Friday, April 19, 2024

တောင်ကြီးတွင် ဆိုင်ကယ်မီးဖွင့်မောင်းရန် ပညာပေး

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ မီးပွိုင့်တိုင်းတွင် မော်တော်ဆိုင်ကယ်များ ရှေ့မီး အနိမ့် ကို နေ့ / ည အချိန်တိုင်း ဖွင့်ပြီး မောင်းနှင်စေရေးအတွက် ယာဉ်ထိန်းရဲများ ပညာပေး ဆောင်ရွက်နေကြောင်းသိရသည်။

Photo by SHAN

ယနေ့ ဇွန်  ၄ ရက်  တောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် တွင် ဆိုင်ကယ်များ ရှေ့မီးဖွင့်ရန် ယာဉ်ထိန်းရဲများက စပီကာဖြင့်  ပညာပေး ပြောဆိုဆောင်ရွက်နေကြောင်းသိရသည်။

“ဥပဒေ သစ် ထပ် ထွက် လာပြီ။ မီးမဖွင့် ရင် ဒဏ်ငွေ သုံးသောင်း ဆောင်ရမယ်လို့ ယာဉ်ထိန်းရဲတွေက ပြောတယ်” ဟု တောင်ကြီးဒေသခံ စိုင်းလောဝ် ကပြောသည်။

မေ ၂၆ ရက်နေ့က နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် ပါရှိကြောင်း သိရသည်။

“ဇွန် ၂ ရက်နေ့ကစပြီး ကျနော်တို့ ဆိုင်ကယ် မီးဖွင့်မောင်းဖို့ အတွက် ပညာပေးတွေ လုပ်တယ်။ လက်ကမ်းစာစောင်တွေ ဝေ ပါတယ်” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး ( သျှမ်း/တောင်) ရဲမှူးထွန်းနိုင်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် နှင့် မော်တော်ဆိုင်ကယ်များမှာ ပုဒ်မ – (၇၆)(ခ) အရ မော်တော်ဆိုင်ကယ်မောင်းနှင်သူများဟာ ဆိုင်ကယ်အရှေ့ အောက်မီး အနိမ့်ကို နေရော ညပါ ဖွင့်လှစ် မောင်းနှင် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article