောင်ကြီးမြို့နယ်ရှိ မိုးကုတ်ဝိပဿနာ ရိပ်သာ၊ ညောင်ရွှေ တည်းခိုရေး စခန်း၊ ပင်းတယမြို့ရှိ မိုးကုတ်ဝိပဿနာ၊ ညောင်ရွှေမြို့နယ် သက်မွေး သင်တန်းကျောင်း၊ ညောင်ရွှေမြို့ရှိ ခေတ်ဆန်းယဉ် ၊ ကလောမြို့နယ် ဟဲဟိုးမြို့စိုက် သိပ္ပံကျောင်း၊ တောင်ကြီး ကွန်ဗျူတာ တက္ကသိုလ် တို့ တွင်ထားရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article