Thursday, May 2, 2024

သျှမ်းပြည် ကိုဗစ် -၁၉ လူနာ ၂ဦးတိုး

Must read

ကိုဗစ် – ၁၉ အတည်ပြုလူနာ ၄ ဦး တွင် သျှမ်းပြည် ၂ဦး ပါဝင်ကြောင်း ယနေ့ ည ၈နာရီ တွင် ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။


တရုတ်ပြည် မှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများပုံ (ဓာတ်ပုံ Nan Mwe Hlaing/ Facebook)

အဆိုပါ သျှမ်းပြည် ကိုဗစ် -၁၉ အတည်ပြု လူနာ ၂ ဦးသည် သျှမ်းပြည်တောင်ပိုင်း ရွာငံ တွင်နေထိုင် သူတဦး နှင့် သျှမ်းပြည် မြောက်ပိုင်း မူဆယ်တွင် နေထိုင်သူ တဦးဖြစ်ကြောင်းသိရသည်။

ရွာငံမှ  ကိုဗစ်-၁၉ လူနာသည် အသက် ၃၁ နှစ် အရွယ် အမျိုးသားတဦးဖြစ်ပြီး၊ သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့  က ကုိဗစ် ၁၉ လူနာမှာမူ အသက် ၃၀ အရွယ် အမျိုးသမီး တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ရွာငံမြို့နယ် က တရုတ်ပြန် ၁ ဦးက Positive ဖြစ်ပါတယ်။ ကျန်တဲ့ ၃၃၅ ဦး စလုံးက Negative” ဟု ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ က ပြောသည်။

မေ ၃၀ရက်တွင် သျှမ်းပြည် တောင်ပိုင်း Quarantine Center များမှ ဓါတ်ခွဲနမူနာ (၃၃၆) ဦး ကို ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း ကို ပို့ဆောင်ခဲ့သည်။

လူနာ အမှတ် (၂၃၀) သည် တရုတ်ပြည်တော်ပြန်ဖြစ်ပြီး  ရွာငံမြို့ပေါ်ရှိ မူလွန်ကျောင်းတွင် Quarantine ဝင်ထားသူ ဖြစ်ကြောင်း သိရသည်။

“ မနက်ဖန်မှ ရွာငံက ကိုဗစ်-၁၉ လူနာကို တောင်ကြီးရွှေ့မယ်” ဟု ဒေါက်တာ နှင်းအိဖြူ က ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းက တွေ့ရှိသည့် လူနာ အမှတ် (၂၃၁) သည် ပြည်ပသို့ ခရီးသွား ရာဇာဝင် မရှိ သလို အတည်ပြု လူနာ နှင့်လည်း ထိတွေ့ မှု မရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

၄င်းသည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင်နေထိုင်သူ တဦးဖြစ်ပြီး မုံးပေါ် ဒေသ တွင် တာဝန်ကျသည့် ကျန်းမာရေး ဝန်ထမ်း တဦးလည်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြု လူနာ ၂၃၂ ဦးရှိရာ ပြန်လည် သက်သာလာသူ ၁၄၃ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရမှု လျော့ကျလာသည့် အတွက် ဇွန် ၁ရက်မှ စတင်ကာ သျှမ်းပြည် အတွင်းရှိ မြို့မဈေးများ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article