တောင်ကြီး စျေးဆိုင်ခန်း အလှည့်ကျ စနစ် ဖွင့်သည်ကို စျေးသည်များအဆင်မပြေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မဈေးကြီးတွင် ယခုပြုလုပ်နေသော ဆိုင်ခန်းများ အလှည့်ကျဖွင့်လှစ်ရောင်းချမှုစနစ်မှာ အဆင်မပြေကြောင်း တောင်ကြီးမြို့မဈေးမှ စျေးသည်များက ပြောသည်။

Photo by SHAN

ကိုဗစ် – ၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက်  ၂ လကြာပိတ်ထားသည့် တောင်ကြီးမြို့မဈေးသည် ဇွန်လ ၁ ရက်ကစပြီးအလှည့်ကျစနစ်ဖြင့် ဈေးပြန် ဖွင့်ရောင်းရန် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။

“ အလှည့်ကျစနစ်နဲ့ ဖွင့်ရတာ အဆင်မပြေဘူး။ နေ့တိုင်းထွက်ချင်တယ်” ဟု တောင်ကြီးမြို့မဈေးမှ အထည်ဆိုင်ရှင် မမျိုး က ပြောသည်။

ဆိုင်ခန်းကို အလှည့်ကျစနစ်ထက် နေ့စဉ် ဖွင့်လှစ်ရောင်းချချင်ကြောင်း၊ နှာခေါင်းစည်း (Mask) ၊လက်အိတ် နှင့် လက်ဆေးရည် အစုံထားရှိကာ စည်းကမ်းတကျ လုပ်ဆောင် ပေးပါက အဆင်ပြေနိုင်ကြောင်း မမျိုး ကပြောသည်။

Photo by SHAN

“ ဆိုင်တိုင်း ပေးဖွင့်လိုက် ပြီးရင် mask၊ လက်အိတ် နဲ့ လက်ဆေးရည် နဲ့ အစုံ စည်းကမ်းရှိရှိနဲ့ ဆိုရင် ဖြစ်ပါတယ်။ ရန်ကုန် မန္တလေးက ဒီပုံစံ မဟုတ်ဘူး တောင်ကြီး တစ်ခုတည်းပဲ ဒီပုံစံ အဆင်မပြေဘူး” ဟု မမျိုးက ဆိုသည်။

တောင်ကြီး စည်ပင်သာယာရေး ကော်မတီ က  တောင်ကြီး မြို့မဈေးအတွင်း  စျေးသည်များကို ဆိုင်ခန်းအလှည့်ကျဖွင့်လှစ် ရောင်းစေပြီး၊ စျေး၀င်ခွင့် ၂ ပေါက် သာ ထားပေးရာ စျေးသုံးသူများကိုလည်း နှာခေါင်းစည်း တပ်စေကာ အပူချိန်တိုင်းတာပေးပြီးမှ စျေး၀င်သုံးခွင့်ပေးကြောင်း  သိရသည်။

သို့သော် ဈေးသုံးသူများသည် အဝင်တံခါးဂိတ်တွင်သာနှာခေါင်းစည်း Mask  တပ်ကြပြီး ဈေးထဲရောက်ပါက Mask များချွတ်ပစ်ကြကြောင်း  ဈေးသည်များ က ပြောသည်။

“လူမစည်ဘူး။ လာတော့ ထွက်တယ် မရောင်းရဘူး။ စည်းကမ်းလုပ်တာတော့ မှန်တယ်။ ဝင်ဝင်ချင်းတော့ mask တပ်တယ်။ ဈေးထဲ ရောက်တော့ နှာခေါင်းစည်း ဖြုတ်တဲ့ သူက ဖြုတ်၊ စည်းကမ်းမရှိသလို ဖြစ်နေတယ်” ဟု မမျိုးက ထပ်လောင်းပြောသည်။

ဈေးဆိုင်ခန်း ဖွင့်ခွင့် ရှိသော်လည်း အဝင်အထွက် နည်းပြီး ရောင်းအား ကျဆင်းကြောင်း ဈေးသည် များက ပြောကြသည်။

“အဆင်မပြေဘူး။ ပိတ်ထားတာလဲ ၂ လလောက်ရှိပြီ အဲ့ ၂ လ အတွင်းမှာ သုံးတာတွေ ဘာတွေဆိုတော့ ပိုက်ဆံက လိုပြီ။ ဖောက်သည်တွေ နဲ့လည်း ကင်းကွာနေပြီ” ဟု ကိုဆန်းဝင်း က ပြောကြသည်။

ဇွန် ၁ ရက်နေ့မှ စပြီး ဈေးဆိုင်များ ၊ မော်တော်ယာဉ်လိုင်းများ ၊ စားသောက်ဆိုင်များ၊ ဟော်တယ်များ ကို သျှမ်းပြည်အစိုးရ ၏ စည်းကမ်းချက် နှင့် အညီ ဖွင့်လှစ်ဖွင့် ပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...